ကမ္ဘာမှာ မြန်မာဟေ့လို့ ကြွေးကြော်နိုင်အောင် ဂုဏ်တင်ပေးလိုက်တဲ့ သမီးငယ်လေး

ကမ္ဘာမှာ မြန်မာဟေ့လို့ ကြွေးကြော်နိုင်အောင် ဂုဏ်တင်ပေးလိုက်တဲ့ သမီးငယ်လေး။ ကျွန်တော်တို့နိုင်ငံမှာ အခုနောက်ပိုင်းကမ္ဘာနဲ့ချီပြီးထူးချွန်သူမြောက်များစွာပေါ်ထွက်လာခဲ့ပါတယ် ။အောင်လအန်ဆန်းတို့၊သက်ထားသူဇာတို့လိုအားကစားနယ်ပယ်မှာကမ္ဘာမှာမြန်မာဟေ့လို့လက်မထောင်ပြီးနိုင်ငံ့အလံကိုလွှင့်ထူနေသလို၊ဉာဏ်ရည်ပိုင်းယှဉ်တဲ့အခါမှာလဲလွန်ခဲ့တဲ့လေးနှစ်လောက်ကကမ္ဘာစစ်တုရင်ချန်ပီယံကလည်းမြန်မာလူမျိုး၊မြန်မာနိုင်ငံသားပါပဲ။

စိတ်မကောင်းစရာတစ်ခုကအထက်ပါထူးချွန်သူအားလုံးဟာအစိုးရရဲ့ထောက်ပံ့မှု့နိုင်ငံတော်ရဲ့ထောက်ပံ့မှု့ဆိုတာမရှိပဲကိုယ့်ဒူးကိုယ်ချွန်ကာကျော်ကြားလာခဲ့တာပါ။ယနေ့ခေတ်Social Medaiတွေကြောင့်လူသိများလာပြီး၊ဝေဖန်မှု့တွေရှိလာတာကြောင့်အစိုးရကထောက်ပံ့မှု့အနည်းငယ်လုပ်လာတာတွေ့ရပါတယ်။ ဒါတောင်စာရေးသူအမြင်နဲ့ပြောရရင်တော့ မကောင်းတတ်လို့ပါ။နိုင်ငံတော်ပြုပြင်ပြောင်းလဲေးကာလတွေမှာဟက်ချလောင်းဆိုပြောင်းလဲလို့မရပေမယ့်လူတစ်ဦးချင်းဆီရဲ့စိတ်ဓာတ်ကိုမြှင့်တင်ပေးဖို့လဲလိုပါတယ်။

uzedu-19-07-2019.jpg (600×400)

အခုပြောပြမှာကလည်းဒီသဘောပါပဲ။မုံရွာ မှ ကလေးငယ်မလေး လူ မသိ သူမသိ ကိုရီးယား မှာသင်္ချာအိုလံပစ်သွားဖြေခဲ့တယ်နိုင်ငံတကာကျောင်းသားသူးပေါင်း 2400 ကျော်လာဖြေခဲ့တာမှာ သူက အဆင့် 4 ချိတ်ခဲ့ပါတယ်။ သူ့ကိုခင်ဗျားတို့ လက်ခုပ်သြဘာ မပေးနိုင်ကြဘူးလား။မကြိုဆိုပေးနိုင်ကြဘူးလား ကမ္ဘာမှာမြန်မာဟေ့နော်လို့ သိရအောင် သူလဲသူ့အစွမ်းနဲ့ ကြိုးစားယှဉ်ပြိုင်ပေးခဲ့ပါတယ်။

Credit -> Shwe Mann

Facebook Comments

Burmese News