ဝတ်မှုန်ရွှေရည် ပုံတူပန်းချီက မြန်မာငွေ သိန်းပေါင်း ၄၀ ကျော် တန်ဖိုးရှိသတဲ့

ကစ်ကစ်လို့ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ သရုပ်ဆောင် ဝတ်မှုန်ရွှေရည်ဟာဆိုရင် ပရိသတ်ရဲ့ချစ်ခင်မှုကို ရရှိထားသလို ၊သူ့ရဲ့သရုပ်ဆောင်ကောင်းမွန်မှုတွေကြောင့်လည်း အနု ပညာလောကမှာ နေရာရလာတဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။

သူမဟာဆိုရင်ကြင်နာတတ်သူဖြစ်ပြီးတော့ ခင်မင်ဖော်ရွေတတ်သူလည်းဖြစ်ပါတယ်။ သူမဟာ အမြဲတမ်းနီးပါး လှူဒါန်းနေရတာကိုလည်း ဝါသနာပါလှသူဖြစ်ပါတယ်။  ပြီးခဲ့တဲ့ ၂၁ ရက်နေ့ကလည်း ရန်ကုန် Junction Square မှာ သူမရဲ့ ဖန်တွေနဲ့ အတူဖန်မီတင်ပွဲလေးလုပ်ခဲ့ပါတယ်။ ဒီပွဲကိုတော့ တေးသံရှင် နီနီခင်ဇော် ၊ အုပ်စိုးခန့် ၊ သီရိဆွေ နဲ့ Project K အဖွဲ့ကလည်း လာရောက်ဖျော်ဖြေပေးခဲ့တာကိုတွေ့ရပါတယ်။

ဖန်မီတင်လုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကလေးလည်း လှပါတယ်။ သူ့ရဲ့ နောက်ထပ်လှူဒါန်းလိုတဲ့နေရာတွေအတွက် လှူဒါန်းနိုင်ဖို့ကို ကစ်ကစ်ရဲ့ အကြိုက်ဆုံးအရာလေးတွေကို လေလံတင်ရောင်းချပေးခဲ့တာဖြစ်ပါတယ်။

1w5105856137.jpg (1000×881)

ဘာတွေလဲဆိုတော့ ကစ်ရဲ့ ရုပ်ပြောင်ပန်းချီကားလေး ၊ အရမ်းကြိုက်တဲ့ အိတ်လေး ၊ Star award မှာ ဆုရခဲ့တဲ့ ဝတ်စုံလေးတွေကို လေလံတင်ရောင်းချခဲ့တာဖြစ်ပါတယ်။

အဲ့ဒီက ရောင်းရတဲ့ငွေအားလုံးကို လှူဒါန်းသွားမှာဖြစ်တယ်လို့သိရပါတယ်။ ပွဲကိုအောင်မြင်စွာကျင်းပပြီးခဲ့ချိန်မှာတော့ ကစ်ရဲ့ ရုပ်ပြောင်ပန်းချီလေးကို ၄၁ သိန်းအထိ လေလံအောင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီပန်းချီကားလေးရဲ့ ကြမ်းခင်းဈေးကတော့ မြန်မာငွေ ၂ သောင်းနဲ့ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးတော့ အခုလို ၄၁ သိန်းအထိ ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Source : Shwe Mann

Facebook Comments

Burmese News