ပြီးခဲ့တဲ့ရက်အနည်းငယ်ကပျောက်ဆုံးနေသော ဆရာဝန်သားအဖ ၂ ဦးကို ငွေသိန်း၂၀နှင့်ကားထားခဲ့ ပါကပြန်လွှတ်ပေးမည်ဟု ဖုန်းဆက်လာကြောင်း သိရ

ပျောက်ဆုံးနေသော ဆရာဝန်သားအဖ နှစ်ဦးကိုရှာ ဖွေရန်ဖုန်း အော်ပရေတာများ၏ အကူအညီပါလိုအပ် နေတယ်ဟု မော်လမြိုင်မြို့ နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးညီညီက ပြောပါတယ်။ဒီဇင်ဘာ၅ရက်ညက ပျောက်ဆုံးခဲ့သည့် ဒေါက်တာ အေးဇော်ထွန်းနှင့် ၎င်း၏ (၃) နှစ် အရွယ်သားဖြစ်သူတို့နှင့် နောက် ဆုံးအဆက်အသွယ်ရခဲ့သော ဖုန်း နံပါတ်၏ တည်နေရာအတိအကျ သိရန် လိုအပ်နေကြောင်း ရဲမှူး မျိုးညီညီကဆိုပါတယ်။ ယခု‘‘စားသုံးသူဥပဒေပေါ်လာတော့ တည်နေရာကို အလွယ် တကူတောင်းမရတော့ဘူး။ အဲဒီအတွက် မြန်မြန်ဆန်ဆန်ထုတ် ပေးနိုင်ဖို့ ဖုန်းအော်ပရေတာတွေ ကိုတောင်းဆိုချင်တယ်’’ ဟု ၎င်း ကပြောပါတယ်။ငွေကျပ်သိန်း၂၀နှင့် မော်တော်ကားထားခဲ့ပါက သားအဖနှစ်ဦးကိုပြန် လွှတ်ပေးမည်ဆိုသော ဖုန်းနံ ပါတ်များ၏ တည်နေရာကို လိုက်ရန်အော်ပရေတာများ၏ အကူအ ညီလိုအပ်ကြောင်း ရဲမှူးမျိုးညီညီ ကဆိုပါတယ်။

ဒီဇင်ဘာ ၇ ရက်ညက မိသားစုထံသို့ ဆက်သွယ်အ ကြောင်းကြားရန် ဖြန့်ဝေထား သည့် ဖုန်းနံပါတ်များသို့ ဖုန်းနှစ် လုံးဝင်လာပြီး ကျပ်သိန်း ၂၀ ပေး လျှင် ပြန်လွှတ်ပေးမည်ဖြစ် ကြောင်းနှင့် ကားထားခဲ့ပါက လူ နှစ်ဦးကို ပြန်လွှတ်ပေးမည်ဟု ပြောလာခြင်းဖြစ်ပါတယ်။ ခုနောက်ပိုင်း တည်နေရာပေးတာတို့ကို တိုက်ရိုက်လုပ်ခွင့်မရှိဘူး။ သက်ဆိုင်ရာရဲက ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှာ လျှောက်ရပါတယ်။ စားသုံးသူဥပဒေပေါ်လာ တဲ့အတွက်ပေးလို့မရတော့တာပါ။ ရဲတပ်ဖွဲ့က သူ့လုပ်ထုံးလုပ်နည်း အတိုင်းဆက်သွယ်ရေး ညွှန်ကြား မှုဦးစီးဌာနဆီရောက်ရင် အဲဒီက နေတစ်ဆင့် ကျွန်တော်တို့ဆီ ရောက်ရင်ပေးလို့ရပြီ’’ ဟု MPT ဆက်သွယ်ရေးအော်ပရေတာမှ တာဝန်ရှိသူကပြောပါတယ်။

ယမန်နေ့ (ဒီဇင်ဘာ ၉ ရက်) အထိ ဒေါက်တာအေးဇော်ထွန်းနှင့် ၎င်း၏သားတို့သည် ကားတစ် စီးနှင့် ပျောက်ဆုံးနေသည်မှာ လေးရက်ရှိလာပြီဖြစ်ပြီး ရဲတပ် ဖွဲ့အနေဖြင့် ရှာဖွေ၍ရနိုင်သော နေရာများနှင့် အချက်အလက်များ ကိုစုံစမ်းနေကြောင်း ရဲမှူးမျိုးညီ ညီကဆိုပါတယ်။ ‘‘ဒေါက်တာအေးဇော်ထွန်း မှာ ATMကတ်ပါသွားတဲ့အ တွက် ဘဏ်တွေလိုက်ရတယ်။ ငွေ ထုတ်သွားတာရှိလားစစ်တော့မ ထုတ်သေးဘူး။ လမ်းကြောင်း တွေက စီစီတီဗီတွေလည်းလိုက် စစ်နေတယ်’’ ဟု ၎င်းကပြော ပါတယ်။ ဒေါက်တာအေးဇော်ထွန်း သည် ဒီဇင်ဘာ ၅ ရက်ညက မော်လမြိုင်မြို့ရှိ ဧရာဝတီစား သောက်ဆိုင်တွင် ၎င်း၏သားအ ပါအဝင်သူငယ်ချင်းသုံးဦးနှင့်အ တူဆိုင်ထိုင်ခဲ့ပြီး ည ၉ နာရီခွဲအထိ ဒေါက်တာအေးဇော်ထွန်းနှင့် ၎င်း ၏အမျိုးသမီးတို့ အဆက်အသွယ် ရှိခဲ့ပါတယ်။

ထိုည၁၀နာရီခွဲ တွင် သူငယ်ချင်းသုံးဦးနှင့်လမ်းခွဲ ၍ စားသောက်ဆိုင်မှပြန်လာခဲ့ သည်ဟု မော်လမြိုင်ရဲတပ်ဖွဲ့၏ အမှုမှတ်တမ်းများအရသိရပါတယ် ။ဒေါက်တာအေးဇော်ထွန်း၏ ဇနီးက ည ၁၁ နာရီတွင် ဖုန်းဆက်ရာ ဖုန်းကိုင်ခြင်း မရှိတော့ကြောင်းနှင့် ဒေါက်တာအေးဇော် ထွန်း၏ ဖခင်က ည ၁ နာရီတွင် ထပ်မံဖုန်းဆက်ရာ ဖုန်းစက်ပိတ် သွားပါတယ်။ စီစီတီဗီမှတ်တမ်းများအရ ဒေါက်တာအေးဇော်ထွန်းနှင့် ၎င်း ၏သားတို့သည် တိုယိုတာ ဝှစ် 3L – 9150 မော်တော်ယာဉ်ဖြင့် နေ အိမ်သို့ပြန်ရာတွင် ဧရာဝတီစား သောက်ဆိုင်၏ ဘယ်ဘက်ခြမ်း ကိုရွေးချယ်ခဲ့ပြီး မြိုင်သာယာ တိုင်းရင်းဆေးရုံအရှေ့မှတစ် ဆင့်အုတ်ဖိုလမ်းကို ရွေးချယ်ခဲ့ ကြောင်း ရဲတပ်ဖွဲ့ကဆိုပါတယ်။ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ ရဲတပ်ဖွဲ့များကို ချိတ်ဆက် ၍ ဖြန့်ကြက်ရှာဖွေနေပြီး ဒီဇင် ဘာ ၇ ရက်ညက ရေးမြို့တွင် ပုံ စံတူကားတစ်စီးတွေ့ရှိသဖြင့် စစ် ဆေးသော်လည်း မဟုတ်ခဲ့ ကြောင်း၊ မိသားစုဝင်များ၏ တောင်းဆိုချက်အရ ရော်ဘာ တောအတွင်းရှာဖွေခြင်းနှင့် မြို့ ရှိနေအိမ်များကို စစ်ဆေးခြင်းပြု လုပ်ခဲ့ကြောင်း ရဲမှူးမျိုးညီညီက ပြောပါတယ်။ဒေါက်တာအေးဇော်ထွန်း နှင့် ၎င်း၏သားတို့တွေ့ရှိပါ က ၀၉ ၉၇၉၂၇၄၅၇၅၊ ၀၉ ၇၈၃၅၇၇၈၁၇၊ ၀၉ ၇၉၁၈၅၄ ၉၉၀ နှင့် ၀၉၉၇၅၇၂၉၄၁၁ သို့ ဆက်သွယ်ရန် မိသားစုဝင်များက မေတ္တာရပ်ခံထားပါတယ်။ လေးစားစွာဖြင့် 7Day Dailyအားခရက်ဒစ်ပေးပါတယ်ခင်ဗျာ။

Source: Foryournews

Facebook Comments

Burmese News