ရွှေပြည်သာမီးဘေးသင့်ပြည်သူတွေကို ငွေသားလှူဒါန်းခဲ့တဲ့ ချစ်သုဝေရဲ့ ပရိသတ်များ

အဆိုတော်၊ သရုပ်ဆောင်၊ ဆရာဝန်၊ ကျန်းမာရေးနှင့် ပညာရေး သံတမန် စတဲ့ အလုပ်တွေကို ဂုဏ်ယူစွာ လုပ်ကိုင်နေတဲ့ ချစ်သုဝေကို ပရိသတ်တွေအားလုံးက ချစ်ခင်ကြတာ ဖြစ်ပါတယ်။ ချစ်သုဝေက များစွာသောအလုပ်တွေကို လုပ်ကိုင်ရင်း အဆိုတော် လင်းလင်းနဲ့အတူတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။

Image may contain: 1 person

Image may contain: one or more people, phone and text

အမြဲတမ်းပြုံးနေပြီး ပျော်ရွှင်လွတ်လပ်စွာနေတတ်တဲ့ ချစ်သုဝေကို ပရိသတ်တွေ တေယ်တော်များများက ချစ်ခင်ကြတာ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း ချစ်သုဝေရဲ့ Fan Group ကနေ ရွှေပြည်သာ မီးဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းခဲ့ကြောင်းကို ချစ်သုဝေက အခုလို ဂုဏ်ယူစွာ ပြောထားပါတယ်။

Image may contain: text

Image may contain: 7 people, people standing

“မင်္ဂလာရှိလိုက်တဲ့မနက်ခင်း🙏 ကိုယ့်ရဲ့ Cb ထဲဝင်လာသော သတင်းလေးနဲ့ပုံလေးတွေ… We love Chit Thu Wai (Treza’s family) ggလေးတွေရဲ့အလှူလေး🙏🙏🙏”

Image may contain: 8 people, people sitting

“အပျိုဘဝတုန်းကတော့ ပရဟိတကိုလူအားရောငွေကြေးအားရော သိပ်ကိုလုပ်နိုင်ကိုင်နိုင်ခဲ့တာ(လုပ်အားလှူရတာ သူတို့တွေနဲ့တွေ့ဆုံခွန်အားပေးရတာကိုက ကိုယ့်အတွက်ကြည်နူးနေရတာ) အခုတော့ ငွေကြေးအလှူတွေလုပ်ပေးနိုင်ပေမယ့် ကိုယ်တိုင်လုပ်အားအလှူတွေနည်းလာတယ်။”

Image may contain: 6 people, people standing and people sitting

Image may contain: 7 people, crowd

“ခုလို ကိုယ်ချစ်ရတဲ့ ကိုယ့်ကိုယ်လည်းသိပ်ချစ်တဲ့ ggလေးတွေ ပရဟိတအလုပ်တွေကိုအားတက်သရော လုပ်ကြတာ စည်းလုံးကြတာမြင်တော့ အရမ်းကိုကျေနပ်ရတယ်။ သူတို့ရဲ့အလှူလေးအတွက်ပီတိဖြစ်ရတယ်🙏❤️I couldn’t be prouder to have fans like you all❤️🙏”ဆိုပြီး ပြောထားပါတယ်။

Image may contain: 6 people, people sitting

ချစ်သုတွေရဲ့ We Love Chit Thu Wa Fan Group လေးကတော့ ချစ်သုဝေမသိခင် အလှူလေးကိုယ်စီလုပ်ပြီး Surprise လုပ်ခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်သုဝေနဲ့ သူမရဲ့ Fan တွေရဲ့ အလှူလေးကိုကြည့်ပြီး သာဓုခေါ်နိုင်ကြပါစေနော်။

Image may contain: 5 people, people sitting

မိုမိုလေး

Facebook Comments

Burmese News