ဆရာမ နှင်းနု ကို ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ စစ်မေးမယ်

နေပြည်တော်၊ဒီဇင်ဘာလ-၄ ရက်။ဗစ်တိုးရီးယားအမှုမှာ သက်သေအဖြစ်ပါဝင်နေတဲ့ Wisdom Hill မူကြိုကျောင်းမှ ဆရာမ ဒေါ်နှင်းနုလွင် ကို ဒီဇင်ဘာလ ၁၈ ရက်နေ့ (၁၃) ကြိမ်မြောက်ရုံးချိန်းမှာ စစ်မေးသွားမယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

Image result for ဆရာမ နှင်းနု

ဦးခင်မောင်ဇော်က”နောက်တစ်ပတ်ရုံးချိန်း ဆရာမ နှင်းနု နဲ့ နောက် ဆရာမ နှစ်ယောက်ကို စစ်မယ်။၁၈ ရက်နေ့မှာ စစ်မယ်”လို့ သည်ကနေ့ (၁၂ )ကြိမ်မြောက် ရုံးချိန်းအပြီးမှာ မီဒီယာတွေကို အသိပေးပြောဆိုခဲ့ပါတယ်။

Image result for ဆရာမ နှင်းနု

သည့်အတွက် ဒီဇင်ဘာလ ၁၈ ရက်နေ့မှာတော့ ပြည်သူတွေ စိတ်ဝင်တစားစောင့်ကြည့်နေတဲ့ ဆရာမ နှင်းနုဟာ တရားခွင်မှာ ဘာတွေ ထွက်ဆိုသွားမလဲဆိုတာတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

အခုဆိုရင် ဗစ်တိုးရီးယားအမှုဟာ (၁၂ )ကြိမ်မြောက်ရုံးချိန်းအထိ ပြီးစီးပြီဖြစ်ကာ သက်သေ ၁၆ ဦးအထိ ထွက်ဆိုပြီး ဖြစ်ပါတယ်။

Source : kumudra

Facebook Comments

Burmese News