နိုင်ငံတော်က တောင်းပေးမယ့် အိုလံပစ် ဝင်ခွင့်ထက် ကြိုးစားမှုနဲ့ပဲ ဝင်ခွင့်ရချင်တဲ့ သက်ထားသူဇာ

၂၀၂၀ တိုကျို အိုလံပစ် ဝင်ခွင့်ရဖို့အတွက် ကြိုးစား ‌နေတာပါ။အိုလံပစ်ဝင်ခွင့်အတွက် wild card တစ်နေရာကို အစိုးရအကူအညီနဲ့ တောင်းဆိုခွင့်ရှိပေမယ့် သူမကတော့ ကြိုးစားမှုနဲ့ပဲ ဝင်ခွင့်ရဖို့ အဓိကထား လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Image may contain: 1 person, smiling, standing

ကမ္ဘာ့အဆင့် ၆၀ မှာရှိနေတဲ့ မြန်မာ့လက်ရွေးစင် ကြက်တောင်မယ်သက်ထားသူဇာကတော့ ၂၀၂၀ တိုကျို အိုလံပစ် ဝင်ခွင့်အတွက် အဓိကထား ကြိုးပမ်းနေတဲ့သူ ဖြစ်ပါတယ်။သူမအနေနဲ့ အိုလံပစ် ပြိုင်ပွဲ ဝင်ခွင့်ရဖို့အတွက် သတ်မှတ် အဆင့်မီဖို့ ပြိုင်ပွဲများစွာ သွားရောက်ကစားကာ ရမှတ် တွေစုဆောင်းနေရပါတယ်။ လက်ရှိမှာလည်း လာမယ့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကစတင်ပြီး နိုင်ငံ ၈ နိုင်ငံကို ပြိုင်ပွဲတွေ တောက်လျှောက် သွားပြိုင်မယ်လို့ ပြောလာပါတယ်။

Image may contain: 1 person, smiling, standing

“ညီမ ကင်ညာ၊ယူကန်ဒါ၊ပေါ်တူဂီ၊ချက်၊ဆွစ်ဇာလန်၊ပိုလန်၊ဖင်လန်နဲ့နယ်သာလန်နိုင်ငံတွေမှာ ပြိုင်ပွဲတွေ တောက် လျှောက်သွားကစားမှာပါ။ဒီပြိုင်ပွဲတွေမှာ အကောင်းဆုံးကြိုးစားပြီး ဧပြီလထဲမှာ ပိတ်မယ့် အိုလံပစ် ဝင်ခွင့်သတ် မှတ်အမှတ်မီအောင် ကြိုးစားသွားမှာပါ။”လို့ သက်ထားသူဇာက ပြောပါတယ်။

Image may contain: 1 person, smiling, standing

ယခင်က အာဖရိက နိုင်ငံတွေကိုသွားရောက် ကစားနေခဲ့တာဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ ဥရောပ နိုင်ငံတွေဖက်ကို ပထမဆုံးအကြိမ် သွားရောက် ကစားမှာလည်း ဖြစ်ပါတယ်။လက်ရှိ ရရှိထားတဲ့ ကမ္ဘာ့အဆင့် ၆၀အရ သက်ထားသူဇာအနေနဲ့ အိုလံပစ် ဝင်ခွင့်ရရှိထားပေမယ့်လည်း သတ်မှတ်ကာလဖြစ်တဲ့ ဧပြီလကျမှသာ အပြီးသတ် ဝင်ခွင့်ရမရ သိရှိနိုင်မှာ ဖြစ်တာကြောင့်လည်းသက်ထားသူဇာ က စိတ်ပူနေရသေးတယ်လို့ ဆိုပါတယ်။

Image may contain: 1 person, smiling, standing

“ညီမအနေနဲ့ အစိုးရဖက်က wild card တောင်းပေးလို့ ရတယ်ဆိုတာ သိပေမယ့် သေချာတော့ မသိပါဘူး။ဘယ် လိုတွေ လုပ်ရလဲဆိုတာလည်း သေချာမသိပါဘူး။ညီမကတော့ ဒီဟာထက်စာလျှင် ကိုယ့်ဘာသာ ကြိုးစားပြီးတော့ပဲ အိုလံပစ်ဝင်ခွင့်ရချင်ပါတယ်။လက်ရှိရရှိထားတဲ့အဆင့်က ဝင်ခွင့်ရဖို့ သေချာတယ်ဆိုပေမယ့် အပြီးသတ်ချိန်ထိ စိတ်ပူနေရတုန်းပါပဲ။ဒါကြောင့်လဲ ညီမဆက်ကြိုးစားနေပါတယ်။”လို့ သူမက ဆက်လက်ပြောပါ တယ်။

Image may contain: 1 person, smiling, standing and indoor

ဓူဝံစပေါ့

Facebook Comments

Burmese Online News