စိတ်ကျန်းမာရေး ချို့တဲ့နေသည့် တူတော်စပ်သူမှ ဓားနှင့်ခုတ်လို့ ဦးလေးဖြစ်သူ သေဆုံးမှုဖြစ်ပွာ

မကွေးတိုင်းဒေသကြီး၊တောင်တွင်းကြီးမြို့နယ်၊ဂုံညင်းတန်းအုပ်စု၊ဂုံညင်းတန်းကျေးရွာတွင် ဒီဇင်ဘာ(၇)ရက်နေ့၊ည(၇)နာရီအချိန်ခန့်က ဓားခုတ်မှု ဖြစ်ပွားကြောင်း ဆတ်သွားနယ်မြေရဲစခန်းမှ သိရပါတယ်။ အခင်းဖြစ်နေရာသို့ ဆတ်သွားနယ်မြေရဲခန်းမှ သွားရောက်စစ်ဆေးခဲ့ရာ ဦးမောင်တင့်မှာ ဘုရားခန်းရှေ့၌ ဦးခေါင်းနောက်စေ့မှ ဝဲနားရွက်အထိ (၅)လက်မခန့်ပြတ်ရှဒဏ်ရာတစ်ချက်၊ယာလက်မ (၂)လက်မခန့်ပြတ်ရှဒဏ်ရာတစ်ချက်၊ဝဲလက်မ (၂)လက်မခန့်ပြတ်ရှဒဏ်ရာတစ်ချက်(စိုးရိမ်ရ)တို့နှင့် လဲကျသေဆုံးနေကြောင်းတွေ့ရှိရ၍ တောင်တွင်းကြီးမြို့နယ်ပြည်သူ့ဆေးရုံသို့ ရဲဆေးစာနှင့်အတူ ပို့အပ်ခဲ့ကြောင်းသိရပါတယ်။ဖြစ်စဉ်အားဆက်လက်စုံစမ်းရာ-ဂုံညင်းတန်းကျေးရွာနေ ဒေါ်စိန်ဆင့် သည် နေအိမ်အောက်ထပ်တွင် ခင်ပွန်းဖြစ်သူ ဦးမောင်တင့် နှင့်အတူရှိနေစဉ် တစ်ရွာတည်းနေ စိတ်ကျန်းမာရေးမကောင်းမွန်ဖြစ်နေသည့် ၎င်း၏တူစပ်သူ ချမ်းငြိမ်းမောင်(ခ)ဖိုးပြား(သ)၃၆ နှစ် ရောက်ရှိလာပြီး ထမင်းစားချင်တယ်​လို့ပြောကာနေအိမ်အပေါ်ထပ်သို့ တက်သွားကြောင်း၊ခဏအကြာတွင် ခင်ပွန်းဖြစ်သူမှလည်း ဘုရားရှိခိုးရန်နေအိမ်အပ်ါထပ်သို့ တက်သွားခဲ့ကြောင်း၊ခဏအကြာတွင် ခင်ပွန်းဖြစ်သူရဲ့အော်သံကြားရလို့ နေအိမ်အပေါ်ထပ်သို့ တက်ကြည့်ခဲ့ရာ ဒေါ်စိန်ဆင့် နေအိမ်ပေါ်အရောက်တွင် တူဖြစ်သူ ချမ်းငြိမ်းမောင် မှာ နေအိမ်တံခါးပေါက်မှ ခုန်ချထွက်ပြေးသွားကြောင်း ဒေါ်စိန်ဆင့် မှ ပြောပြသိရှိရပါတယ်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ခင်ပွန်းဖြစ်သူအား ဓားနှင့်ခုတ်သူ ချမ်းငြိမ်းမောင်အား ဥပဒေအရအရေးယူပေးပါရန် ဒေါ်စိန်ဆင့်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ဆတ်သွားနယ်မြေရဲစခန်းမှ(ပ)၁၃၇/၂၀၁၉၊ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် အမှုရေးဖွင့် ဖမ်းဆီးအရေးယူ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရပါတယ်။

Source : Taungdwingyi News

Facebook Comments

Burmese News