ပိုးဟပ်နဲ့ချစ်ကြိုက်နေပြီး ချစ်တင်းနှောလေ့ရှိတယ်လို့ ဖွင့်ဟလာတဲ့ ဂျပန်အမျိုးသား
လူအများစုအတွက်တော့ ပိုးဟပ်တွေက စက်ဆုပ်ဖွယ်ရာ ပိုးကောင်တွေဖြစ်ပြီး ပိုးဟပ်တွေကိုအနီးနားမလာစေရန် လုပ်ဆောင်လေ့ရှိပါတယ်။ဒါပေမယ့် 23 နှစ်အရွယ်ဂျပန်အမျိုးသားကတော့ ပိုးဟပ်တွေကို နှစ်သက်ပြီး သူမွေးထားတဲ့ ပိုးဟပ်မလေးနဲ့ ချစ်ကြိုက်နေတယ်လို့ ဆိုပါတယ်။
Yuta Shinoharaဆိုတဲ့ 23 နှစ်အရွယ် ဂျပန်အမျိုးသားဟာ ငယ်ငယ်ကတည်းက အင်းဆတ်ပိုးမွှားတွေကို နှစ်သက်တဲ့လူဖြစ်ပါတယ်။ ပြီးတော့ Yuta ဟာ ဂျပန်မှာ ပုရစ်ရာမန်ခေါက်ဆွဲ လုပ်ရောင်းသူအဖြသ်လဲ နာမည်ကြီးပါတယ်။ သူရဲ့ပုရစ်ခေါက်ဆွဲတစ်ပွဲမှာ ပုရစ်အကောင် 100 ခန့်ပါဝင်ပြီး အခုဆိုရင် ပွဲပေါင်း 7000 ခန့်ရောင်းချပြီးပြီ လို့လဲသိရပါတယ်။ အရင်ကသူဟာ အင်းဆက်တွေကိုနှစ်သက်ကြောင်း တခြားလူတွေကို ဖွင့်မပြောခဲ့ပေမယ့် UN Food & Agriculture အဖွဲ့အစည်းက အင်းဆက်တွေကို စားသုံးတာ Protein ဓာတ်ပြည့်ဝကြောင်းနှင့် လူအများစားသုံးရန်သင့်တော်ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက်မှာ Yuta ဟာ သူအင်းဆက်တွေကိုနှစ်သက်သလို တခြားလူတွေပါနှစ်သက်စေရန် စတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
Yuta ဟာ သူမွေးထားတဲ့ Lisa ဆိုတဲ့ ပိုးဟပ်လေးနဲ့ ချစ်ကြိုက်နေကြောင်းကိုလဲဝင်ခံခဲ့ပါတယ်။ပြီးတော့ Lisa ဟာ ရိုးရိုးပိုးဟပ်မျိုးမဟုတ်ပဲ Africa ကအင်းဆက်မျိုးဖြစ်ကြောင်း၊ Lisa ဆိုတဲ့ပိုးဟပ်လေးနဲ ချစ်တင်းနှောတာကို ခဏခဏ စိတ်ကူးယဉ်ခဲ့ကြောင်းနှင့် ပိုးဟပ်တွေရဲ့သက်တမ်းဟာ တိုတာကြောင့် သူတို့ 2 ဦးမကြာခင် ခွဲခွာရတော့မှယဖြသ်ကြောင်း ပြောကြားခဲ့ပါတယ်။ Credit