ပထွေးက ဟိုတယ်ကို ခေါ်သွားပြီး မုဒိန်းကျင့်မယ်မှန်းသိလို့၊ ဆိုင်ကယ်ပေါ်ကခုန်ချပြီး ထွက်ပြေးခဲ့တဲ့ ကောင်မလေး

အသက်(၁၁)နှစ်အရွယ် ကောင်မလေးဟာ သူမရဲ့ပထွေးဖြစ်သူက သူမကို ကျောင်းမပို့ဘဲ၊ ဟော်တယ်ဆီကို ခေါ်သွားမှန်းသလို ဆိုင်ကယ်ပေါ်ကနေ ခုန်ချပြီး ထွက်ပြေးခဲ့ရကြောင်း WorldOfBuzz သတင်းက ဖော်ပြထားပါတယ် …. ။ ဒီအကြောင်းကို ApannPyay က ဘာသာပြန်လိုက်ပါတယ် …. ။

ဒီအဖြစ်အပျက်ဟာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမှာ ဖြစ်ခဲ့တာပဲဖြစ်ပါတယ် … ။ ကောင်မလေးရဲ့အမည်ကိုတော့ Bunga လို့ အမည်ပြောင်ဖြင့် ဖော်ပြထားပါတယ် … ။ သူမရဲ့ ပထွေးကတော့ အသက်(၅၀)နှစ်ပါ … ။ သူဟာ ကလေးမလေးကို ကျောင်းပို့မယ်ဆိုပြီး၊ ဟိုတယ်ဆီကို ခေါ်သွားဖို့ ကြိုးစားခဲ့တာပါ။

အဲဒီကလေးမလေး တက်နေတဲ့ကျောင်းကတော့ Samarinda, Kalimantan Timur မှာ တည်ရှိပါတာပဲဖြစ်ပါတယ် …. ။ သူမဟာ ဟော်တယ်က ကျောင်းရှေ့မှာမရပ်ဘဲ ဟိုတယ်ဆီကို ဦးတည်နေတာသိလို့ ခုန်ချပြီး ထွက်ပြေးခဲ့တာပါ …. ။

Bunga ရဲ့ဆရာ/မတွေက ဒီအကြောင်းကို ရဲကို တိုင်ခဲ့တာပဲဖြစ်ပါတယ် … ။ Bunga ဟာ ဒီမတိုင်ခင်တုန်းက ပထွေးဖြစ်သူရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားနှောက်ယှက်မှု အကြိမ်ကြိမ် ခံခဲ့ရတာကြောင့်၊ အခု ပထွေးရဲ့အကြံသာ အောင်မြင်ခဲ့ရင် ဘာတွေဆက်ဖြစ်လာမလဲဆိုတာ သူမကိုယ်တိုင် တွေးနေမိမှာပါ။

ပထွေးအကြောင်း မိခင်ကို တိုင်ကြားတုန်းက- မိခင်က မသိကျိုးကျွန်ပြုခဲ့ပါသတဲ့။ အကြောင်းကတော့ သူမရဲ့ ဒုတိယခင်ပွန်းက သူမကို ပစ်သွားမှာစိုးလို့ပါလို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် မိခင်ကိုယ်တိုင်က အလိုတူအလိုပါ လုပ်ခဲ့တာ ဆိုရမှာပါ။ ပထွေးနဲ့ မိခင်နှစ်ဦးစလုံးကို Samarinda Seberang Police Station က ဖမ်းထားပါတယ်။

Source : aungparsay.co

Facebook Comments

Burmese News