ဒေါ်ခင်ကြည် ကွယ်လွန်ခြင်းနှစ်(၃၀)ပြည့် ဆွမ်းကျွေးအလှူကို တက်ရောက်ခဲ့တဲ့ ဒေါင်း

ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တစ်ဦးဖြစ်တဲ့ ဒေါင်းဟာ ဓာတ်ပုံတွေ ကြော်ငြာတွေ ရိုက်ကူးရင်း ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ရရှိထားသူ တစ်ဦးဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဒေါင်းက ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးခဲ့စဉ်မှာ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။ အခုနောက်ပိုင်းမှာလဲ ဒေါင်းက အားပေးသူ ပရိသတ်အခိုင်အမာနဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက် လုပ်ကိုင်နေလျက်ရှိပါတယ်။

အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေသလို NLD ပါတီရဲ့ လုပ်ငန်းဆောင်တာတွေကို တက်စွမ်းသမျှ လိုက်လံကူညီဆောင်ရွက်ပေးတဲ့ဒေါင်းက မနေ့က ဒီဇင်ဘာလ (၂၇) ရက်နေ့မှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို သွားရောက်ခဲ့ပါတယ်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ ဇနီး ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း နှစ် (၃၀) ပြည့် အမှတ်တရ ဆွမ်းကပ်လှူဒါန်းခြင်းကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒေါင်းကလည်း ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း နှစ် (၃၀) ပြည့် ဆွမ်းကပ်လှူဒါန်းတဲ့နေ့မှာ အမေ ဒေါ်အောင်ဆန်းစုကြည်၊ ဆရာတော် အရှင်ဆန္ဒာဓိက တို့နဲ့အတူတူ စကားတွေပြောခဲ့တာကို တွေ့ရပါတယ်။

ဒေါင်းက လတ်တလောမှာ အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေသလို ချစ်ခင်ရသူတွေအတွက်လည်း အချိန်ပေးနေသူတစ်ယောက် ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

မိုမိုလေး

Facebook Comments

Burmese News