ပဲခူးမြို့ကစီးပွားရေးလုပ်ငန်းရှင်တစ်ဦးအသတ်ခံရမှုနဲ့အလောင်းဖျောက်၊ပစ္စည်းတွေယူဆောင်သွားသူကို အမြန်ဆုံးဖမ်းဆီးရမိရေးဆောင်ရွက်နေ

ကိုယ်ပိုင်သီဟိုဠ်ခြံအတွင်း အသတ်ခံခဲ့ရတဲ့ပဲခူးမြို့ကစီးပွားရေးလုပ်ငန်းရှင်တစ်ဦးရဲ့ရုပ်အလောင်းကို ပြာပုံအောက်မှာ တူးဖော်တွေ့ရှိပြီးနောက် စစ်ဆေးပေါ်ပေါက် ချက်အရပြစ်မှုကျုးလွန်ခဲ့သူကိုအမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့သိရပါတယ်။
“ပဲခူးမြို့ကကြယ်ပြာဆေးလိပ်ခုံပိုင်ရှင်ဦးဝင်းထွဋ်(သေဆုံးသူ)ဟာနေအိမ်ကနေကားနဲ့ထွက်သွားပြီးတဲ့နောက် အဆက်အသွယ်မရတော့လို့ပဲခူးမြို့မရဲစခန်းမှာလူပျောက်တိုင်ချက်လာဖွင့်ခဲ့လို့ကျွန်တော်တိုရှာဖွေစုံစမ်းခဲ့ပါတယ်။ဦးဝင်းထွဋ်ရဲ့ကားမှာတပ်ထားတဲ့GPSကသူပိုင်တဲ့အင်းတကော်ကသီဟိုဠ်ခြံနားမှာသူ့ကားကိုတွေ့တယ်လို့စုံစမ်းသိရှိရပါတယ်။အဲဒီနေရာဟာအင်းတကော်အပိုင်ရဲစခန်းနယ်မြေဖြစ်လို့သက်ဆိုင်ရာရဲစခန်းကတပ်ဖွဲ့ဝင်တွေနဲ့ဦးဝင်းထွဋ်ရဲ့မိတ်ဆွေတွေပါဒီကနေ့မနက်၃နာရီမှာအဲဒီသီဟိုဠ်ခြံအတွင်းကပြာပုံအောက်မှာသေဆုံးနေတဲ့ဦးဝင်းထွဋ်ရဲ့အလောင်းကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ပြစ်မှုကျုးလွန်ခဲ့သူတွေကိုအမြန်ဆုံးဖမ်းဆီးရမိရေးအတွက်စုံစမ်းဖော်ထုတ်နေပါတယ် “ လို့ ပဲခူးခရိုင်ရဲတပ်ဖွဲ့မှုး ဒုတိယရဲမှုးကြီးအောင်ဌေးက Channel B ကိုပြောပါတယ်။

ဖြစ်စဉ်မှာသေ ဆုံးသူဦးဝင်းထွဋ်ဟာဒီဇင်ဘာလ (၅)ရက်နေ့၊မနက် (၁၁)နာရီခန့်အချိန်ကသူပိုင်ဆိုင်တဲ့ အင်းတကော်မြို့၊ ဆယ်မိုင်ကုန်းရှိသီဟိုဠ်ခြံကို သူ့ရဲ့လင်ခရူဇာကား(YGN 6750 ၊အဖြူရောင်)နဲ့ထွက် သွားပြီး၊အဲဒီနေ့ ညနေ(၆)နာရီခန့်အချိန်မှာ သေဆုံးသူဦးဝင်းထွဋ်ရဲ့ဦးလေးဖြစ်တဲ့ ဦးတင်မောင်ထူးက ဖုန်းဆက်သွယ်ရာဦးဝင်းထွဋ်မှဖုန်းမကိုင်ဘဲအခြားသူတစ်ဦးကကိုင်ပြီးနောက်ဖုန်းဆက်ပိတ်သွားခဲ့ပါတယ်၊အဲဒီနောက် ဦးလေးဖြစ် သူမှ ပဲခူးမြို့မရဲစခန်းမှာ လူပျောက်တိုင်ချက်ဖွင့်ခဲ့တာပါ၊ဒါ့အပြင် သေဆုံးသူပိုင်ဆိုင်တဲ့အင်းတကော်မြို့၊(၂)ရပ်ကွက်၊တောင်ကြီးကွဲကျေးရွာရှိ သီဟိုဠ်ခြံထဲကိုသွားရောက်ရှာဖွေကြရာ ခြံဝင်းအတွင်းရှိ မြေဆွေးဖွဲပြာပုံအောက်မှာဦးဝင်းထွဋ်ရဲ့အလောင်းကို(၁)ပေခန့်ရှိကျင်းအတွင်းမြှုပ်နှံထားတာကိုတူးဖော်တွေ့ရှိကာ၊လူသတ်ပြီးအလောက်ဖျောက်ကာပစ္စည်းတွေယူဆောင်သွားသူကိုဥပဒေအရအရေးယူပေးပါဖို့အင်းတကော်ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တယ်လို့သိရပါတယ်။

Image may contain: plant, outdoor and nature

အမှုနဲ့ပတ်သက်ပြီးသေဆုံးသူရဲ့ကျပ်သိန်း(၅၀၀)တန်လင်ခရူဇာကားတစ်စီး၊ကျပ်သိန်း(၅၀)တန်လက်စွပ်တစ်ကွင်း၊ကျပ်(၁၈)သိန်းတန်ဖုန်းတစ်လုံး၊ကျပ်(၆)သိန်းတန် Samsung ဖုန်းတစ်လုံးတို့ ပျောက်ဆုံးနေတယ်လို့သိရပါတယ်။ ခြံစောင့်တဲအတွင်းလျှို့ဝှက်တပ်ဆင်ထားတဲ့ CCTV မှတ်တမ်းနဲ့ စစ်ဆေးပေါ်ပေါက်ချက်များအရပြစ်မှုကျုးလွန်ပြီးကားနဲ့ပစ္စည်းတွေယူဆောင်သွားသူမှာဦးဝင်းထွဋ်ရဲ့ခြံစောင့်အေးဇော်ထွန်းဖြစ်ကြောင်းစစ်ဆေးပေါ်ပေါက်တဲ့အတွက်အင်းတကော်နယ်မြေရဲစခန်းမှပြစ်မှုကျုးလွန်ပြီးထွက်ပြေးတိမ်းရှောင်နေသူအေးဇော်ထွန်းကိုအင်းတကော်နယ်မြေရဲစခန်းက (ပ)၂၉၆/၂၀၁၉၊ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၂/၂၀၁ တို့နဲ့အမှုဖွင့်ထားပြီးအမြန်ဆုံးဖမ်းဆီးရမိရေးဆောင်ရွက်နေတယ်လို့အင်းတကော်ရဲစခန်းကတာဝန်ရှိသူတစ်ဦးက Channel B ကိုဒီကနေ့ပြောပါတယ်။

Image may contain: one or more people, tree, sky and outdoor

Facebook Comments

Burmese News