Myanmar Idol ပြိုင်ပွဲကြီးက ကံကောင်းခြင်းတွေ ပေးတယ်ဆိုတဲ့ ထက်အဉ္ဇလီ

ပရိသတ်တွေကြား အပြုံးချိုချိုလေးတွေနဲ့ သီချင်းတွေကို တန်ဆာဆင်ပြီး သီဆိုကာ ပရိသတ်တွေရဲ့အသည်းနှလုံးကို သိမ်းပိုက်ထားတဲ့ Myanmar Idol ပြိုင်ပွဲဝင်ဖြစ်တဲ့ ထက်အဉ္ဇလီကတော့ “Myanmar Idol Season 4 ဝင်ပြိုင်လိုက်မိတာ ထက်အတွက် ကံကောင်းခြင်းတွေ တခုပြီး တစ်ခု ရောက်လာစေပါ တယ်။ (၄)တန်းကတည်းက ခွဲခွာနေခဲ့ရတဲ့ ပါပါးနဲ့လဲ မထင်မှတ်ပဲ ပြန်လည် ဆုံစည်းခွင့်ရလာခဲ့ပါတယ်။Myanmar Idol က တာဝန်ရှိသူများ တဦးတစ်ယောက်ချင်းစီကို ကျေးဇူး အထူး အများကြီး တင်ရပါတယ်။” လို့ သူရဲ့ လူမှုကွန်ရက်မှ Myanmar Idol က တာဝန်ရှိသူများကို ကျေးဇူးတင်စကားဆိုထားပါတယ်။

maxresdefault.jpg (1280×720)

ထက်အဉ္ဇလီတစ်ယောက် ဟာ သူ့ဖခင်ဖြစ်သူကို ဆက်သွယ်ဖို့ပြောဖြစ်ခဲ့ပုံကို “မထင်မှတ်ဘဲ အင်တာဗျူး ဖြေနေတုန်းလေး မိသားစု အကြောင်းလေးကို မေးပေးတာကနေ ရုတ်တရက် ထက် အရမ်း ဝမ်းနည်းလာတာရယ် တခြားသူတွေရဲ့ မိဘ တွေကို မြင်တွေ့နေရတာရယ် ပါပါးကို အရမ်းသတိရနေတဲ့ စိတ်တွေကြောင့် အကြောင်းကြောင်းကြောင့်ပေါင်းပြီး မျက်ရည်ကျမိခါ. ပါပါးကို. ဒီကနေ ဆက်သွယ်ပေးဖို့ ပြောမိဖြေမိသွားရာက တဆင့် အခုလို ပြန်လည်ဆက်သွယ် ဆုံစည်းခွင့်ရခဲ့ခြင်းကြောင့် အရမ်းပျော်ရပါတယ်” လို့ ပြောပြထားပါတယ်။

ထက်အဉ္ဇလီကတော့ Myanmar Idol Season (4) ရဲ့Top (8)အထိရောက်ရှိနေပြီးလည်းဖြစ်ပါတယ်။ပရိသတ်ကြီးရေ ထက်အဉ္ဇလီတစ်ယောက်ဟာ Myanmar Idol ပြိုင်ပွဲကြီးကပေးတဲ့ ကံကောင်းခြင်းတွေကို ရရှိနေပါပြီနော်။

Facebook Comments

Burmese News