ကောင်မလေးကိုလက်ထပ်ခွင့်တောင်းမယ့် သူ့သူငယ်ချင်းကိုစင်ပေါ်ခေါ်တင်ပြီး ပါရမီဖြည့်ပေးခဲ့တဲ့ G Fatt

လူငယ်ပရိသတ်တွေကြားမှာ အခိုင်အမာအားပေးမှုရရှိထားပြီး အကြီးအကျယ်အောင်မြင်နေတဲ့သူကတော့ အဆိုတော် G Fatt ပဲ ဖြစ်ပါတယ်။ ရင်ထဲကလာတဲ့စကားလုံးတွေနဲ့ သီချင်းကောင်းကောင်းလေးတွေကို ရေးစပ်သီဆိုလေ့ရှိတဲ့ G Fatt က ယောက်ျားလေးပရိသတ်၊ မိန်းကလေးပရိသတ်မရွေးဘဲ အားလုံးကြိုက်ကြတဲ့အဆိုတော်တစ်ဦးဆိုရင်လည်း မမှားပါဘူးနော်။ လျှမ်းလျှမ်းတောက်အောင်မြင်နေတဲ့ G Fatt က တစ်ကိုယ်တော်ဖျော်ဖြေပွဲတွေလည်း ကျင်းပပြုလုပ်နေရပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာလ (၁) ရက်နေ့မှာလည်း G Fatt က သူ့ရဲ့တစ်ကိုယ်တော်ဖျော်ဖြေပွဲကို မန္တလေးမြို့မှကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲလေးမှာတော့ ထူးထူးခြားခြားအနေနဲ့ G Fatt က ချစ်သူကိုလက်ထပ်ခွင့်တောင်းမယ့် သူ့ရဲ့ငယ်သူငယ်ချင်းအတွက်ကူညီပြီး ပါရမီဖြည့်ပေးခဲ့တာ ဖြစ်ပါတယ်။ G Fatt က ကောင်မလေးကို Supriseလုပ်ပြီးလက်ထပ်ခွင့်တောင်းမယ့် သူငယ်ချင်းကိုစင်ပေါ်ခေါ်တင်ပြီး သီချင်းလေးနဲ့ဘေးကနေကူညီပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဒီအကြောင်းကိုတော့ G Fatt က ” သူ့ချစ်သူ ကောင်မလေးကို လက်ထပ်ခွင့်တောင်းမယ့် ကိုယ့်ငယ်သူငယ်ချင်းကို စင်ပေါ်ခေါ်တင်ပြီး ကိုယ်ပါပါဝင်ကူညီ ပါရမီဖြည့်ပေးလိုက်ရခြင်းအမှတ်တရပေါ့ဗျာ တစ်ယောက်အပေါ်တစ်ယောက်တစ်ဘဝလုံးပုံပြီးချစ်ရတာ ထိုက်တန်လွန်းတဲ့ မင်းတို့နှစ်ဦးရဲ့မင်္ဂလာပွဲလေးကျရင်လဲ ငါ့ကိုဖိတ်ပါဦးကွာ အခုလိုကုသိုလ်ကြောင့် ငါလဲမင်းလိုကံကောင်းတဲ့ ကောင်လေးတစ်ချိန်ဖြစ်ပါစေ သားကြီးရေ ဖြူစင်တဲ့နှလုံးသားတွေဆီအချစ်ဟာတကယ်အရောက်လာခဲ့တယ် ” ဆိုပြီး ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။

Source-စွယ်စုံ

Facebook Comments

Burmese News