ပုဂံဒေသနောက်ခံ ညစ်ညမ်းရုပ်သံရိုက်ကူးမှု မီဒီယာများဖွပါက မိမိနိုင်ငံသာသိက္ခာကျမည်ဟုဆို

ပုဂံရှေးဟောင်းနယ်မြေအတွင်းရှိ ဒေသတစ်ခုတွင် နိုင်ငံခြားသားခရီးသွားအမျိုးသား/အမျိုးသမီးနှစ်ဦးက ညစ်ညမ်းရုပ်သံရိုက်ကူးခဲ့ပြီးလူမှုကွန်ယက်တွင်ဖြန့်ဝေခဲ့ ရာဝေဖန်မှုမြင့်တက်နေပြီးယင်းကိစ္စဖြစ်စဉ်မှာလတ်တလောတွင်ဖြစ်ပွားခဲ့ခြင်းမဟုတ်တာကြောင့်အရေးယူရန် ခက်ခဲနေပြီးအဆိုပါဖြစ်စဉ်ကိုမီဒီယာများဖွပါကကိုယ့်နိုင်ငံသာသိက္ခာကျမည်ဟုပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က့ ပြောသည်။

Image may contain: sky, plant, tree, outdoor and nature

လူမှုကွန်ယက်တွင် ၆မိနစ်နှင့် ၁၄စက္ကန့်စာအဆိုပါ ဗီဒီယိုပြန့်နှံ့နေပြီးမြန်မာယဉ်ကျေးမှုအတွက်အဓိကထားသောပုဂံကဲ့သို့နေရာမျိုးတွင်းယခုလိုဖြစ်ပွားခဲ့ခြင်းအပေါ် တာဝန်ရှိသူများ၏တာဝန်ယူမှုကိုပြည်သူများကဝေဖန်လျက်ရှိပြီး ပုဂံဒေသတွင် နိုင်ငံခြားသားများ၏မကြာခဏ စည်ကမ်းမဲ့နေထိုင်မှုများကို ဝေဖန်လျက်ရှိသည်။

ယခုဖြစ်စဉ်နှင့်ပတ်သတ်၍ဦးအောင်အောင်ကျော်ကိုဆက်သွယ်မေးမြန်းရာ”ကျွန်တော်တို့ဘယ်လိုအရေးယူရမလဲ ဒါကိုသိရင်နာမည်ကဘယ်သူဘယ်နိုင်ငံကလဲ ဘယ်မှာတည်းနေတယ်ဆိုတာ သိရင်အရေးယူလို့ရတယ်
ဒါကအခုဖြစ်တာလားလွန်ခဲ့တဲ့တစ်လနှစ်လကဖြစ်နေတာလားဘယ်လိုအရေးယူလို့ရမလဲအလွယ်တကူအရေးယူလို့မရတဲ့အပြင်ဂျာနယ်တွေကလိုက်ဖွနေရင် နိုင်ငံကိုပိုပြီး သိက္ခာကျစေတယ်ခင်ဗျားတို့ကတော့ဂျာနယ်ရောင်းရအောင်လုပ်မှာပေါ့လေခင်ဗျားတို့လုပ်တာကကိုယ်နိုင်ငံကိုယ်ပေါင်ကိုယ်လှန်ထောင်းနေသလိုကိုယ်နိုင်ငံပဲသိက္ခာကျပါလိမ့်မယ်”ဟု ပြန်လည်ဖြေကြားခဲ့သည်။

Speaker

Facebook Comments

Burmese Online News