အေအေစစ်ဦးချုပ်ရဲ့ဇနီးနဲ့ကလေးတွေကို ဖမ်းဆီးတာဟာ ဆိုးကျိုးကို ဦးတည်စေမယ်လို့ အေအေအဖွဲ့သတိပေး

ရက္ခိုင့်တပ်မတော်(အေအေ)အဖွဲ့ရဲ့စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ဇနီးနဲ့ကလေး၂ဦးကို ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်တာကို အေအေအဖွဲ့ဘက်က အတည်ပြုပြောဆိုခဲ့ပြီး အခုလို ဖမ်းဆီးမှုကြောင့်ကောင်းကျိုးထက် ဆိုးကျိုးတွေကို ပိုပြီး ဦးတည်သွားစေနီုင်မယ်လို့ အေအေအဖွဲ့ကပြောပါတယ်။

“ အဖမ်းခံရတာကတော့ဟုတ်ပါတယ်။ ထိုင်းလဝကမှာ ဗီဇာသက်တမ်းသွားတိုးတဲ့အခါမှာ ဗမာအစိုးရကနေ နှစ်နိုင်ငံ သံတမန်နည်းအရ ဖိအားပေးပြီး ပက်စပို့ကို သိမ်းသွားတယ်။ လက်ရှိအချိန်ထိတော့ဖမ်းထားတယ်လို့ပဲကြားတယ် အသေးစိတ်ကိုတော့မသိရသေးဘူး၊ ဒီလို ဖမ်းဆီးတဲ့ကိစ္စကတော့လုံးဝမလုပ်သင့်တဲ့ကိစ္စပါ ၊ လက်ခံစရာမရှီတဲ့ကိစ္စတစ်ခုပဲ ၊ခုလို လူမမယ်ကလေးတွေကိုပါ ဖမ်းတာက ကောင်းကျိုးထက် ဆိုးကျိုးကိုပဲ ပိုပြီးတော့ဦးတည်သွားစေမှာပဲလေ” လို့အေအေအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။

Image may contain: 1 person, standing and indoor

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ဇနီးဖြစ်သူ မနှင်းဇာဖြူနဲ့ကလေး ၂ဦးဟာ ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ဗီဇာသက်တမ်းတိုးမြင့်ဖို့သွားရောက်ရာမှာ ထိုင်းထောက်လှမ်းရေးအဖွဲ့က ဒီဇင်ဘာ ၄ရက်နေ့က ဖမ်းဆီးခဲ့တာပါ။့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ဇနီး မနှင်းဇာဖြူဟာ အသက် ၃၉နှစ်အရွယ်ရှိပြီး အသက် ၁၁နှစ်အရွယ် သမီးစောပြည့်ရှင်နဲ့၁၁လသားအရွယ် သားမြတ်လင်းဇင်တို့ကိုတော ထိုင်းနီုင်ငံဘက်ကနေ မြန်မာနိုင်ငံကို ပြန်လည်လွဲပေးဖို့စီစဉ်ထားပေးမဲ့လက်ရှီအချိန်ထိတော့ မရောက်ရှိလာသေး ဘူးလို့ စုံစမ်းသိရပါတယ်။

အခုလို ဖမ်းဆီးတာနဲ့ တပ်မတော်ဘက်ကတော့သူတို့ဖမ်းဆီးခိုင်းတာမဟုတ်ဘူးလို့ပြောဆိုခဲ့ပြီး ဖမ်းဆီးရတဲ့အကြောင်းအရာကိုတော့ပြည်ထဲရေးနဲ့အစိုးရကိုသာ မေးမြန်းဖို့ပြောဆိုခဲ့ပါတယ်။“ လက်ရှိကတော့ကျွန်တော်တို့လည်း တက်လာတဲ့သတင်းတွေလောက်ပဲ သိရတာ အသေးစိတ်ကတော့မသိသေးပါဘူး ထိုင်းကလုံခြုံရေးအဖွဲ့တွေကဖမ်းပြီး မြန်မာဘက်ကို လွဲမယ်လို့ပဲသိသေးတယ် အသေးစိတ်ကတော့ ပြည်ထဲရေးနဲ့အစိုးရကိုပဲမေးရင် ပိုသိနိုင်မယ် ကျွန်တော်ဖမ်းခိုင်းတာတော့မဟုတ်ပါဘူး “ လို တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူါ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

Image may contain: 2 people, people smiling, people standing, outdoor, nature and water

ဒါ့အပြင် အခုလို ဖမ်းဆီးတာဟာ ပြစ်မှုကျူးလွန်လို့သာ ဖမ်းဆီးခံရခြင်း ဖြစ်တယ်လို့တပ်မတော်ဘက်က ဆက်လက်ပြောဆိုပြောဆိုပါတယ်။“ ထိုင်းနိုင်ငံမှာဖမ်းတယ်ဆိုတာကလည်း သူရဲ့ဥပဒေကို ချိုးဖောက်လို့ဒါမှမဟုတ် ကျွန်တော်တို့ရဲ့တည်ဆဲဥပဒေကို ချိုးဖောက်လို့ဖမ်းတာပေါ့ လူတစ်ယောက်ကို ဖမ်းချင်တိုင်း ဖမ်းလို့မှမရတာ “ လို့သူက ဆိုပါတယ်။သမီးနဲ့မြေးတွေ အခုလို ဖမ်းဆီးခံရတာနဲ့ပက်သက်ပြီး ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဖြစ်သူ ဦးစံကျော်လှက စိတ်မကောင်းအလွန်ဖြစ်ရပြီး ဖမ်းဆီးခံရတဲ့ကိစ္စနဲ့ပက်သက်ပြီး တိတိကျကျမသိရှိရသေးတာကြောင့် တစ်စုံတစ်ရာ ပြောလိုကြောင်း မရှိသေးဘူးလို့ဆိုပါတယ်။

Image may contain: 2 people, people standing

“ အဖမ်းခံရတယ်ဆိုတာ သတင်းတွေတက်လာမှပဲသိရတာ ၊ဘာကြောင့်ဒီကိစ္စတွေဖြစ်တယ်ဆိုတာ ပြောဖို့ခက်တယ် စောင့်ကြည့်ရမှာပေါ့ ဖြစ်လာတဲ့အခြေအနေပေါ်မူတည်ပြီး ပြောသင့်တာကို ပြောရမှာပေါ့ “ လို့ဦးစံကျော်လှက ပြောပါတယ်။အခုလို ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး ပြည်ထဲရေးဌာနကို ဆက်သွယ်ရာမှာတော့ လက်ရှိသတင်းရေးတဲ့အချိန်ထိ ဆက်သွယ်လို့မရသေးပါဘူး။ ပြီးခဲ့တဲ့အောက်တိုဘာလတုံးကလည်း ဗိုချုပ်ထွန်းမြတ်နိုင်ရဲ့ညီမဖြစ်သူနဲ့ယောက်ဖတို့ကို ထိုင်းနိုင်ငံချင်းမိုင်ကပြန်လာစဉ် ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေအမှုဖွင့်ကာဖမ်းဆီး တရားစွဲဆိုထားပါတယ်။

ဒီဗွီဘီ

Facebook Comments

Burmese News