မွေးနေ့မနက်အစောကြီးထပြီး အောင်ဇမ္ဗူဆရာတော်ကြီးနဲ့သံဃာအပေါင်းကို အာရုံဆွမ်းလောင်းလှူခဲ့တဲ့သင်ဇာဝင့်ကျော်

ပရိသတ်ကြီးရေ မင်းသမီးချောလေးသင်ဇာဝင့်ကျော်ဟာဆိုရင် ပရိသတ်တွေအများအပြားကိုပိုင်ဆိုင်ထားပြီး အနုပညာနယ်ပယ်မှာအောင်မြင်မှုတွေနဲ့ရပ်တည်နေတဲ့အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။သင်ဇာကတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့လျှောက်လှမ်းနေပြီး ရဲရင့်ထက်မြက်တဲ့မိန်းကလေးတစ်ယောက်ဖြစ်လို့ ပရိသတ်တွေကလည်းသူမရဲ့လှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်အားပေးကြပါတယ်။

သင်ဇာက လက်တလောမှာလည်းရုပ်ရှင်ဇာတ်ကားကြီးတွေအများအပြားမှာပါဝင်သရုပ်ဆောင်နေပြီး ကြော်ငြာတွေကိုလည်းရိုက်ကူးနေတာဖြစ်ပါတယ်။သင်ဇာကတော့ အသက်၃၀ကျော်အရွယ်ထိတိုင်နုပျိုခြင်းတွေကမပြောင်းလဲဘဲ တစ်နေ့တစ်ခြားပိုပြီးဆွဲဆောင်မှုရှိကာလှပလာတာပါနော်။စိတ်ထားလေးကလည်းကြည်လင်ရှင်းသန့်ပြီး အေးဆေးစွာနေထိုင်တတ်သူဖြစ်တာကြောင့် သူမကိုလူတိုင်းကချစ်ခင်ကြပါတယ်။

အခုဆိုရင်တော့ သင်ဇာက သူမရဲ့မွေးနေ့လေးမှာ မနက်အစောကြီးထပြီး အောင်ဇမ္ဗူ ဆရာတော်ကြီးနှင့်ကျောင်းရှိသံဃာအပေါင်းအား သရုပ်ဆောင်ကြူကြူသင်းရဲ့ ကော်ရည်ခေါက်ဆွဲနဲ့ အာရုံဆွမ်းကပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။သင်ဇာက အဖြူရောင်ဝတ်စုံလေးနဲ့ တည်ငြိမ်အေးချမ်းစွာလှပနေပြီး ကုသိုလ်ယူနေတဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Kyu Kyu Thin’s Facebook

Facebook Comments

Burmese News