သာမန်အပူချိန်တိုင်းစနစ်ထက် (၅)ဆ ပိုမြန်သော ခန္ဓာကိုယ် အပူချိန်တိုင်းစနစ်ကို စင်ကာပူတီထွင်

သာမန်အပူချိန်တိုင်းစနစ်ထက် (၅)ဆ ပိုမြန်သော ခန္ဓာကိုယ် အပူချိန်တိုင်းစနစ်ကို စင်ကာပူတီထွင်…

စင်ကာပူအခြေစိုက် နည်းပညာ ကုမ္ပဏီတစ်ခုမှ တီထွင်ဖန်တီးထုတ်လုပ်လိုက်သော လူလုပ်အသိဥာဏ် (AI)အခြေခံသည့် ခန္ဓာကိုယ် အပူချိန်တိုင်းသည့် စနစ်သည် သာမန် ခန္ဓာကိုယ်အပူချိန်တိုင်းစနစ်ထက် ၅ ဆမျှ ပိုမိုမြန်ဆန်ကြောင်း ယင်းစနစ်ကို ဖန်တီးလိုက်သည့် ကုမ္ဗကပြောသည်။

အဆိုပါ စနစ်မှာ iThermo ဟုခေါ်ပြီး၊ စင်ကာပူနိုင်ငံ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကုမ္ဗဏီများဖြစ်ကြသည့် Kronkare နှင့် Integrated Health Information System (IHiS) တို့က ဖန်တီးထုတ်လုပ်လိုက်ခြင်းဖြစ်သည်။

iThermo သည် တစ်မိနစ်လျှင် လူ ၈ ဦးမှ ၁၀ ဦးအထိကို ခန္ဓာကိုယ်အပူချိန်တိုင်းတာနိုင်ပြီး၊ သာမန်ခန္ဓာကိုယ်အပူချိန်သည့် စနစ်က တစ်မိနစ်လျှင် လူ ၂ ဦးမှ ၃ ဦးအထိကိုသာ တိုင်းတာနိုင်ကြောင်း IHiS မှ တာဝန်ရှိသူ မစ္စတာ ချွာချီယွန်းကပြောသည်။ “သာမန်အပူချိန်တိုင်းစနစ်ဟာ လူတစ်ယောက်ကို တိုင်းဖို့တွက် အမြန်ဆုံးလုပ်မယ်ဆိုရင်တောင် စက္ကန့် ၂၀ ကနေ ၃၀ အထိအချိန်ယူပါတယ်” ဟုလည်း သူကပြောသည်။

COVID-19 ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကိုထိန်းသိမ်းရန်အတွက် စင်ကာပူနိုင်ငံတစ်ဝန်းတွင် ခန္ဓာကိုယ်အပူချိန်တိုင်းခြင်းများကို ဆောင်ရွက်နေလျှက်ရှိရာ ယင်းအတွက် တန်းစီနေရသောကြောင့် အချိန်လွန်စွာကြာမြင့်နေသည်။

iThermal ကို ၁၄ ရက်အတွင်း အကောင်အထည်ဖေါ် ဖန်တီးခဲ့ခြင်းဖြစ်ပြီး တနင်္လာနေ့မှစတင်၍ IHis ရုံးချုပ်နှင့် St Andrew’s Community ဆေးရုံတို့တွင် စတင်တပ်ဆင်၍ စမ်းသပ်အသုံးပြုနေပြီဖြစ်သည်။ စင်ကာပူနိုင်ငံသည် လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်ကူးစက်သူ ၅၀ ဦးရှိနေပြီး တရုတ်ပြည်ပြင်ပမှာ ကူးစက်မှုအများဆုံးနိုင်ငံဖြစ်သည်။

#Blacker

Facebook Comments

Burmese Online News