နေမကောင်းတဲ့ကလေးတွေကြောင့် အလုပ်လုပ်ရတာစိတ်မဖြောင့်ဘဲ Video call နဲ့အလွမ်းသယ်နေရတဲ့ ခိုင်နှင်းဝေ

ပြည်သူချစ်မင်းသမီးတစ်ယောက်ဖြစ်တဲ့ ခိုင်နှင်းဝေကတော့ လက်ရှိမှာ ပရဟိတအလုပ်တွေနဲ့ အများအကျိုးကို ထမ်းဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် ခိုင်နှင်းဝေဟာ မိဘမဲ့ကလေးများအတွက်လည်း ဂေဟာတစ်ခုဖွင့်လှစ်ပေးထားတာပြီး ရင်အုပ်မကွာစောင့်ရှောက်နေသူတစ်ယောက်လည်းဖြစ်ပါတယ်။ မွန်မြတ်လှတဲ့စေတနာနဲ့ လုပ်ရပ်ကြောင့် ပရိသတ်တွေလေးစားချစ်ခင်နေရသူတစ်ယောက်ဆိုလည်း မမှားပါဘူး။

ပရဟိတအလုပ်တွေအပြင် အနုပညာအလုပ်တွေပါ ပြန်လုပ်လာပြီဖြစ်တဲ့ ခိုင်နှင်းဝေဟာ မကြာခဏဆိုသလို ခရီးထွက်နေရတာဖြစ်ပြီး အလုပ်တွေနဲ့မအားလပ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အဲ့လိုအချိန်မျိုးမှာ သူချစ်ရတဲ့သားလေးတွေ၊သမီးလေးတွေနဲ့ ခွဲနေရတဲ့အတွက် အမြဲအလွမ်းသယ်ကာ ဖုန်းဆက်အကျိုးအကြောင်းမေးလေ့ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ကိုယ်တိုင်ရင်နဲ့လွယ်ပြီးမွေးထားတဲ့ ကလေးတွေမဟုတ်ပေမယ့် မိခင်စိတ်အပြည့်နဲ့ ချစ်ခင်ပြုစုစောင့်ရှောက်သူတစ်ယောက်ဆိုလည်း မမှားပါဘူး။

ဒီတစ်ခေါက်ခရီးထွက်ချိန်မှာတော့ ကလေးတွေ နေမကောင်းဖြစ်နေလို့ စိတ်မဖြောင့်ဖြစ်နေရတာဖြစ်ပြီး “ မေ့ကလေးလေးတွေရေ မေမေသတိရတယ်နော်…မေမေခရီးသွားနေတုန်း နေမကောင်းဖြစ်နေကြတယ်ဆိုတော့ အလုပ်သာလုပ်နေရတယ် စိတ်မဖြောင့်ဘူး…မေမေ့ကလေးတွေအနား ပြုစုစောင့်ရှောက်ပေးကြတဲ့ Nurseတွေ၊ ၀န်ထမ်းတွေအားလုံးက အရမ်းဂရုစိုက်ကြလို့ မေမေအခုလို အလုပ်လုပ်နိုင်တာ…မေမေပြန်လာတော့မယ်နော်…မပြန်လာသေးခင်တော့ Video call လေးတွေနဲ့ပဲ အလွမ်းသယ်တော့မယ်နော်” ဆိုပြီး ကလေးတွေနဲ့ video call ပြောထားတဲ့ပုံရိပ်လေးတွေနဲ့အတူ သူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာ မျှဝေခဲ့တာဖြစ်ပါတယ်။

Facebook Comments

Burmese Online News