အင်တာဗျုးတွေမှာ ခင်ပွန်းရဲ့မျက်နှာကိုကြည့်ပြီး လက်ကို မလွတ်ရတဲ့ အကြောင်းပြောလာတဲ့ ပိုင်ဖြိုးသု

ုနောက်ပိုင်းနှစ်တွေမှာ ပရိသတ်အားပေးမှု အပြည့်အဝ ရထားပြီး အရမ်းကို ကောင်းမွန်တဲ့ရုပ်ရှင်တွေပဲ ဆက်တိုက်ရိုက်နေတဲ့ မင်းသမီး ပိုင်ဖြိုးသုကိုတော့ တော်တော်များများလည်း သတိထားမိကြမယ် ထင်ပါတယ်။ မင်းသမီးပိုင်ဖြိုးသု ကတော့ ယခုနောက်ပိုင်းနှစ်တွေမှာ ပရိသတ်တွေရင်ထဲကိုရောက်တဲ့ ကားတွေကို အရိုက်များလာပြီး အရမ်းကို နာမည်ကြီးလာတာ ဖြစ်ပါတယ်။ပိုင်ဖြိုးသုကတော့သရုပ်ဆောင်ပိုင်းမှာလည်း ပြောင်မြောက်သလို အချစ်ရေးမှာလည်း ပြောင်မြောက်လှပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားပြီး ခင်ပွန်းဖြစ်သူ ဏကြီးကလည်း အရမ်းကို တာဝန်ကျေတဲ့ခင်ပွန်းကောင်း တယောက်လည်း ဖြစ်ပါတယ်။

Image result for paing phyo thu

ဒါပေမယ့်လည်း တချို့ ကိစ္စ လေးတွေမှာ ညှိယူရပြီး သူတို့ရဲ့ ပျော်ရွှင်စရာ အိမ်ထောင်ရေးလေးကို ဖန်တီးထားတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အင်တာဗျူးတွေမှာ ဆိုရင်လည်း တယောက်နဲ့ တယောက် မျက်နှာကို ကြည့်ရင်း စကားတွေပြောရင်း ရိုနေကြတာကိုတော့ ပရိသတ်တွေက သဘောကျနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပိုင်ဖြိုးသုတယောက်ကတော့ သူ့အနေနဲ့ အင်တာဗျူးတွေ ဖြေရင် သူ့ရဲ့ခင်ပွန်းလက်ကို ကိုင်ရင်း ဘာကြောင့် ရိုရတဲ့ အကြောင်းလေးကို သေချာလေး ရှင်းပြလာတာ ဖြစ်ပါတယ်။

ပိုင်ဖြိုးသုကတော့ သူမရဲ့ဖေ့ဘုတ်အကောင့်မှာ “ကျွန်မရဲ့ ဦးရေခဲ ဦးကန့်လန့် စက်ရုပ်ကြီး စိတ်ထဲရှိ ရှိတဲ့အတိုင်းတွေပြောတတ်လွန်းသူကြီး Media တွေမှာinterview ဖြေတိုင်းဒေါ်သုကလေ ဦးရေခဲမျက်နှာလေးကိုတစိမ့်စိမ့်ကြည့်ပြီး လက်ကလေးကိုမလွှတ်တိုင်းကိုင်ထားတာကို ယူတို့တွေကဒေါ်သုသိပ် Ro တယ်လို့ထင်ကြတယ်ဟုတ်။

Image result for paing phyo thu Na Gyi

တကယ်တော့ တစိမ့်စိမ့်ကြည့်တာမဟုတ်ဘူး မျက်‌ခြေပြတ်မခံရဲဘဲ မျက်စိဒေါက်ထောက်ကြည့်နေတာ မလွှတ်တမ်းတွဲထားတဲ့လက်က သူဒုတ်ထိုးအိုးပေါက်တွေဖြေပြီး စကားမှားတော့မယ်ဆိုရင် ကြိတ်ပြီးကုတ်ဖို့တွဲထားတာ အဲ့‌ဒီလောက်စောင့်ကြည့်အကဲခတ်သတိပေးနေတဲ့ကြားထဲကလည်း ပြောချင်တာကိုရအောင်ပြောသေးတာ တစ်ခါတစ်လေများ သုသုကျွန်တော့်လက်ကိုကုတ်နေပြီ သူမပြောစေချင်တော့ဘူးနဲ့တူတယ်လို့တောင် အလိုက်မသိ mediaကိုထည့်ဖြေပစ်တာ အဲ့သလိုပါဆို ကျွန်မရဲ့ဦးရေခဲက But that’s the reason I’m crazy about him even after all these 6 years” ဆိုပြီး ခင်ပွန်းအပေါ်ထားတဲ့ ချစ်စရာကောင်းတဲ့ စိတ်ဓာတ်လေး အကြောင်း ပြောပြလာပါတယ်။ ပြောချင်လွန်းလို့ပရိသတ်တို့ရော ဒေါ်သုတယောက် ဦးရေခဲ အပေါ်ထားတဲ့ စိတ်ဓာတ်လေးကို ကြိုက်ကြတယ်မလား။

Source : Ygn-News

Facebook Comments

Burmese News