အီဂျစ် အင်တာနေရှင်နယ် စီးရီးမှာ ချန်ပီယံ ထပ်ဖြစ်တဲ့ သက်ထားသူဇာ

မြန်မာ့ ဂုဏ်ဆောင် ကြက်တောင်မယ် သက်ထားသူဇာဟာ အီဂျစ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ အီဂျစ် အင်တာနေရှင်နယ် စီးရီးမှာ ချန်ပီယံ ထပ်ဖြစ်ခဲ့ပါတယ်။ ၂၀၁၈ခုနှစ် တုန်းက ချန်ပီယံဖြစ်ခဲ့တဲ့ သက်ထားသူဇာအတွက် ပထမဆုံးအကြိမ် ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့တာပါ။

Image result for အီဂျစ် အင်တာနေရှင်နယ် စီးရီးမှာ ချန်ပီယံ ထပ်ဖြစ်တဲ့ သက်ထားသူဇာ"

လက်ရှိချန်ပီယံ သက်ထားသူဇာဟာ အီဂျစ် အင်တာနေရှင်နယ် စီးရီးမှာ ရှုံးထွက် ၃၂ယောက် အဆင့်မှာ အိမ်ရှင် အီဂျစ် ကြက်တောင်မယ်ကို ၂၁-၄၊ ၂၁-၇မှတ်နဲ့ လွယ်လွယ်ကူကူ နိုင်ခဲ့ပါတယ်။ရှုံးထွက် ၁၆ယောက် အဆင့်မှာတော့ အိန္ဒိယက ရီကီတာ သာကာကို ၂၁-၁၇၊ ၂၄-၂၂မှတ်နဲ့ နိုင်ခဲ့သလို ကွာတားဖိုင်နယ်မှာလည်း အိန္ဒိယကပဲ ကနီကာကို ၂၁-၁၄၊ ၂၁-၁၇မှတ်နဲ့ နိုင်ခဲ့ပါတယ်။ဆီမီးဖိုင်နယ်မှာတော့ ပီရူးက ကြက်တောင်မယ် မာစီယာ့စ်ကို ၂၁-၈၊ ၂၁-၁၃မှတ်နဲ့ လွယ်လွယ်ကူကူနိုင်ခဲ့ပြန်ပါတယ်။ သက်ထားသူဇာဟာ ဖိုင်နယ်မှာတော့ ဝေးလ်စ်က ဆီဒင် ၂ ရတဲ့ ကြက်တောင်မယ် ဂျော်ဒန် ဟတ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ပထမပွဲမှာ ၂၁-၁၆မှတ်နဲ့ အနိုင်ရခဲ့ပြီး ဒုတိယပွဲမှာ ၁၂-၁မှတ်နဲ့ ဦးဆောင်နေချိန် ပြိုင်ဖက် ဖြစ်သူက ဒဏ်ရာကြောင့် အရှုံးပေးခဲ့လို့ ၂နှစ်ဆက် ချန်ပီယံ ဖြစ်ခဲ့တာပါ။

Image result for အီဂျစ် အင်တာနေရှင်နယ် စီးရီးမှာ ချန်ပီယံ ထပ်ဖြစ်တဲ့ သက်ထားသူဇာ"

သက်ထားသူဇာ ဝင်ယောက် ယှဉ်ပြိုင်နေတဲ့ အင်တာနေရှင်နယ် စီးရီး ပြိုင်ပွဲတွေဟာ နိုင်ငံတကာ ကြက်တောင် အဖွဲ့ချုပ်ရဲ့ အဆင့်သတ်မှတ်ချက် ၄နေရာမှာ ရှိတဲ့ ပြိုင်ပွဲတွေ ဖြစ်ပါတယ်။ သက်ထားသူဇာဟာ လာမယ့် ၂၀၂၀ တိုကျို အိုလံပစ် ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖို့ ပြိုင်ပွဲတွေကို ဆက်တိုက် ဝင်ပြိုင်နေတာပါ။သက်ထားသူဇာဟာ ပြီးခဲ့တဲ့နှစ် အီဂျစ် အင်တာနေရှင်နယ် စီးရီး ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ခဲ့ပြီးနောက် အာဖရိကတိုက်မှာ ကျင်းပတဲ့ အင်တာနေရှင်နယ် စီးရီး ၆ခုမှာ ချန်ပီယံဖြစ်ခဲ့ပြီး ကစားသမား သက်တမ်းတစ်လျောက် ၇ကြိမ်မြောက် ရခဲ့တာ ဖြစ်ပါတယ်။

သက်ထားသူဇာဟာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း ဥရောပက ဒိန်းမတ်နိုင်ငံမှာ သွားလောက် လေ့ကျင့်ခဲ့ပြီး သူမရဲ့ အားနည်းချက်တွေကို သေချာ ပြင်ဆင်ထားခဲ့တာ ဖြစ်ပါတယ်။ လာမယ့် တိုကျို အိုလံပစ်ပြိုင်ပွဲမှာ မြန်မာ နိုင်ငံ ကိုယ်စားပြုပြီး ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖို့ ကြိုးစားနေတဲ့ သက်ထားသူဇာ တစ်ယောက် အီဂျစ်က နှစ်နှစ်ဆက် အောင်မြင်မှုနဲ့အတူ နောက်ထပ် ဘယ်လိုတွေ အောင်မြင်လဲ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

atl

သက်ထားသူဇာရဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက် မှတ်တမ်း

၂၀၁၇ နိုဝင်ဘာ – ၈၅၄ အဆင့်၊ ၂၀၁၈ ဇန်နဝါရီ – ၄၁၄ အဆင့်၊ ၂၀၁၈ ဖေဖော်ဝါရီ – ၂၅၇ အဆင့်၊ ၂၀၁၈ မတ် – ၂၂၈ အဆင့်၊ ၂၀၁၈ ဧပြီ – ၂၀၁ အဆင့်၊ ၂၀၁၈ မေ – ၂၀၄ အဆင့်၊ ၂၀၁၈ ဇွန် – ၁၇၆ အဆင့်၊ ၂၀၁၈ ဇူလိုင် – ၁၇၃ အဆင့်၊ ၂၀၁၈ သြဂုတ် – ၁၆၇ အဆင့်၊ ၂၀၁၈ စက်တင်ဘာ – ၁၇၃ အဆင့်၊

Image result for သက်ထားသူဇာ"

၂၀၁၈ အောက်တိုဘာ – ၁၈၀ အဆင့်၊ ၂၀၁၈ နိုဝင်ဘာ – ၁၆၂ အဆင့်၊ ၂၀၁၈ ဒီဇင်ဘာ – ၁၆၃ အဆင့်၊ ၂၀၁၉ ဇန်နဝါရီ – ၁၅၉ အဆင့်၊ ၂၀၁၉ ဖေဖော်ဝါရီ – ၁၅၀ အဆင့်၊ ၂၀၁၉ မတ် – ၁၄၄ အဆင့်၊ ၂၀၁၉ ဧပြီ – ၁၂၆ အဆင့်၊ ၂၀၁၉ မေ – ၁၂၆ အဆင့်၊ ၂၀၁၉ ဇွန် – ၁၁၄ အဆင့်၊ ၂၀၁၉ ဇူလိုင် – ၁၀၁ အဆင့်၊ ၂၀၁၉ သြဂုတ် – ၈၃ အဆင့်၊ ၂၀၁၉ စက်တင်ဘာ – ၇၂ အဆင့်၊ ၂၀၁၉ အောက်တိုဘာ – ၆၅ အဆင့်( ကမ္ဘာ့အဆင့် သတ်မှတ်ချက် အသစ်ကိုတော့ လာမယ့် အင်္ဂါနေ့မှာ ထုတ်ပြန်မှာဖြစ်ပါတယ်။ )

သက်ထားသူဇာ ရရှိခဲ့တဲ့ နိုင်ငံတာက အောင်မြင်မှုများ

(၁) အီဂျစ် အင်တာနေရှင်နယ် စီးရီး – ၂၀၁၈၊ (၂) ယူဂန်ဒါ အင်တာနေရှင်နယ် စီးရီး – ၂၀၁၉၊ (၃) ကင်ညာ အင်တာနေရှင်နယ် စီးရီး – ၂၀၁၉၊ (၄) မော်ရစ်သျှ အင်တာနေရှင်နယ် စီးရီး – ၂၀၁၉၊ (၅) ဘီနင် အင်တာနေရှင်နယ် စီးရီး – ၂၀၁၉၊ (၆) အိုင်ဗရီကို့စ် အင်တာနေရှင်နယ် စီးရီး – ၂၀၁၉၊ (၇) အီဂျစ် အင်တာနေရှင်နယ် စီးရီး – ၂၀၁၉

Source-SM

Facebook Comments

Burmese News