မူးလာရဲ့ (၂၁) နှစ်ပြည့်မွေးနေ့အတွက် သိန်း(၁၀၀)နီးပါးတန်ဖိုးရှိ နောက်ဆုံးပေါ်ပစ္စည်းတွေ လက်ဆောင်ပေးခဲ့တဲ့ မူလီများ

အပြုံးချိုချိုလေးနဲ့ ပရိသတ်တွေကို အမြဲတမ်း ပြုံးပျော်စေတဲ့ Myanmar Idol ပြိုင်ပွဲဝင်မူးလာက Grand Final ကို တက်ရောက်ခွင့် မရရှိခဲ့တဲ့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် မူးလာကိုချစ်ကြတဲ့ မူလီလေးတွေကတော့ မူးလာကို ဒီနေ့ဒီအချိန်ထိ အားပေးချစ်ခင်နေကြဆဲ ဖြစ်ပါတယ်။

မနေ့က ဒီဇင်ဘာလ (၂၅) ရက်နေ့မှာတော့ မူးလာရဲ့ (၂၁) နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ မူးလာရဲ့ မွေးနေ့မှာ We Love Mooler မူလီလေးများ က မူးလာအတွက် တန်ဖိုးကြီး၊ နောက်ဆုံးပေါ်ပစ္စည်းတွေ လက်ဆောင်ပေးခဲ့ကြပါတယ်။

မူလီလေးတွေက ၁၇ သိန်းတန် Taylor Brand တံဆိပ် Acoustic Guitar တစ်လက်၊ ၂၄ သိန်း ၅ သောင်းတန် Apple တံဆိပ် Mac Book Pro 2019 တစ်လုံး၊ မူးလာသီဆိုဖို့အတွက် ကိုယ်ပိုင်သီချင်းနှစ်ပုဒ်နဲ့ ပြိုင်ပွဲတွင်ပြိုင်ခဲ့သော သီချင်း များကို show ပွဲတွင်ဆိုနိုင်အောင် တေးရေးဆရာများထံကန်တော့ငွေတွေကို လက်ဆောင်ပေးခဲ့ကြတာ ဖြစ်ပါတယ်။

မူးလာကတော့ ပြိုင်ပွဲပြိုင်စဉ်ကတည်းက ရိုးရိုးသားသားနဲ့ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ခဲ့တာကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

မူးလာရဲ့ (၂၁) နှစ်ပြည့်မွေးနေ့လေးကတော့ မူလီလေးတွေကြောင့် တော်တော်လေး ပျော်ရွှင်ခဲ့ရပုံပါပဲနော်။ ပရိသတ်ကြီးလည်း မူးလာကို ဆက်ပြီး အားပေးကြပါဦးနော်။

မိုမိုလေး

Facebook Comments

Burmese News