အားလုံး သူ့လိုမဖြစ်အောင် သတိထားကြဖို့ ကြောက်စရာကောင်းတဲ့ အန္တရာယ်ကို မျှဝေပေးလိုက်တဲ့ ဟန်ထူးဈာန်

အဆိုတော်ဟန်ထူးဈာန်တစ်ယောက်ကတော့ ပရိသတ်တွေသူ့လိုမဖြစ်အောင် သတိထားနိုင်ကြဖို့ သူကြုံတွေ့ခဲ့ရတဲ့ ကြောက်စရာအန္တရာယ်တစ်ခုကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Image may contain: 1 person, sky

Image may contain: 1 person, standing and outdoor

ဟန်ထူးဈာန်က သူ့ရဲ့ ဖေ့ဘုတ်မှာ ” အားလုံးပဲကျွန်တော့်လိုမဖြစ်အောင် သတိထားကြဖို့ပါ ခင်ဗျာ မော်လမြိုင် promotion အပြီးအိမ်ပြန်ရောက်တော့ live လွှင့်ပြီး မှတ်မှတ်ရရ ကြုံခဲ့ရတဲ့ သရဲ အကြောင်းတွေပြောပြတဲ့ည ကအိပ်ပြီး မနက်အိပ်ယာနိုးလာတော့ လည်ပင်းကအရမ်းစပ်ပြီးနာနေလို့ မှန်သွားကြည့်လိုက်တော့ အဲ့လို ဖြစ်နေတာပါ” လို့ပြောခဲ့တာဖြစ်ပါတယ်။

Image may contain: one or more people and closeup

Image may contain: one or more people and closeup

ဟန်ထူးဈာန်က” ဖုန်းကိုအားသွင်းပြီး အိပ်မိတော့ မသိတဲ့အချိန် ဖုန်းကိုဖိများအိပ်မိပြီး ကြာလို့ အပူလောင်တယ်ထင်ပြီး ဆရာခို လိမ်းလိုက်သေးတယ် ညနေလောက်ရောက်တော့ ချက်ချင်းပိုကြီးလာတယ် ဗျ ကူးဆက်ရောဂါလိုပဲ ထိုင်နေရင်းကို ပိုပိုကြီးပြီးပိုပိုစပ်နာလာတာပါ အဲ့ဒါနဲ့ဘာမှန်းမသိလို့ ဆေးခန်းသွားတော့ မီးပိုးကောင် ကိုက်တာ ဖြစ်ဖို့များတယ်တဲ့ ခင်ဗျာ အခု နယ်တွေမှာလည်း အဲ့အကောင်တွေထွက်ပြီး အကိုက်ခံနေရတယ်ဆိုလို့ သတိပေးလိုက်တာပါ အကောင်ကိုက်တာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် တော်တော်ကို မခံနိုင်အောင်နာတာပါ အရမ်းလည်းစပ်ပါတယ် အခုအနာရှိန်နဲ့ဖျားချင်နေလို့ ကျွန်တော်လို့မဖြစ်အောင် သတိတရရေးပေးလိုက်တာပါ အားလုံး ဂရုစိုက်ကြပါခင်ဗျာ” ဆိုပြီး လူမှုကွန်ရက်စာမျက်နှာကနေ ဝေမျှပေးလိုက်တာပါ။

Image may contain: one or more people and closeup

Image may contain: one or more people and closeup

No photo description available.

ဒီရက်ပိုင်းမှာ မီးပိုးကောင်ကိုက်ခံရသူတွေများနေပြီး သရုပ်ဆောင်ပြေတီဦးလည်း အကိုက်ခံခဲ့ရပြီးလည်ပင်းမှာ ပြည်တည်နာတွေအများကြီးပုံစံဖြစ်ခဲ့လို့ အိန္ဒြာကျော်ဇင်တစ်ယောက် ပရိသတ် သတိထားနိုင်ဖို့ အသိပေးခဲ့သေးတာ တွေ့ရပါတယ်။ ကဲ ပရိသတ်ကြီးလည်း မီးပိုးကောင် အကိုက်မခံရအောင် သတိထားလိုက်ကြပါဦးနော်။

Image may contain: 1 person, outdoor

Cele Star

Facebook Comments

Burmese News