လမ်းဘေးမှာ ပုဆိုးလေးခြုံ ဒူးလေးကွေးပြီး အိပ်နေရတဲ့ အိမ်ခြေမဲ့တွေအတွက် အလှူရှင်တစ်ဦးရဲ့ စေတနာ

အခုဆိုရင် မိုးကုန်လို့ ဆောင်းကူး မြောက်လေကရူးဆိုတဲ့ အခါမှာ မြန်မာနိုင်ငံတစ်နံတစ်လျားမှာ မြို့တိုင်းလိုလို အေးလို့နေကြပါပြီနော်။ ဒီကြားထဲ ဗူးလေးရာ ဖရုံဆင့်ဆိုသလို ဒီဇင်ဘာလထဲမှာ အအေးလိုင်းကလည်း ဖြတ်မှာဖြစ်တာကြောင့် အအေးပိုကာ သက်ကြီးသူများ ၊ နှလုံးမကောင်းသူများ ၊ လေဖြတ်ထားသူများအတွက် အထူးပဲသတိထားစရာပါနော်။

ကိုယ့်အိမ်နဲ့ကိုယ် ၊ ကိုယ့်အိပ်ယာနဲ့ ကိုယ်တောင် ရေမချိုးရဲအောင် အေးနေကြတဲ့အခါမှာ အချို့ အိမ်ယာမဲ့တွေဘဝက အတော်လေးကို သနားစရာကောင်းပါတယ်။ အမှောင်ထုနဲ့ ည ဆိုတာ သူတို့အတွက်တော့ တကယ့်ကို ခြောက်ခြားစရာ ညတစ္ဆေတွေပါပဲ။အေးလှပါတယ်ဆိုတဲ့ ဆောင်း နဲ့ အအေးလိုင်းက ဖြတ်ပါတယ်ဆိုမှ ဖြစ်သလိုနေရာလေးတွေမှာ ပုဆိုးကိုလုံအောင်ခြုံပြီး ကွေးနေရတဲ့ ဘဝတွေပါ။

ဒီလို ဘဝတွေကို မကြည့်ရက်လို့ ဆိုပြီး ကိုဟိန်းထက်စည် တို့ သားအမိတွေက စောင်တွေ ဝယ်ပြီးတော့ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ တကယ့်ကို သာဓုခေါ်စရာပါ။ အခုလို လူသားအချင်းချင်း စာနာစိတ်နဲ့ ကူညီပေးတာ ၊ လိုအပ်သူကို ကူညီပေးတာဟာ နတ်လူသာဓု ခေါ်ဆိုနိုင်ဖွယ်ရာပါနော်။ ဒါကြောင့် မိတ်ဆွေတွေလည်း သာဓုခေါ်နိုင်အောင် ပြန်လည်မျှဝေပေးပါတယ်။

တကယ်လို့ မိမိ မြို့ရွာမှာလည်း ဒီလို ဒုက္ခရောက်နေသူတွေကို ပစ်မထားပါနဲ့။သူတို့ ဟာ ဆင်းရဲတယ်ဆိုပေမယ့် နွေးထွေးစွာ အိပ်စက်သင့်တဲ့ လူသားတွေပါ။ သူတို့ဟာ ကျွန်တော်တို့လို လူသားတွေပါခင်ဗျာ.. (၇ ) ရက်သားသမီးအပေါင်း ဆင်းရဲခြင်းဘေး ကင်းစင်ဝေးကြပါစေနော်။

Photos- Hein Htet Si … Shwe Yaung Lan

Facebook Comments

Burmese News