မင်းသမီးကြီး ခင်သန်းနုတို့ခေတ်ကလို ဗမာသူ ညိုချောလေးအသွင်မြင်တွေ့ရပြန်တဲ့ ဖြူဖြူကျော်သိန်း

Myanmar Idol Season 4 ပြိုင်ပွဲကြီးရဲ့ ဒိုင်တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်နေတဲ့ ဒိတ်ဒိတ်ကြဲအဆိုတော်တစ်ဦးဖြစ်တဲ့ ဖြူဖြူကျော်သိန်းကတော့ ပရိသတ်တွေရဲ့ အမြင်အာရုံကို ဖမ်းစားနိုင်လွန်းတဲ့ သူတစ်ယောက်ပါ။ ပရိသတ်တွေရဲ့ အားပေးမှုတွေပြင်းထန်နေတဲ့ Myanmar Idol Season 4 ပြိုင်ပွဲကြီးက ယခုဆိုရင်တဖြည်းဖြည်းနဲ့ ဇာတ်ရှိန်တွေတက်သည်ထက် တက် လာပါပြီနော်။

ပရိသတ်တွေအာရုံစိုက်ခံရမှုအရမ်းများတဲ့ Myanmar Idol Season 4 ပြိုင်ပွဲကြီးမှာ ဒိုင်တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်နေတဲ့ ဖြူဖြူရဲ့ တစ်ပတ်တစ်မျိုးမရိုးရတဲ့ အမိုက်စားဖက်ရှင်တွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်ချက်ကတော့ လက်ဖျားခါလောက်ပါတယ်။ ဖြူဖြူဆိုတာနဲ့ သူများတဲ့ မတူတဲ့ ဖက်ရှင်ဒီဇိုင်းတွေနဲ့ အသံပါဝါအားကောင်းလွန်းတဲ့ အဆိုတော်တစ်ဦးအဖြစ် တစ်နိုင်ငံလုံးနီးပါးက ပရိသတ်တွေသိကြမှာပါ။

ပြီးခဲ့တဲ့အပတ်တွေတုန်းက ဖြူဖြူရဲ့ ကယန်းပုံစံဝတ်စုံလေးတွေကြောင့် ပရိသတ်တွေကြားမှာ အချစ်တွေပိုပြီး အသည်းယားစရာဖြစ်ခဲ့ရသလို ယခုတစ်ပတ်မှာလည်း မင်းသမီးချော ခင်သန်းနုတို့ ခေတ်တုန်းကလို့ အပြင်အဆင်ပုံစံလေးနဲ့ ညိုချောလေး ချောနေတဲ့ ဗမာမလေး တစ်ယောက်အဖြစ် ဖြူဖြူ့ကို မြင်တွေ့ရမှာပါ။ပရိသတ်ကြီးလည်း ဖြူဖြူ့ရဲ့ ပုံရိပ်လေးတွေကို ကြည့်ရင်း တစ်ခတ်တစ်ခါက အချိန်တွေကို ပြန်လည်သတိရစေဖို့အတွက် လှကညာလေး ဖြူဖြူရဲ့ ပုံလေးကို ဝေမျှပေးလိုက်ပါတယ်‌‌နော်။

Source:Phyu Phyu Kyaw Thein,CRD-Cele Gabar

Facebook Comments

Burmese News