ခုလို အေးစိမ့်နေတဲ့ ဆောင်းရာသီမှာ စားသုံးသင့်သည့် ဓာတ်စာများ

တန်ဆောင်မုန်းလ မှ နှာရည်ယိုရွှဲ တပို့တွဲလအထိ ဆောင်းအငွေ့အသက်လေးတွေကို (၄)လ ထိတွေ့ရပါမယ်။ ရန်ကုန်ရဲ့ဆောင်းရာသီကတော့ မထူးခြားပေမဲ့ တခြားမြို့တွေမှာတော့ မြူနှင်းများပိတ်ဖုံးပြီး ခိုက်ခိုက်တုန်နေကြပါပြီ။ အခုလိုရာသီအကူးအပြောင်းတွေမှာ အအေးမိတာတွေ ဖြစ်တတ်ပါတယ်။ မြန်မာ့ဆေးပညာအရဆိုလျှင်တော့ ဆောင်းရာသီမှာ လူ့ကိုယ်ခန္ဓာပြင်ပမှာအေးစက်ပြီး ကိုယ်တွင်းမှာတော့ ပူနေတတ်သောကြောင့် ကိုယ်တွင်းအပူငြိမ်းပြီး ကျန်းမာစေရန်နှင့်အသားအရည်လှပစေရန် ရာသီပေါ်စားစရာလေးတွေနှင့်ဆောင်းရာသီမှာစားသုံးသင့်တဲ့ ဓာတ်စာလေးတွေကို စားသုံးပေးဖို့လိုအပ်လှပါတယ်။ စားသုံးပေးသင့်တဲ့ အစားစာလေးတွေနှင့်ထိုအစားစာများမှ ရရှိသည့်အကျိုးကျေးဇူးလေးတွေကို လက်လှမ်းမှီသလောက် အောက်မှာရေးသားဖော်ပြထားပေးပါတယ်။

လိမ္မော်သီး

လိမ္မော်သီးတွင် Vitamin C အပြည့်အဝပါဝင်တာကြောင့် အသားအရည်ကို စိုပြေလှပစေသည့်အပြင် ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးသည့်အတွက် တုပ်ကွေး၊ အအေးမိ၊ နှာစေး စတာတွေကို ကာကွယ်ပေးပါတယ်။

Image result for orange

ဖရဲသီး

ဖရဲသီးအေးအေးလေးတွေကို နွေရာသီမှာပဲစားသုံးသင့်တယ်လို့ ထင်ရင်မှားသွားပါလိမ့်မယ်။ ဖရဲသီးမှာပါဝင်သည့် Vitamin C, A တို့သည် ခန္ဓာကိုယ်အတွက် အရေးပါသည့် Lycopene ဓာတ်ကို တစ်ဖက်တစ်လမ်းက ကူညီအားဖြည့်ပေးပါတယ်။ အဲဒါကြောင့် ရာသီမရွေး ဖရဲသီးကိုစားသုံးသင့်ပါတယ်။

Image result for watermelon

ထောပတ်သီး

ထောပတ်သီးတွင် Vitamin A,C,E ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်ကို အထူးကျန်းမာစေရုံသာမက အသားအရည်ကိုလည်း လှပစေတာကြောင့် ဆောင်းရာသီမှာ စားသုံးသင့်သည့် အစားအစာဖြစ်ပါတယ်။

Image result for avocado

ကြက်စွပ်ပြုတ်

ရှေးပဝေသဏီမှစ၍ ကြက်စွတ်ပြုတ်ရည်ကို ကိုယ်ခံအားကောင်းစေတဲ့ ဓာတ်စာအဖြစ် သောက်သုံးလာခဲ့ကြပါတယ်။ သိပ္ပံနည်းကျ ဓာတ်ခွဲစမ်း သပ်ကြည့်ရာ ကြက်သား နှင့် ကြက်ရိုးစွတ်ပြုတ်ရည်ဟာ ကိုယ်ခံအားကောင်းစေရုံသာမက အအေးမိခြင်း၊ နှာစေး၊ ချောင်းဆိုးခြင်းနှင့် ဖျားနာခြင်းအမျိုးမျိုးတို့အတွက် အကောင်းဆုံးအိမ်တွင်းသမားတော် ဖြစ်တယ်လို့ နိုင်ငံတကာဆေးသုတေသီများက အသိအမှတ်ပြု ထောက်ခံထားကြပါတယ်။

Image result for chinese chicken soup

ဂျင်း

ဂျင်းသည်လည်း ကိုယ်ခန္ဓာကိုကျန်းမာစေသည့် သဘာဝဆေးကောင်းတစ်လက်ဖြစ်ပါတယ်။ အထူးသဖြင့် ဆောင်းရာသီမှာ ဖြစ်တတ်တဲ့ အအေးမိ၊ နှာစေး၊ ချောင်းဆိုးစတဲ့ တုပ်ကွေးရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်တာကြောင့် စားသုံးပေးရမယ့် အစားအစာတစ်ခု ဖြစ်ပါတယ်။

Image result for ginger

မှို

မှိုတွေကတော့ ဆောင်းရာသီမှာ မပေါများသည့်အတွက် ဈေးကြီးပေးပြီး စားရပါတယ်။ မှိုတွင် Vitamin D နှင့် Zinc တို့ပါဝင်တာကြောင့် ကိုယ်ခံအားကိုမြှင့်တင်ပေးပါတယ်။ မှိုသည် ဆောင်းရာသီဒဏ်ကိုခံနိုင်သည့် ဓာတ်စာဖြစ်သောကြောင့် အထူးစားသုံးသင့်ပါသည်။

Image result for မှို

အထက်မှာဖော်ပြပေးထားတဲ့ အရာတွေကပဲ ကောင်းတာလားဆိုတော့ မဟုတ်ပါဘူး။ ရာသီစာအနေဖြင့်ရော လူ့ကိုယ်ခန္ဓာအတွက်ရော အကျိုးပြုသည့် အစားအစာအများကြီးရှိတဲ့အထဲကမှ အနည်းအကျဉ်း ရေးသားဖော်ပြထားခြင်းမျိုးဖြစ်ပါတယ်။ “ အစာလည်းဆေး ဆေးလည်းအစာ” ဖြစ်လို့ စားလိုက်သည့် အစားအစာတိုင်းသည် ကျန်းမာရေးတွေအထောက်အကူ ဖြစ်အောင်ချင့်ချိန်ပြီး မျှမျှတတစားသုံးခြင်းဖြင့် မိမိတို့ခန္ဓာကိုယ်ကို အများကြီးအကျိုးဖြစ်ထွန်းစေပါတယ်။

Source : yangon style

Facebook Comments

Burmese News