ပရိသတ်တွေ မျက်ရည်လည်ခဲ့ရတဲ့ နိုင်ငံဂုဏ်ဆောင် ပြည့်ပြည့်လေးရဲ့ စင်ပေါ်က ကျေးဇူးတင်စကာ

ကလေးသရုပ်ဆောင် ပြည့်ပြည့်ကတော့ BEST ACTRESS IN A SUPPORTING ROLE ဆုကို ထိုက်ထိုက်တန်တန် ရရှိသွားခဲ့ပါတယ်။

Image may contain: 1 person, text

Image may contain: 1 person, smiling

ဒီဆုကိုတော့ Singapore နိုင်ငံ Asia Academy Creative Award မှ ချီးမြှင့်တာဖြစ်ပြီးတော့ နိုင်ငံတကာက nominees တွေကိုကျော်ဖြတ်ပြီး ရရှိသွားတာဖြစ်ပါတယ်။ ပြည့်ပြည့်ဟာ The Only Mom လို့ခေါ်တွင်တဲ့ လိပ်ပြာစံအိမ်ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ခွင့်ရရှိခဲ့ပြီးတော့ ထိုင်းနိုင်ငံက ဒါရိုက်တာရဲ့ ဖန်တီးပုံဖော်မှုအောက်မှာ သရုပ်ဆောင်ခဲ့ရတာဖြစ်ပါတယ်။

Image may contain: 2 people, people smiling

Image may contain: 1 person

Image may contain: 10 people, people smiling, people standing

သရုပ်ဆောင် နိုင်နိုင်း၊ ဒေါင်း၊ ဝတ်မှုန်ရွှေရည် နဲ့ ပြည့်ပြည့်တို့ပါဝင်ထားတဲ့ ဒီဇာတ်ကားဟာ အောင်မြင်မှုအတိုင်းအတာတစ်ခုထိရရှိခဲ့ပါတယ်။ ကလေးသရုပ်ဆောင်တွေ များစွာထွက်ပေါ်နေတဲ့အချိန်မှာ ပြည့်ပြည့်ဟာ ရုပ်ရှင်ဇာတ်ကားကြီး (၃) ကားမှာပါဝင်ခဲ့ပြီး ထို (၃) ကားလုံး ပရိသတ်တွေရှေ့ရောက်ရှိပြသခဲ့ပြီးဖြစ်ပါတယ်။ ပြည့်ပြည့်ဟာ လိပ်ပြာစံအိမ်၊ ကမ္ဘာနှစ်ထပ် အပြင် ဟစ်တိုင်ဇာတ်ကားမှာပါ ထိပ်တန်းမင်းသမီးဖြစ်သူ အူဝဲနဲ့ တွဲဖက်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Image may contain: 2 people, people smiling, people standing

Image may contain: 3 people, people smiling, people standing

စင်ကာပူနိုင်ငံမှာကျင်းပတဲ့ Asia Academy Creative Award မှချီးမြှင့်တဲ့ ဆုပေးပွဲမှာနိုင်ငံတကာ မင်းသမီးတွေကိုကျော်လွန်ပြီး ဆုရရှိသွားခဲ့တဲ့ တစ်ဦးတည်းသော ကလေးသရုပ်ဆောင်လေးဖြစ်ပါတယ်။ နိုင်ငံ့ဂုဏ်ကို တစ်ဖက်တစ်လမ်းက ဆောင်နိုင်ခဲ့တဲ့ ပြည့်ပြည့်က စင်ပေါ်တက်ပြီး ဆုယူချိန်မှာလည်း နားထောင်သူ ပရိသတ်တွေကို မျက်ရည်ကျလောက်ရအောင်ထိ ကျေးဇူးတင်စကားပြောနိုင်ခဲ့ပါတယ်။

Image may contain: 1 person

ကြက်သီးထရလောက်အောင်ထိ ဖြစ်ခဲ့တဲ့ သူမရဲ့ ကျေးဇူးတင်စကားလေးကို ပရိသတ်ကြီးအတွက် ဖော်ပြပေးချင်ပါတယ်။

Image may contain: 1 person, smiling, text

Image may contain: 2 people, people smiling, people standing

Image may contain: 1 person, standing

We Love Cele

Facebook Comments

Burmese News