အသက် (၉၅) နှစ် အရွယ် မိခင်ကို ရက်စက်စွာ တောင်းရမ်း ခိုင်းနေသည့် သမီးဆိုး

အမေကို လိုက်တောင်းရမ်း ခိုင်းနေသူ ဇင်းကျိုက် ဗိုလ်ချုပ်ဈေး ထဲတွင် အသက် ၉၀ ကျော် အရွယ် မိခင် အားသမီး ဖြစ်သူက လိုက်လံ တောင်းရမ်းခိုင်း နေသည့် ဖြစ်ရပ် တစ်ခု စစ်ဆေး တွေ့ရကြောင်း သိရ သည်။

တနင်္သာရီတိုင်းဒေသကြီး လောင်းလုံး မြို့နယ် အန်တောပျံ ကျေးရွာ နေ ခင်သန်းမူ ၄၅ နှစ် (ဘ)ဦးသံချောင်း သည် အသက် ၉၅ နှစ်အရွယ် ဒေါ်သောင်းတင် အား ဈေးများ တွင် လိုက်လံ တောင်းရမ်း ခိုင်းနေပြီး ရရှိသော ငွေများအား ယူနေသည်ကို ပတ်ဝန်းကျင် ကတွေ့ရှိ သတင်း ပေးချက်အရ ဇင်းကျိုက် ရဲကင်းစခန်း တွင် ဒီဇင်ဘာ (၉) ရက်နေ့က ခေါ်ယူ စစ်ဆေး နေကြောင်းတွေ့ ရသည်။

အသက် ကတော့ (၉၅) နှစ် နဲ့ (၄၅) နှစ် နဲနဲတော့ စဉ်းစား စရာပါပဲ. . ကာယကံရှင်က မိခင်လို့ ပြောပေမယ့်.မိခင် အရင်း ဟုတ်မဟုတ် စစ်ဆေး နေဆဲပါ ငယ်ငယ်တုန်းကလည်း မေက ရှာဖွေ ကျွေးမွေးရတယ်. . ကြီးလာတော့လည်း မိဘကို ပြခိုင်းစားတယ်. . မလွန်လွန်းဘူးလားဗျာ. . .ဒီလို သားသမီး မျိုးကတော့ ငရဲအိုး ကို ဇောက်ထိုးဆင်း ရမှာပါပဲ။

Facebook Comments

Burmese News