ရန်ကုန်၏ဗိသုကာလက်ရာများကိုလေ့လာရန် မြန်မာနိုင်ငံသို့နောက်တစ်ကြိမ်ပြန်လာမည်ဟု ဖာဒီနန် ဆို

ရန်ကုန်မြို့၏ ဗိသုကာလက်ရာများကိုလေ့လာရန် မြန်မာနိုင်ငံသို့ နောက်တစ်ကြိမ်ပြန်လာမည်ဖြစ်ကြောင်း မန်ချက်စတာယူနိုက်တက် နောက်တန်းကစားသမားဟောင်းရီယိုဖာဒီနန်ကပြောဆိုသည်။

ရန်ကုန်မြို့ရှိ သုဝဏ္ဏဘူမိ Event Park တွင် နိုဝင်ဘာလ (၂၃)ရက်ကကျင်းပသည့် Tiger Street Footall Festival ဗိုလ်လုပွဲသတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်းပြောကြားလိုက်ခြင်း ဖြစ်သည်။

  မြန်မာနိုင်ငံကိုထပ်လာလည်ချင်ပါတယ်။ ဒီတစ်ခါကအချိန်သိပ်မရတဲ့အတွက် သိပ်ပြီးတော့ လေ့လာခွင့်မရခဲ့ပါဘူး။ လမ်းမှာတွေ့ခဲ့တဲ့အတိုင်းပဲ ရွှေတိဂုံဘုရားအပါအဝင် ရွှေတွေနဲ့လုပ်ထားတဲ့အရာတွေကို မြင်တွေ့ခွင်ရခဲ့တယ်။ပထမဆုံးလည်းတွေ့ခဲ့ရတဲ့အတွက် အရမ်းလည်းအံသြမိပါတယ်။ ဗိသုကာလက်ရာတွေကိုလည်း ကြိုက်ပါတယ်။ အချိန်ရတဲ့အခါကျရင် ပြန်လာပါဦးမယ်။ သေချာပေါက်လာခဲ့ပါမယ်” ဟု မန်ချက်စတာယူနိုက်တက် နောက်တန်းကစားသမားဟောင်း ရီယိုဖာဒီနန်က ပြောသည်။

ဖာဒီနန်သည် Tiger ဘီယာမှ ဦးစီးကျင်းပနေသည့် လမ်းပေါ်ဘောလုံးပြိုင်ပွဲ (Street Football Festival)ကို Tiger၏ Brand Ambassador အဖြစ် လာရောက်အားပေးခြင်း ဖြစ်သည်။

၎င်းသည် နိုဝင်ဘာလ (၂၂)ရက်နေ့ညပိုင်းကရောက်ရှိလာခြင်းဖြစ်ကာ မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် လာရောက်ခြင်းဖြစ်သည်။

နိုဝင်ဘာလ (၂၃)ရက် မနက်ပိုင်းကလည်းသရုပ်ဆောင်ထွန်းထွန်းနှင့်အတူရန်ကုန်မြို့အနှံ့ လည်ပတ်ခဲ့ပြီး၊ မြေနီကုန်းဂုံးကျော်တံတားအောက်တွင် ကစားနေသည့် ဘောလုံးကစားသူများနှင့်လည်းတွေ့ဆုံခဲ့သေးသည်။

ယခုကျင်းပသည့် Tiger Street Football Festivalကို မြန်မာတစ်နိုင်ငံလုံးမှ အသင်းပေါင်း (၃၀၀)ကျော် ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ 

Credit ->အကုန်သိ

Facebook Comments

Burmese News