ဒုတိယတန်းကျောင်းသူအား ကျောင်းမုန့်စားဆင်းချိန်၌ခိုးယူရန်ကြိုးပမ်းသူကိုဖမ်းဆီးရမိ

ဒုတိယတန်းကျောင်းသူတစ်ဦးအားကျောင်းမုန့်စားဆင်းချိန်၌ ခိုးယူရန်ကြိုးပမ်းသည့်အမျိုးသားကို ပတ်ဝန်းကျင်ကဖမ်းဆီးပေးကာရဲစခန်းသို့အပ်နှံမှု ပခုက္ကူမြို့နယ်တွင် ဖြစ်ပွားကြောင်းသတင်းရရှိသည်။

Image may contain: 1 person, sitting and outdoor

ဖြစ်စဉ်မှာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်ရှိမူလတန်းကျောင်း၌ နိုဝင်ဘာလ ၂၅ ရက်၊ နေ့လယ် ၁၂ နာရီကျော်၌ ကျောင်းသူတစ်ဦး၏အော်သံကြောင့် ပတ်ဝန်းကျင်ရှိသူအများက ကြည့်ရှုရာ အမျိုးသားတစ်ဦးကကျောင်းသူကိုခိုးယူကြိုးပမ်းနေသည့်အမျိုးသားကို ၀ိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေတစ်ဦးကပြောသည်။

Image may contain: one or more people and outdoor

“ကျောင်းမုန့်စားဆင်းပြီးတော့ ပြန်အတက်မှာကျောင်းအပြင်ဘက်ကိုရောက်နေတဲ့ ဒုတိယတန်း၊ ၈ နှစ်အရွယ်ရဲ့ အော်သံကြားလိုက်ရတာပေါ့။အဲဒါကြောင့် အနီးပတ်ဝန်းကျင်ကလူတွေကသိရှိသွားပြီးကြည့်လိုက်တဲ့အခါမှာ အသက် ၅၀ ကျော်အရွယ်အပေါ်ပိုင်းဗလာနဲ့လူတစ်ဦးကကလေးကိုအတင်းအဓမ္မဆွဲခေါ်နေတယ်။အဲဒါကြောင့် သွားစစ်မေးပြီးဖျန်ဖြေတဲ့အခါမှာကလေးကိုခိုးဖို့ကြိုးစားနေတာဖြစ်နေတယ်။ နောက်တစ်ဦးလည်း ရှိသေးတယ်ထင်တယ်၊ ထွက်ပြေးသွားတယ်ဗျ။ မျက်မြင်အနေအထားအရ အရက်မူးဆေးသုံးထားတဲ့ လက္ခဏာတော့မရှိဘူး။ဒါပေမဲ့ ဖမ်းမိတဲ့အခါမှာတော့စိတ်မနှံ့သလိုလိုလုပ်နေတယ်။ ကျွန်တော်ကတော့ ရူးချင်ယောင်ဆောင်နေတယ်လို့ပဲထင်တယ်” ဟုမျက်မြင်တွေ့ရှိသူတစ်ဦးကအကုန်သိသတင်းဌာနသို့ ပြောသည်။

Image may contain: 1 person, sitting and outdoor

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အသက် ၅၀ ကျော်ရှိအမျိုးသား(စိစစ်ဆဲ)ကိုပခုက္ကူမြို့မရဲစခန်းသို့ ပို့ဆောင်ကာ စစ်ဆေးနေဆဲဖြစ်ကြောင်းသတင်းရရှိသည်။

Image may contain: 2 people, outdoor

အကုန်သိ

Facebook Comments

Burmese News