လက်လုပ်လက်စားသမားလေးကို ကားပြပွဲကနေ မောင်းထုတ်ခဲ့တဲ့ မန်နေဂျာကိုပြန်ပြီးလက်စားချေလိုက်ပုံက

Last modified date

မင်္ဂလာနံနက်ခင်းပါ စာဖတ်သူတို့ရေ … အခုပြောပြချင်တာကတော့ မဝယ်နိုင်ဘဲ ကားပြခန်းကိုသွားမိလို့ မောင်းထုတ်ခံခဲ့ရသူရဲ့ လှပလွန်းတဲ့ ကလဲ့စားချေးလိုက်ပုံ အကြောင်းလေး ပြောပြချင်ပါတယ်

သူကတော့ အမေရိကန် ကယ်လီဖိုးနီးယားမှာနေထိုင်တဲ့ အသက်(၂၁)နှစ်အရွယ် George အမည်ရ အမျိုးသား တစ်ယောက်ဟာ သာမန် လက်လုပ်လက်စား ဝန်ထမ်းလေး တစ်ယောက် ဖြစ်ပါတယ်။ သူ့မှာ သာမန် အလုပ်အကိုင် ကိုသာ ပိုင်ဆိုင်ထားပြီး၊ သူ့စာရိတ်သူစား၊ သူ့ရဲ့အပါးတော်မြဲ ခွေးလေးနဲ့ ဘဝကို ရသလိုနေထိုင်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်

George ဟာ သာမာန်လက်လုပ်လက်စား ဆိုပေမယ့် ကားတွေကို အလွန်သဘောကျနှစ်ခြိုက်သူဖြစ်ပြီး ကား အရောင်းပြပွဲတိုင်းကို ကိုယ်တိုင်မဝယ်နိုင်ပေမယ့် လေ့လာတဲ့သဘောနဲ့ သွားရောက်ကြည့်ရှု့လေ့ရှိသူပါ။ ဒါကြောင့် သူနေထိုင်ရာနဲ့ အနီးအနားမှာရှိတဲ့ ကားအရောင်းပြပွဲတစ်ခုကို သွားရောက်ခဲ့ပါတယ်။ ဒါပေမယ့် ဝန်ထမ်းတွေက George ကို ငွေမတက်နိုင်ဘူးဆိုတာ သိပြီး မောင်းထုတ်ခံခဲ့ရပါတော့သည်။

ဖြစ်စဉ်ကတော့ George ကို အရောင်းမန်နေဂျာက မေးခွန်းတွေမေးတော့ သူက ” လာကြည့်တာ သက်သက်ပါဗျာ “လို့ ရိုးရိုးသားသား ပြန်ဖြေခဲ့ပါတယ်။ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ George က ” တကယ်လည်း ကျနော်က ကားတွေကိုချစ်လို့ ရိုးရိုးသားသား သွားကြည့်ခဲ့တာ “လို့ ပြောပါတယ်။သူက ဆက်လက်ပြီး ” အဲဒီတုန်းက ကျနော်က ကြည့်ရုံလာကြည့်တာပါလဲ ပြောရော … ကျနော့်ကို ဆိုင်ထဲကနေ ဆွဲထုတ်ဖို့ လုံခြုံရေးတွေကို မန်နေဂျာက အမိန့်ပေးခဲ့တယ် …

ကျနော် ဘယ်သူ့ကိုမှလည်း မနှောက်ယှက်ပါဘူးဗျာ .. ပြီးတော့ တစ်ခြားသူတွေလိုလည်း အစမ်းမောင်းတာတွေ ဘာတွေ မလုပ်ခဲ့ပါဘူး … ကိုယ်မှ မဝယ်နိုင်ဘဲလေ … “လို့ ပြောခဲ့ပါတယ်။ သူက ဆက်လက်ပြီး ” အရောင်းဝန်ထမ်း ခေါင်းဆောင်က … ဒီလူက ငါတို့ဆီက ဘာမှ ဝယ်မယ့်သူ မဟုတ်ဘူး … သူ့ဘာသာ ဆင်းရဲငတ်ပြတ်နေတဲ့ကောင် … ဆွဲထုတ်သွားစမ်းလို့ ပြောခဲ့တယ် … ကျွန်တော့်မှာ ရှက်လွန်းလို့ နေရာမှာပင် လဲသေချင်တော့တယ် …

အိမ်ကိုပြန်ရောက်တော့လည်း စိတ်ဓာတ်ကျလွန်းလို့ အခန်းဖော်ကိုတောင် စကားမပြောနိုင်ဘူး “လို့ ပြောပါတယ်။ George ရဲ့အဖြစ်အပျက်ကို သူ့ရဲ့မိဘတွေက သိရှိသွားခဲ့ပါတယ်။ နောက်ထပ် တစ်ပတ်ကြာတဲ့အခါမှာ George ထံကို မိဘနှစ်ပါးက လာရောက်လည်ပတ်ခဲ့ပါတယ်။ ကားနှစ်စီးနဲ့ ရောက်လာခဲ့တာပါ။ တကယ့်တန်ဖိုးကြီး ဇိမ်ခံကားတစ်စီးပါဘဲ။ အဖြူရောင် Mercedes Benz C230 အမျိုးအစားကားလေးပါ။

အဲဒီကားလေးက George အတွက် လက်ဆောင်ဖြစ်ပါတယ်။ George ဟာ ဝမ်းသာဝမ်းနည်း ခံစားချက်တွေကြောင့် မိဘတွေကို ဖက်ပြီး ရှိုက်ကြီးတငင် ငိုခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ သူ့ကို အရောင်းပြခန်းကနေ မောင်းထုတ်လိုက်တဲ့ နေရာကို နေ့စဉ် တစ်ခေါက်တစ်ခေါက် ဖြတ်သန်းမောင်းနှင်ပြီး သူ့ကိုမောင်းထုတ်ခဲ့တဲ့ အရောင်းဝန်ထမ်းတွေကို မြင်သာအောင် တမင်လုပ်လေ့ရှိတယ်လို့ ပြောပါတယ်။ တကယ်တော့ George က သူ့ခြေထောက်ပေါ်သူရပ်တည်ပြီး မိဘတွေနဲ့ တသီးတခြားနေနေခဲ့တာပါ။

မိဘတွေက ကျိကျိတက် ချမ်းသာသူတွေ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်လေးကို ကြည့်ပြီး လူတိုင်းဟာ သူ့ရဲ့နောက်ကွယ်မှာ ပြောမပြတဲ့ အကြောင်းအရာလေတွေရှိတက်ပါတယ်လို့ …

လေးစားစွာဖြင့် Char Take အား Credit ပေးပါတယ်ခင်ဗျာ…….

Facebook Comments

Burmese News