ဗစ်တိုးရီယားအမည်ထုတ်ဖော်သည့်ရဲအရာရှိများကိုတရားစွဲမှု ဇန်န၀ါရီလ ၂ ရက်၌ လုပ်ငန်းစတင်မည်ဟု ဆို

ဗစ်တိုရီးယားအမည်ကိုထုတ်ဖော်ပြောကြားသည့်ရဲအရာရှိများနှင့် ရဲဇာနည် Page ကိုတရားစွဲရန် ဇန်န၀ါရီလ ၂ ရက်တွင်လုပ်ငန်းစတင်မည်ဖြစ်ကြောင်း စာရေးဆရာထင်လင်းဦးက ပြောသည်။ဒီဇင်ဘာလ ၃၀ ရက်၌ အကုန်သိသတင်းဌာနမှဆက်သွယ်မေးမြန်းရာတွင် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

Image result for စာရေးဆရာထင်လင်းဦး

“ ကိုယ်စားလှယ်လွှဲစာကို ကလေးအဖေကပေးပြီး ဒီဇင်ဘာ ၂၇ ရက်မှာ စာရွက်စာတမ်းနဲ့မှတ်ပုံတင်တယ်။ အဲဒါပြန်ချမှာ ဒီနေ့ပေါ့။ အဲဒီတော့ ဇန်န၀ါရီ ၂ ရက်မှာတရားစွဲဆိုတဲ့လုပ်ငန်းစတင်မယ်။ ကျွန်တော်က ဒီတရားစွဲတဲ့လုပ်ငန်းမှာဥပဒေအကြံပေးကို ကျွန်တော်တစ်ယောက်ထဲသွားတာမဟုတ်ဘူး။ မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေအဖွဲ့ဆိုတာသူတို့ကကူညီမယ်။ အဲဒီအဖွဲ့နဲ့ကျွန်တော်ကတိုင်ပင်မယ်။ အခုက သမီးလေးအဖေကအကူအညီတောင်းတာမဟုတ်ဘူး။အဓိပ္ပါယ်လွဲမယ်။ သမီးလေးဗစ်တိုးရီးယားအမှုမှန် ပေါ်ပေါက်ရေးကော်မတီဆိုတာရှိတယ်။ အဲဒီကော်မတီကနေဆုံးဖြတ်ပြီး ကျွန်တော်တို့က ဘာလုပ်ပေးရမလဲဆိုတာနဲ့ သွားတာဖြစ်တယ်။စွဲရင်ဆက်သွယ်ရေးဥပဒေနဲ့လည်းစွဲမယ်။ ကလေးသူငယ်ဥပဒေနဲ့လည်းစွဲမယ်’’ဟု စာရေးဆရာထင်လင်းဦးက ပြောသည်။

Related image

နေပြည်တော်ရှိ wisdom hill ပုဂ္ဂလိကမူကြိုကျောင်းတွင် ၃ နှစ်အရွယ်မိန်းကလေး လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုနှင့်ပတ်သက်ပြီး ကျောင်းမှဒရိုင်ဘာအောင်ကြီးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပုဒ်မ- ၃၇၆ ဖြင့် နေပြည်တော်ရှိဒက္ခိဏခရိုင်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့သည်။ထို့နောက် တရားရုံးမှ တရားလိုပြသက်သေ ၁၉ ဦးစစ်ဆေးခဲ့ပြီးနောက် ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၂၅၃(၂) အရ အောင်ကြီးအား နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံး၌ ဒီဇင်ဘာလ ၁၈ ရက်တွင်လွှတ်ပေးခဲ့သည်။

Image may contain: house, tree, sky and outdoor

အောင်ကြီးအားလွှတ်ပေးခြင်းမှာစောလွန်းကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒီဇင်ဘာလ ၁၉ ရက်တွင် သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ချိန်၌ ရဲအရာရှိများက ဗစ်တိုးရီးယား၏နေရပ်နှင့်အမည်အရင်းများကို ထုတ်ဖော်ပြောကြားခဲ့ပြီး ရဲဇာနည်ဖေ့ဘုတ်စ်တွင်လည်း ဖော်ပြမှုဖြစ်ပွားခဲ့သည်။

Source-အကုန်သိ

Facebook Comments

Burmese News