Rubik’s Cube (၃)ခုကို တစ်မိနစ်အတွင်း လေထဲမှာ တင်အရောင်တူအောင် လုပ်နိုင်သူ

Last modified date

Rubik’s Cube ဆိုတာ မျက်နှာပြင် ၆ ဖက်ပါတဲ့ ကုဗတုံးပုံသဏ္ဍာန်ရှိတဲ့ ဥာဏ်စမ်းကစားနည်းတစ်မျိုးပါပဲ။ မျက်နှာပြင် ၆ ဖက်စလုံးကို အရောင်တူအောင်လို့ ကုဗတုံးကိုလှည့်ကာလှည့်ကာဆက်ရမှာဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဘယ်လောက်ပဲလှည့်လှည့် မျက်နှာပြင် ၂ ဖက်ထက်ပိုပြီး ဘယ်တော့မှမတူဖူးဘူးဗျာ။

Image result for Rubik’s Cube

ဒါပေမဲ့လေ တချို့လူတွေရှိတယ်နော်။ မျက်စိတစ်ဖျတ်အတွင်းမှာပဲ ဟောခနဲ့၊ ဟောခနဲလှည့်သွားတာများ အားရစရာကြီး။ Rubik’s Cube နဲ့ပတ်သက်ပြီး ကမ္ဘာ့အဆင့်ပြိုင်ပွဲတွေတောင် ကျင်းပရတဲ့အထိ ကြီးကျယ်တဲ့ကစားနည်းတစ်ခုမဟုတ်ပေဘူးလား။ ကျွန်တော် Story Pick မှာ ဗီဒီယိုတစ်ခုကြည့်လိုက်ရတယ်။ Rubik’s Cube ဆက်တဲ့နည်းလမ်းက ကျွတ်ဆင်ကြီးဗျာ။

ဗီဒီယိုကတော့ Twitter ဗီဒီယိုတစ်ခုပါ။ Theo ဆိုတဲ့ Twitter account ပိုင်ရှင်က သူကိုယ်တိုင်လုပ်ပြပြီး ဗီဒီယိုတင်ထားခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုထဲမှာတော့ Theo ဟာ ကုဗတုံး ၃ တုံးကို လက်ထဲ ထည့်ကာ လေထဲမှာစတင်လှည့်နေခဲ့ပါတယ်။ လှည့်တယ်ဆိုတာ နိုင်ငံခြားကလူရွှင်တော်တွေ ဘောလုံးပတ်ချာလည်လှည့်သလိုမျိုးလှည့်ပြတာနော်။

လေထဲမှာလှည့်ရင်းလှည့်ရင်းနဲ့ စက္ကန့် ၄၀ လောက်လည်းကြာရော ကုဗတုံး ၃ တုံးစလုံးရဲ့အရောင်တွေက အကုန်အတူတူတွေချည်းဖြစ်သွားခဲ့တယ်ဗျာ။ တော်တော်ကြည့်လို့လည်းကောင်းသလို အံ့လည်းသြဖို့ကောင်းတာများ။ လူတွေကတော့ ဘယ်လိုများလုပ်လိုက်သလဲဆိုတာ မေးတောင်ယူရတယ်တဲ့။ တချို့တွေကတော့ ကွန်ပြူတာနဲ့ပြင်ထားတယ်လို့ပြောနေကြသလို တချို့တွေကျပြန်တော့လည်း Theo ရဲ့ညာဖက်လက်ဟာ ကင်မရာအပြင်ဖက်ရောက်ရောက်သွားတာကို သင်္ကာမကင်းဖြစ်နေခဲ့ကြပါတယ်။

သင်ရော ကုဗတုံးဆော့ဖူးလား။ ဆော့ဖူးတယ်ဆိုရင်ရော ဘယ်နခါများ အရောင်တွေအားလုံးတူအောင်ဆက်ခဲ့ဖူးလဲ။

Source : Shwe Mom

Facebook Comments

Burmese News