‘ဝင်္ကပါလမ်းမများ’ရုပ်သံတွင် စိုင်းစိုင်းနှင့်အတူ သရုပ်ဆောင်ရန် အမျိုးသမီးသရုပ်ဆောင်သစ်ခေါ်ယူ

Last modified date

ရုပ်သံဇာတ်လမ်းတွဲတခုမှာ အဆိုတော်သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်နဲ့ အတူတွဲ သရုပ်ဆောင်ဖို့ ဝါသနာရှင်အမျိုးသမီးသရုပ်ဆောင် ၂ ယောက်ကို ခေါ်ယူနေပါတယ်။

‘ဝင်္ကပါလမ်းမများ’ အမည်ရတဲ့ အဲဒီရုပ်သံဇာတ်လမ်းတွဲကို Myanmar Media 7 မှ စီစဉ်တာ ဖြစ်ပြီး မိုးနီလွင်ရဲ့ ဇာတ်လမ်းကို မေကစ်၊ ချိုဝတ်ရည်လွင်၊ မာကို(Golden Fine Arts)တို့က ဇာတ်ညွှန်းခွဲထားပေးပြီး ဒါရိုက်တာ ထွဋ်တင့်ထွန်း (hmko) က ရိုက်ကူးမှာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲထဲမှာ စိုင်းစိုင်းနဲ့အတူ တခြားသရုပ်ဆောင်တွေဖြစ်ကြတဲ့ ဖြိုးငွေစိုး၊ သက်မွန်မြင့်၊ အေးမြတ်သူ၊ ခင်ဝင့်ဝါ စတဲ့ သရုပ်ဆောင်တွေနဲ့ တခြားသရုပ်ဆောင်တွေလည်း အများကြီး ပါဝင်သွားမှာဖြစ်ပြီး ခုဖိတ်ခေါ်ထားတာကတော့ လိုအပ်တဲ့ ၂ နေ ရာအတွက် ဝါသနာရှင်သရုပ်ဆောင် အမျိုးသမီးတွေကို ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။

လိုအပ်တဲ့ အရည်အချင်းတွေကတော့ သွက်လက်ချက်ချာပြီး ရဲရဲတင်းတင်း သရုပ်ဆောင်နိုင်သူ၊ အသက် ၁၈ – ၂၅ အတွင်း၊ အိမ်ထောင်မရှိသူ လူလွတ်ဖြစ်ရမှာ ဖြစ်ပါတယ်။

စိတ်ဝင်စားသူတွေအနေနဲ့ ကိုယ်လုံးပေါ် အလှဓာတ်ပုံတပုံ၊ မျက်နှာထင်ရှားစွာမြင်ရတဲ့ လိုင်စင်ဓာတ်ပုံတပုံ၊ အရုပ် အသံကြည်လင်စွာနဲ့ မိမိနှစ်သက်ရာ အကြောင်းအရာ တခုကို ၃ မိနစ်စာ သရုပ်ဆောင် ထားတဲ့ ဗွီဒီယိုဖိုင်တခု၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တို့နဲ့ အတူ အီးမေးလ်လိပ်စာ [email protected] ကို ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့ရမှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။

Facebook Comments

Burmese News