အအေးလှိုင်းဖြတ်ချိန် ည၁၁နာရီကျော် လမ်းဘေးမှာ အိမ်ခြေမဲ့ အိပ်နေသူတွေကို အနွေးဓာတ်လိုက်ပေးတဲ့ ချစ်စရာအဖွဲ့လေး

လူကဒီကာလလေးမှာမှ အလုပ်လေးတွေလုပ်ရတယ်​နေ့တွေညတွေမှားပီး မအိပ်ရတဲ့ရက်တွေများခဲ့တယ် ဒါမဲ့ တနေ့တခြားအေးလာခဲ့တဲ့ ရန်ကုန်ဆောင်းအတွက် အိမ်ခြေမဲ့လေးတွေ တခြားအကြောင်းမျိုးစုံနဲ့ အနွေးဓာတ်လိုမယ့်လူတွေအတွက် တွေးရင်း စိတ်ပူလာခဲ့တယ် …..

Image may contain: one or more people, people standing and outdoor

ဒါနဲ့ပဲ နေမထိ ထိုင်မသာနဲ့ ကိုယ့်ချွေးနှဲစာလေးတွေနဲ့ စောင်အထည် ၁၀၀ ကိုပထမရက်မှာ ကိုယ်အချစ်ရဆုံးသူငယ်ချင်းတွေနဲ့လှူနိုင်ခဲ့တယ် နောက်တရက်မှာတော့ ကိုယ့်ကိုယုံကြည်စွာနဲ့လှူပေးတဲ့သူငယ်ချင်း မိတ်ဆွေတွေရဲ့ စောင်လေးတွေကိုလှူပေးခဲ့တယ် နောက်ထပ်အလှူရှင်တွေလည်းထပ်လှူတုန်းပါပဲ​နောက်ရက်တွေမှာလည်းထပ်လှူပေးပါဦးမယ်နော် ဒီနေရာမှာလှူပုံလေးပြောပြမယ်နော် ပထမဆုံးစဉ်းစားရတာက သူတို့လေးတွေရဲ့အိပ်ချိန်ပါ ည၁၁နာရီကျော်လောက်မှအိပ်ကြတာဆိုတော့ အဲ့အိပ်ချိန်လောက်မှ ကိုယ်တွေလည်းထွက်ကြရတယ် အဲ့နောက် လူတွေအိပ်နိုင်လောက်တဲ့ နေရာတွေကို လိုက်ရှာရတယ်

Image may contain: one or more people, people dancing, people standing, shoes, basketball court and outdoor

ဆေးရုံ ဘူတာရုံ ဂုံးတံတားအောက် သဘော်ဆိပ် ဈေး နေရာအနှံ့ပေါ့ ကိုယ်တွေရောက်ချိန်ဆို သူတို့လေးတွေ ပုဆိုးတွေ ထမိန်ခြုံကွေးနေကြပီ တချို့ဆို ဖျာတောင် ခြုံအိပ်နေရတယ် အဲ့ချိန်တွေဆို စိတ်လည်းမကောင်း ဝမ်းလည်းနည်းရတယ် ဘဝတွေဟာ ဒီလောက်တောင်ခက်ခဲကြသလားလို့လေ​စောင်လေးခြုံပေးချိန်တချို့တွေနိုးလာကြတယ်​စောင်လေးတွေလှူပေးတါပါလို့ပြောရင် မျက်လုံးကအရောင်လေးတွေတောက်ရင်း အရမ်းကျေးဇူးတင်ကြောင်းတွေပြောရင် ဝမ်းနည်းဝမ်းသာ ပီတိဖြစ်ရတယ် …..

Image may contain: one or more people

တချို့ဆို ဘယ်လောက်တောင်ပင်ပန်းနေကြသလဲမသိ ကိုယ်တွေစောင်လွှမ်းပေးတါတောင်မသိကြဘူး ဒါမဲ့နိုးလာချိန် စောင်လေးတွေ့ရင် ဝမ်းသာမှာပါ ကိုယ်တွေသူငယ်ချင်းအဖွဲ့ကလူတွေကိုလည်းအရမ်းကျေးဇူးတင်ပါတယ် ကိုယ့်ဘာသာကိုယ်အိမ်မှာနွေးနွေးထွေးထွေးအိပ်နေနိုင်ရဲ့သားနဲ့ သူများတွေချမ်းနေရှာဆိုပီး မအိပ်နိုင်ပဲ လမ်းတွေလျှောက်ပီး အနွေးဓာတ် မေတ္တာတွေပေးတာပါ ချစ်စရာ ကောင်းလွန်းလှတဲ့ ကျွန်မရဲ့ အချစ်ရဆုံးတွေပါ ကိုယ်ဘာလုပ်လုပ်နောက်က ကူကြတာအမြဲ လူအား ငွေအားတွေပေါ့ အားတွေလည်းရှိပါတယ်….

No photo description available.

ပထမရက်မှာ ကားရော လူရော လိုက်ကူကြတဲ့ ဦးဇ္ထောနြ်းအကိုကြီး Ko MyoKoMyoဖောင်ကြီးကနေ ပင်ပန်းပီးပြန်လာတာတောင်မနားနိုင်ဘူး အိုမားကိုလိုက်ကူတဲ့ ချစ်ဆုံး မားဖန် EiPhan နောက်ပီး သားကိုမအူပင်ကြိုပီး တောက်လျှောက် မနက်၃နာရီထိလိုက်ကူတဲ့ ……

Image may contain: outdoor

ချစ်နဲ့သားသားChit ChitZarchi နဲ့ အချစ်ရဆုံးရဲဘော်တွေဖြစ်တဲ့ Wutt HmoneLinnMaungMaungNgeTin MaungMyintChit UMg မကြီး မမြတ်သီတာMyat ThidaAung Show ShowAung ကျေးဇူးတင်ပါတယ်နော်…..ဒုတိယညမှာ ကားလိုက်ပီးကူမောင်းပေးတဲ့ လူညိုခော် မောင်လူအေးThantzinSoe ခေါင်းနဲ့ဒူးမကွဲတဲ့ အောင်မြင်သူကြီး Hein HtetSi SnowLily Zin Ye NaungGP Hsu MyatNaDi ကားမမောင်းဘဲ ကိုယ်နဲ့အတူ လိုက်ကူတဲ့ Than ZawOoနာက်ဆုံးအင်းစိန်ဆေးရုံထဲသွားလှူချိန် Deadbody တွေ့ပီးပြေးလာကြတဲ့ ကိုယ့်ရဲ့ရဲဘော်တွေအားလုံးကိုချစ်တယ်နော် (ဒါကဆေးထိုးတာ)အဲ့တော့နောက်ညတွေလည်းလိုက်ကူကြမယ်ဆိုလည်းလာပေးကြပါနော် ….

Image may contain: shoes

လှူချင်တဲ့နေရာတွေရှိရင်လည်းပြောပေးကြပါဦး​နောက်ပီး မိဘမဲ့​ဂေဟါတွေ သက်ကြီးဘိုးဘွားဂေဟါတွေကိုလည်းသွားလှူပါဦးမယ်​စောင်လေးတွေထပ်လှူချင်သေးရင်လည်း လှူကြပါလို့ လက်ခံပါဦးမယ် အခုလောလောဆယ်တော့ ကိုယ်ကဆေးကူမှရတော့မယ် မနက်၃နာရီ မှအိမ်ရောက်ပီးအိပ်ရတာ နောက်နေ့ အလုပ်ရှိတော့ တနေ့မှ အိပ်ချိန် ၃/၄နာရီဆိုတော့ လူလည်းမူးဝေနေပီ ဘာပဲဖြစ်ဖြစ် ပျော်တယ် ကြည်နူးတယ် ပီတိဖြစ်တယ်

ကဲ အနွေးဓာတ်လေးတွေပေးရအောင်…..။

Source-SM

Facebook Comments

Burmese News