ယနေ့နေလည်ရန်ကုန်ကိုဆိုက်ရောက်လာခဲ့သော တရုတ်လေယာဉ်တစ်စီးပေါ်တွင် လူနာတစ်ဦးပါဝင်ခဲ့

တရုတ်နိုင်ငံကနေ စတင်ကူးစက် ဖြစ်ပွားနေတဲ့ လူသတ် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးအရေးဟာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေတစ်ခုဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကြာသာပတေးနေ့ မှာ ကြေညာခဲ့ပါတယ်။


ဂျီနီဗာအခြေစိုက် ကုသမဂ္ဂ အေဂျင်စီဟာ မူလက ယင်း ရောဂါပိုးရဲ့ ခြိမ်းခြောက်မှုကို လျှော့ပေါ့သုံးသပ်ခဲ့ပေမယ့် ယခုအခါ သေဆုံးသူ သိသိသာသာ တိုးလာမှုနဲ့အတူ ရောဂါပိုးပျံ့နှံ့မှုအပေါ် ဆွေးနွေးမှုတွေလုပ်ခဲ့ပြီးနောက် ပြန်ပြောင်း ကြေညာချက်ထုတ်ခဲ့ရတာဖြစ်ပါတယ်။ မိမိတို့  အကြီးမားဆုံး စိုးရိမ်ပူပန်တာကတော့ ကျန်းမာရေး စောင့်ရှောက်မှုစနစ် အားနည်းတဲ့ နိုင်ငံတွေကို ဗိုင်းရပ်စ် ကူးစက်သွားမယ့်အရေးဖြစ်ပါကြောင်း WHO အကြီးအကဲ တက်ဒရို့စ် အဒ္ဒဟာနွမ် ဂီဘရီယီဆပ်က ပြောဆိုခဲ့ပါတယ်။

Image may contain: airplane and text
ယခုဆိုရင် ကူးစက်ဗိုင်းရပ်စ်ရောဂါကြောင့် တရုတ်နိုင်ငံတ၀န်း သေဆုံးသူဦးရေ ၂၁၃ ဦးရှိလာကာ ပိုးကူးစက်ခံရသူ ၁၀၀၀၀ နီးပါးရှိလာကြောင်း သောကြာနေ့ (ဇန်န၀ါရီ ၃၁) က ထုတ်ပြန်တဲ့ တရားဝင်စာရင်းဇယားတွေအရ သိရပါတယ်။


နေ့ စဉ်နဲ့အမျှ ထုတ်ပြန်ပေးနေတဲ့ တရုတ် အမျိုးသား ကျန်းမာရေး ကော်မရှင်ရဲ့ အဆိုအရ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၃ ဦး ထပ်တိုးလာခဲ့ရာမှာ ရောဂါပိုးအပြင်းထန်ဆုံး ကူးစက်ဖြစ်ပွားနေတဲ့ ဟူပေပြည်နယ်ပြင်ပက တစ်ဦးသာပါခဲ့ပြီး ကျန်အားလုံး ယင်းပြည်နယ်တွင်းကဖြစ်တယ်လို့ ဆိုပါတယ်။ ပိုးကူးစက်ခံရသူ ၂၀၀၀ နီးပါးထပ်တွေ့ခဲ့တာကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာအရ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၉၆၀၀ ကျော်သွားပြီလို့  အတည်ပြုခဲ့ပါတယ်။

Image may contain: airplane, sky and outdoor
နောက်ဆုံး ထုတ်ပြန်လာတဲ့ သေဆုံးအရေအတွက်တွေကို ကြည့်ခြင်းအားဖြင့် ဟူပေပြည်နယ်ကို မကြုံစဖူးအတိုင်းအတာနဲ့ ရောဂါကာကွယ်ရေး အစီအမံတွေလုပ်ထားသော်ငြား နေ့စဉ် လူသေဆုံး အရေအတွက်ဟာ သိသိသာသာ တိုးလာနေခဲ့တာတွေ့ရမှာဖြစ်ပါတယ်။

Image may contain: one or more people, people standing, airplane and outdoorယခုနေ့လည်တွင်ရန်ကုန်ကိုဆိုက်ရောက်လာခဲ့သော တရုတ်လေယာဉ်တစ်စီးပေါ်တွင် သံသယရှိဖွယ် လူနာတစ်ဦးပါဝင်ခဲ့တယ်လို့ သတင်းရရှိထားတာဖြစ်ပါတယ်။

Facebook Comments

Burmese Online News