အေအေစစ်ဦးစီးချုပ်၏ ဇနီးနှင့်သားသမီးများကို ဘန်ကောက်လ၀ကသို့ ပို့ဆောင်စစ်ဆေး

ရခိုင်တပ်တော် (အေအေ) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဇနီးနဲ့ သားသမီးတွေကို ပြည်နှင်ဒဏ်မပေးရသေးဘဲ ဘန်ကောက် လ၀ကအချုပ်ခန်းသို့ ခေါ်ဆောင်လာပြီး လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေ ဆက်လုပ်နေတယ်လို့ ချန်နယ် ၁၈ ထိုင်းရုပ်သံ သတင်းမှာဖော်ပြပါတယ်။

အေအေစစ်ဦးစီးချုပ်ရဲ့ ဇနီးဖြစ်သူ မနှင်းဇာဖြူ (၃၈ နှစ်) ၊ သမီး စောပြည့်ရှင် (၁၁ နှစ်) နဲ့ သား မြတ်လင်းဇံ (၁၁ လ) တို့ကို ထိုင်းနိုင်ငံထဲ တရားမဝင် – ဝင်ရောက်နေထိုင်မှုနဲ့ ချင်းမိုင်လ၀က ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်က ဖမ်းဆီးခဲ့တာပါ။အဲဒီနောက် သူတို့သားအမိကို မြန်မာနယ်စပ် ချင်းရိုင်းခရိုင်သို့ ရဟတ်ယာဉ်နဲ့ ခေါ်ဆောင် လာပြီး မြန်မာအာဏာပိုင်တွေလက်ထဲ ပြန်အပ်မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

Image result for အေအေစစ်ဦးစီးချုပ်

ဒါပေမယ့် သူတို့သားအမိကို မြန်မာအာဏာပိုင်တွေလက်ထဲ အပ်လိုက်ရင် အရေးယူ ထောင်ချ ခံရမှာဖြစ်ကြောင်း၊ အဲဒီလို ထောင်ချလိုက်ရင် ရခိုင်ပြည်နယ်အရေးဟာ အခြေအနေ ပိုဆိုးလာမှာ ဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဖိအားပေးလာတာကြောင့် ပြည်နှင်ဒဏ်မပေးရသေးဘူးလို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒု-ပြောရေးဆိုခွင့်ရှိသူ ဒုရဲချုပ် ကရစ္စနား ဖတ်ထနကျရွန်းကေ သတင်းထောက် တွေကို ပြောပါတယ်။လောလောဆယ် သူတို့မိသားစုကို ဘန်ကောက်သို့ခေါ်ဆောင်လာပြီး ထိုင်းလ၀က ရုံးချုပ် အချုပ်ခန်းမှာ ထိန်းသိမ်းထားကြောင်း၊ သူတို့မိသားစုဟာ သက်ဆိုင်ရာနိုင်ငံက အလိုရှိနေတဲ့သူ ဟုတ်မဟုတ် စစ်ဆေးမေးမြန်းနေတယ်လို့ ထိုင်းဒုရဲချုပ်က ပြောပါတယ်။

Source-ဒီဗွီဘီ

Facebook Comments

Burmese News