မန္တလေး ကုသိုလ်တော်ဘုရားအတွင်း ဖိနပ်စီလမ်းလျှောက်နေကြသူများမှာ တရုတ်နိုင်ငံသားများဖြစ်

၂၀၁၉ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့မှာ မြန်မာ- ထိုင်းချစ်ကြည်ရေး သံဃာအပါးသုံးသောင်းဆွမ်းလောင်းပွဲကျင်းပပြုလုပ်နေတဲ့အချိန်တွင် မန္တလေး ကုသိုလ်တော်ဘုရားအတွင်း ကော်ဇောနီခင်းထားတဲ့အပေါ်မှာ နိုင်ငံခြားသားတစ်ချို့ ဖိနပ်စီးပြီး လမ်းလျှောက်ဝင်ရောက်နေတဲ့ပုံ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လျက်ရှိပြီး ဝေဖန်မှုများစွာလည်း ရှိနေပါတယ်။

Image may contain: one or more people and people standing

ဘုးရားပေါ်တွင် ဖိနပ်စီးလမ်းလျှောက်ဝင်လာတဲ့သူများကတော့ တတရုတ်နိုင်ငံသားတွေဖြစ်တယ်လို့ ဘုရားဂေါပကအဖွဲ့ကပြောပါတယ်။

Image may contain: one or more people and people standing

ကြိုဆိုရေးပြုလုပ်ဖို့ ခရီးစဉ်ရှိတာကြောင့် ကော်ဇောခင်းကြိုဆိုတာဖြစ်ပြီး ဖိနပ်စီးထားတဲ့ တရုတ်နိုင်ငံသားတွေက နောက်ကနေကပ်လျက်လိုက်ပါလာတာကြောင့် ချက်ချင်းမသိခဲ့ပဲ အတွင်းပိုင်းထိမရောက်ခင်မှာ တားဆီးနိုင်ခဲ့တယ်လို့ ဂေါပကအဖွဲ့ဥက္ကဌကပြောပါတယ်။

Source-MON

Facebook Comments

Burmese News