ရီယို ဖာဒီနန်နဲ့ ပျော်ပျော်ရွှင်ရွှင်တွေ့ဆုံဘောလုံး ကစားနေတဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ပုံရိပ်များ

စိုင်းစိုင်းခမ်းလှိုင်ဟာ နှုတ်ခမ်းနီမလေးတွေရဲ့ သဲသဲလှုပ်အားပေးခြင်းခံရပြီး အောင်မြင်ကျော်ကြားနေတဲ့ အနုပညာရှင်တွေထဲကတစ်ယောက်လည်းဖြစ်ပါတယ်။ တိုက်ခိုက်မှုတွေကို အကောင်းဆုံးနည်းနဲ့ ပြန်လည်ဖြေရှင်းတတ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကိုများစွာရရှိနေတာလည်းဖြစ်ပါတယ်။


မန်ချစ်စတာ ယူနိုက်တက်ကစားသမားဟောင်း တစ်ယောက်ဖြစ်တဲ့ ရီယိုဖာဒီနန်ကို‌တော့ မန်ယူပရိသတ်မဟုတ်တာတောင် ဘောလုံးပရိသတ်တော်တော်များများကြိုက်နှစ်သက်တဲ့ ခံစစ်အားကစားသမားတစ်ယောက်ဖြစ်ပါတယ်။


ဖာဒီနန်ဟာ Tiger က ကြီးမှူးကျင်းပတဲ့ Tiger Street Football ပြိုင်ပွဲအတွက် မြန်မာ နိုင်ငံကိုရောက်ရှိလာရခြင်းဖြစ်ပါတယ်။ ဒီလိုအလည်အပတ်ရောက်ရှိလာတဲ့ ဖာဒီနန်ကို ထွန်းထွန်းအပါအဝင် မန်ယူပရိသတ်တော်တော်များများက နွေးထွေးစွာသွားရောက်ကြိုဆိုခဲ့တာလည်းဖြစ်ပါတယ်။


ပရိသတ်အချစ်တော် ဖြစ်တဲ့ စိုင်းစိုင်းဟာ ရီယိုဖာဒီနန်နဲ့ အမှတ်တရတွေကို သူရဲ့ပရိသတ်တွေဆီ မျှဝေပေးခဲ့တာလည်းဖြစ်ပါတယ်။


ပရိသတ်တွေရော ဂန္တဝင်ဘောလုံးအကျော်အမော်ကြီးဖြစ်တဲ့ ဖာဒီနန်ကြီးကိုအားပေးလိုက်ကြပါအုံးနော်။ အဆုံးထိဖတ်ရှုပေးတဲ့ အတွက်ကျေးဇူးတင်ရှိပါတယ်။

Source-မိုမိုလေး

Facebook Comments

Burmese News