Myanmar Idol မှ တာဝန်ရှိသူများရဲ့ ပေါ့ဆမှုကို ထောက်ပြလိုက်တဲ့ တေးသံရှင် နီနီဝင်းရွှေ

တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားလူသိများပြီး ပရိသတ်အားပေးမှုများစွာ ရရှိခဲ့တဲ့ မြန်မာသံ တေးသံရှင် နီနီဝင်းရွှေ ဟာဆိုရင် ပရိသတ် ကြိုက်သီချင်းများစွာ ကို သီဆိုခဲ့တဲ့ နိုင်ငံကျော် အဆိုတ်ာကြီး ဖြစ်သလို ခုအချိန်ထိလည်း သူမရဲ့ သီချင်းများက ပရိသတ်တွေ ကြားရေပန်းစားမြဲပဲ ဖြစ်ပါတယ်။ သူမက လက်ရှိ US မှာ သူမရဲ့ မိသားစုနဲ့ အတူ နေထိုင်နေတာပါ။ ဒီတစ်ခါမှာတော့ Myanmar idol season 4 ရဲ့ ရုပ်ရှင်ဇာတ်ဝင်တေးများ နဲ့ သီဆို ယှဉ် ပြိုင်ရာမှာ ” မြင့်မိုရ်ထက်မြင့်သေားနေရာ” သီချင်းမူရင်း အဆိုရှင်သူမ ကို မဖော်ပြခဲ့တာကြောင့် စိတ်မကောင်းဖြစ်ရကြောင်း ပြောထားတဲ့တေးသံရှင် နီနီဝင်းရွှေ ရဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

Myanmar idol season 4 ရဲ့ ရုပ်ရှင်ဇာတ်ဝင်တေးများ နဲ့ သီဆို ယှဉ် ပြိုင်ရာမှာ ” မြင့်မိုရ်ထက်မြင့်သေားနေရာ” သီချင်းကို သီဆိုယှဉ်ပြိုင်ခဲ့ရာ မူးရင်း အဆိုရှင် သူမကို မဖော်ပြခဲ့တာကြောင့် တေးသံရှင် နီနီဝင်းရွှေ ကMyanmar idol မှ တာဝန်ရှိသူများကို ခုလို ပြောထားပါတယ်။

တေးသံရှင် နီနီဝင်းရွှေ က ” ညီမအငယ်တိုးတိုး message မှာ Myanmar idol နောက်ဆုံး final
ရောက်ခါနီးပြီ သွားအားပေး‌နေတယ်ဆိုတာ‌ ‌ပြောထားတာတွေ့ ရတယ် ဒါနဲ့ ခဏကြည့်လိုက်တယ် တိုက်တိုက်ဆိုင်ဆိုင် နီနီ ဆိုထားတဲ့ ရုပ်ရှင်ဇာတ်ဝင်တေး ကို သီဆို‌နေတာ‌ ‌တွေ့ရတယ် ဆက်ကြည့်ပါတယ် အဲ့ဒီမှာ‌ပြောသွားတာကသမီးနှင့်အမေများ ရုပ်ရှင်ကို ဘယ်နှစ်ခုနှစ်မှာ ဘယ်သူ,ဘယ်သူတွေ ပါဝင် သရုပ်ဆောင်ပြီး တေးရေး တေးဆို စန္ဒယားလှထွဋ် ရဲ့  မြင့်မိုရ်ထက်မြင့်သေားနေရာ သီချင်းကို ပြန်လည်သီဆိုသူ ……လို့ ‌ပြောသွားပါတာပါပဲ ‌စင်ပေါ်မှာ‌ပြောတဲ့လူကို အပြစ်မမြင်ပါဘူး သူ့အနေနဲ့ ဒီသီချင်းက တော်တော်အလှမ်းဝေးမယ် ထင်လို့ပါ Music ပိုင်းတာဝန်ယူတဲ့လူနဲ့ပဲဆိုင်ပါတယ် စိတ်မကောင်း ဖြစ်သွားပြီး အခုအချိန်ထိ ဆက်မကြည့်တော့ပါဘူး မှန်သော စကားပါ။ ”

“စန္ဒယားလှထွဋ် ‌ရေး တီးပြီး သမီးနင့်အမေများရုပ်ရှင်အတွက် နီနီ မူရင်း သီဆိုထားသူပါ ဒီသီချင်းကရုပ်ရှင်ရဲ့ title song ပါ နောက်တစ်ပုဒ်ရှိပါသေးတယ် အမေပျောက်ကိုလိုက်ရှာတဲ့နေရာ အတွက်ဆိုထားတာပါ အဲဒီနောက် ဒီသီချင်းအာင်မြင်ပြီး လူ ကြိုက်များခဲ့သလို ရုပ်ရှင်ဇာတ်ကားအနေနဲ့လည်းအောင်မြင်ခဲ့ပါတယ် မင်းသမီးမြင့်မြင့်ခိုင်, မို့မို့မြင့်အောင် အကယ်ဒမီရရှိခဲ့ပါတယ်။ ဒီသီချင်းကို နီနီ US ထွက်လာပြီး‌နောက်ပိုင် စန္ဒယားလှထွဋ်ကိုယ်တိုင် သူ့ CD မှာ ပြန်လည်သီဆိုခဲ့ပါတယ် သိသလောက်ပြန်လည်သီဆိုသူ အမျိုးသမီး တေးသံရှင် ငါးယောက်လောက်ရှိပါတယ်။ ဒါရိုက်တာ ကြည်စိုးထွန်း ကျန်းမာစွာရှိပါသေးတယ်,ရုပ်ရှင်မင်းသမီးတွေလည်းရှိပါသေးတယ်, still နီနီကိုယ်တိုင်လည်း USA မှာ မိသားစုနဲ့အတူ အသက်ရှင် နေထိုင်လျှက်ရှိပါသေးတယ်။ ဘာ‌ကြောင့် အခုလို ဖြစ်တာလည်းနီနီမသိပါဘူး အခုလို‌ရေးရတာကလည်း ‌တေးချစ်သူများ‌အတွက် ဘာသီချင်းအသစ်မှထပ်မထွက်နိုင်သေးတာကိုတောင် နားလည်ခွင့်လွှတ်ပြီး ဒီနေ့ အထိ ချစ်ခင်အားပေးနေတဲ့ နီနီ့ ပရိတ်သပ်တွေ‌ကြောင့်ပါ။” ဆိုပြီးပြောထားပါတယ်။

တေးသံရှင် နီနီဝင်းရွှေ ပြောထားတဲ့ အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

မိုမိုလေး

Facebook Comments

Burmese News