မန္တလေးတွင် ဘဏ်မန်နေဂျာ အမျိုးသမီးတစ်ဦးက ၎င်း၏ အမျိုးသားနှင့် ပူးပေါင်းကာ ATMစက်အတွင်းမှ ငွေကျပ်သိန်း(၃၀၀)ကျော် ထုတ်ယူဖောက်ထွင်းမှုဖြင့် အမှုဖွင့်ခံရ

အမ်တီ၊ ဒီဇင်ဘာ-၁။          ။ မန္တလေးမြို့တွင် ကမ္ဘောဇဘဏ် ဘဏ်ခွဲဒုတာဝန်ခံ အမျိုးသမီးတစ်ဦးနှင့် ၎င်း၏ အမျိုးသားတို့ ပူးပေါင်းကာ ATM ငွေထုတ်စက်အတွင်းမှ ငွေကျပ် သိန်း(၃၄၀) ထုတ်ယူမှု (၂၄)နာရီအတွင်း ဖမ်းဆီးရမိခဲ့ပြီး ဖောက်ထွင်းမှုဖြင့် အမှုဖွင့်ထားကြောင်း မဟာအောင်မြေမြို့နယ် အမှတ်(၉)ရဲစခန်းမှ သတင်းရရှိသည်။

Image result for မဟာအောင်မြေမြို့နယ် အမှတ်(၉)ရဲစခန်း"

နိုဝင်ဘာ(၂၉)ရက် ညနေပိုင်းက မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ (၃၅)လမ်းနှင့် (၅၃)လမ်းအနီး တပ်ဆင်ထားသည့် ကမ္ဘောဇဘဏ် ATM ငွေထုတ်စက်မှာ လိုင်းကျနေကြောင်း ဖုန်းဖြင့် ဆက်သွယ်လာသဖြင့် ဘဏ်တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ လိုင်းကျခြင်း မဟုတ်ဘဲ ATM ငွေထုတ်စက်တွင် ထည့်သွင်းထားသည့် ငွေများ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဆိုသည်။

Image may contain: night

အဆိုပါ ATM စက်တွင် ထည့်သွင်းထားသည့် ငွေကျပ်သိန်း(၃၀၀)ကျော် ပျောက်ဆုံးနေသည့်အပေါ် စုံစမ်းဖော်ထုတ် အရေးယူပေးပါရန် ဘဏ်တာဝန်ရှိသူတစ်ဦးက ရဲစခန်းသို့ တိုင်တန်းခဲ့ရာ မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး၏ ကြီးကြပ်မှု့ဖြင့် မန္တလေးမြို့ အမှတ်(၃)မှုခင်း တပ်ဖွဲ့မှူးနှင့် အဖွဲ့၊ မဟာအောင်မြေမြို့နယ် အမှတ်(၉) မြို့မရဲစခန်းမှ စခန်းမှူးနှင့်အဖွဲ့၊ မန္တလေးခရိုင် မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က စံစမ်းစစ်ဆေးခဲ့ရာမှ ဖြစ်စဉ်ဖြစ်ပွားပြီး (၂၄)နာရီအတွင်း ငွေထုတ်ယူသူများကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

Image may contain: people sitting

အဆိုပါ ATM စက်အနီး တပ်ဆင်ထားသည့် CCTV မှတ်တမ်းများအရ ATM စက်အတွင်းမှ ငွေထုတ်ယူသူသည် စက်၏ အပြင်သော့ကို ဖွင့်၍ စက်အတွင်းရှိ သေတ္တာ၏ လှို့ဝှက်နံပတ်များ ရိုက်နှိပ်ကာ ငွေစက်က္ကူများ ထုတ်ယူသွားခြင်း ဖြစ်သည်ဟု ဆိုသည်။ ထို့အပြင် အဆိုပါ ငွေထုတ်ယူသူ မောင်းနှင်လာသော မော်တော်ကားနံပတ်များ တွေ့ရှိခဲ့ပြီး ဆက်လက် စုံစမ်းရာမှ ကမ္ဘောဇဘဏ် ဘဏ်ခွဲ ဒု-တာဝန်ခံ အမျိုးသမီးနှင့် ၎င်း၏ အမျိုးသားတို့ ဖြစ်သည်ကို ဖော်ထုတ်နိုင်ခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ထို့နောက် နိုဝင်ဘာ(၃၀)ရက် ညနေပိုင်းတွင် အဆိုပါ ဇနီးမောင်နှံကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်ရှင်ရပ်ကွက်ရှိ ၎င်းတို့၏ နေအိမ်တွင် ဖမ်းဆီးနိုင်ခဲ့ပြီး ATM ငွေထုတ်စက်အတွင်းမှ ငွေကျပ် သိန်း(၃၄၀) ထုတ်ယူမှုဖြင့် မန္တလေးမြို့ အမှတ်(၉)မြို့မရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ၄၅၄ (ဖောက်ထွင်းမှု)ဖြင့် အမှု့ဖွင့်ထားကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

Source-Nay Myo

Facebook Comments

Burmese News