မြန်မာအိုင်ဒေါရဲ့ အောက်တန်းကျမှုကြီး ကို ဖော်ထုတ်လိုက်တဲ့ ပြိုင်ပွဲဝင်ဟောင်း မိုင်းမိုင်းဆန်

ပရိသတ်ကြီးရေ ၊မနေ့ က အိုင်ဒေါရဲ့ ရလာဒ်တွေကြောင့်ပရိသတ်တွေပေါက်ကွဲခဲ့ကြပါတယ် ။ အခုတစ်ခေါက်မှာတော့ အိုင်ဒေါ ပြိုင်ပွဲဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ မိုင်းမိုင်းဆန်ကတော့ အိုင်ဒေါပြိုင်ပွဲကြီးရဲ့ အောက်တန်းကျမှုတစ်ခုကို ပညာသားပါပါပဲ လူမှုကွန်ရက်ပေါ်ကနေ ဖော်ထုတ်လိုက်ပါတယ်။ မိုင်းမိုင်ဆန် ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ “စိတ်ပူရတဲ့သူကို fan တွေကအားထည့်ကြမှာဘဲ…ကောင်းတယ် လုံးဝsave မှာဘဲ စိတ်ချတယ် ဆိုပြီးသူသူကိုယ်ကိုယ်အတွေးတွေနဲ့ ပေါ့လိုက်လို့ ဖြစ်တာ..ကျနော့်တုန်းကလည်း ကျနော်အဆင်မပြေပေမယ့် fan တွေစိတ်ပူပြီးအားထည့် vote လို့ တက်သွားဖူးတဲ့ weekရှိခဲ့ဖူးတယ်…ဒါကြောင့်ကောင်းတယ်စိတ်ချတယ်သူဆိုပြီး သူလည်းမပေါ့လိုက်နဲ့

ငါလည်းမပေါ့လိုက်ကြပါနဲ့နော်.. သူဒီအပတ်အရမ်းကောင်း တာ အားနာစရာသနားစရာဆိုပြီး စီးပွားရေးသမားတွေက save ပေးမှာမဟုတ်ဘူး..သူတို့ ကုန်ထားတာ ရင်းထားတာ လည်းမနည်းမနောလေ.. သိန်းကို သိန်းနဲ့ချီပြီးထိရင်းထားရတာ… ဘယ်သူ့ကိုမှအားနာမှာမဟုတ်ဘူး..ဘယ်သူတွေဆဲဆဲအစီစဉ်တိုင်းသွားနေမှာဘဲ.. အရည်အချင်းက top ၁၁ ယောက်လုံးရှိပြီးသား..သဘာရှိ ပညာရှိ ဝါရှိသူတွေကသေချာစီစစ်ရွေးချယ်ခဲ့ပြီးသား ခုက အရေအတွက်ပြန်ကြည့်တဲ့သဘောဘဲ..

ဒါပါဘဲ စီးပွားရေးဆန်တယ်မပြောရမနာရ ခုသူတို့အတွက်စီးပွားရေးအပိုင်းရောက်နေပြီလေ အရည်အချင်းကို သူတို့ငွေတွေရင်းပြီးရွေးပြီးပြီ အရေအတွက်ငွေတွေကို အရည်အချင်းရင်းပြီး ပြန်ယူမယ် ဒီသဘောပါဘဲအရည်အချင်း + အရေအတွက်= winner” ဆိုပြီးရေးသားထားတာကိုတွေ့ရပါတယ်။ မိုင်းမိုင်ဆန်ပြောပြတဲ့ သဘောက

ကိုယ်အားပေးတဲ့ ပြိုင်ပွဲဝင်တွေဟာ မိုးပျံလန်နေအောင် တော်နေပါစေ ၊ ပိုက်ဆံအလုံးအရင်း ဗုတ်နိုင်မှ အိုင်ဒေါဆုကို ရမှာဖြစ်တယ်ဆိုတဲ့သဘောကို ကွက်ကွက် ကွင်းကွင်းမြင်အောင် ပြောဆိုထားတာပါ။ အိုင်ဒေါ ရဲ့ အောက်တန်းကျမှုကို အခုလို ဖော်ထုတ်လိုက်တဲ့ မိုင်းမိုင်းဆန် အတွက် မှတ်ချက်က နေ တစ်ခုခုပြောပေးခဲ့ကြပါဦး

Source : myanmaronlinecelebrities

Facebook Comments

Burmese News