ရွာလုံးကျွတ်နီးပါး မီးဘေးသင့်ခဲ့တဲ့ မင်းဘူး စကုမြို့နယ်က ရွာလေးတစ်ရွာ

Last modified date

၁၂.၂.၂၀၂၀ နေ့ ၊ ညနေ ၅ နာရီအချိန်ခန့်၊ မင်းဘူး စကုမြို့နယ်၊ အိုင်းမကျေးရွာ အုပ်စု၊ အိုးပြင်မဲကျေးရွာတွင် မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့ပါသည်။ဖြစ်စဉ်မှာ အိုးပြင်မဲကျေးရွာအနီး တောမီး လောင်ကျွမ်းရာမှ တဆင့် ဦးတင်ရွှေ(သ) ၅၂နှစ် (ဘ)ဦးတုတ်ပေါ၏ နွားစာတင်းကုပ် ပေါ်သို့ မီးပွားလွင့်စင်ရာမှ လောင်ကျွမ်း မှုစတင်ခဲ့တာပါ။ မီးလောင်ကျွမ်းမှုကြောင့် ၄ ပင်အိမ် ၊ထရံကာ သွပ်မိုး ၂၅ လုံး ၃ ပင်အိမ်၊ ထရံကာသွပ်မိုး ၄၂ လုံး အုတ်ညှပ်တစ်ထပ်တိုက် ၂ လုံး အုတ်ညှပ် နှစ်ထပ်တိုက် ၁ လုံး စုစုပေါင်း အိမ်ခြေ/အိမ်ထောင်စု ၇၀ ဆုံးရှုံးလောင်ကျွမ်းပြီး မီးထဲပါသွားပါတယ်။

အဲ့ဒီမီးဘေးသင့်ရွာလေးမှာ လူဦးရေ မှာ ကျား ၁၂၇၊ မ ၁၄၁ ပေါင်း ၂၆၈ ဦးနေထိုင်ကြပါတယ်။ မီးဘေးသင့် အိမ်ထောင်စုများမှ အထက်တန်း ကျား ၃ မ ၂ ပေါင်း ၅ ဦး အလယ်တန်း ကျား ၉ မ ၈ ပေါင်း ၁၇ ဦး မူလတန်း ကျား ၉ မ ၁၄ ပေါင်း ၂၃ ဦး စုစုပေါင်းကျား ၂၁ မ ၂၄ ပေါင်း ၄၅ ဦးလို့ သိရပါတယ်။

မီးငြိမ်းသတ်ယာဉ် ၄ စီး၊ ရေသည်ယာဉ် ၆ စီး အုပ်ချုပ်မှုယာဉ် ၁ စီးစုစုပေါင်း ၁၁ စီးနှင့်​ ဒိုင်းရှင်းစက် ၁၀ လုံးတို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ ညနေ ၆ နာရီဝန်းကျင်မှာ မီးညွန့် ကျိုးခဲ့ပါတယ်။ မီးလောင်ကျွမ်းရာသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူး၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များရောက်ရှိ၍ကျေးရွာနေပြည်သူများနှင့် ပူးပေါင်းငြိမ်းသတ်ခဲ့ပါတယ်။

မီးဘေးသင့်ပြည်သူများအား အိုးပြင်မဲ ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထား ရှိပြီး လတ်တလော အစားအသောက် နှင့်ရေသန့်​များကို မန်းရွှေစက်တော် ဂေါပကအဖွဲ့နှင့်ဈေးသူဈေးသားများ၊ အနီးရှိကျေးရွာများမှစေတနာရှင် အလှူရှင်များ၊ နိုင်ငံရေးပါတီများမှ ထောက်ပံ့ကူညီမှုများပေးအပ်ခဲ့ကြပါတယ်။ မီးဘေးသင့်ပြည်သူများ ကယ်ဆယ်ထောက်ပံ့‌ရေးပစ္စည်းများရရှိရေး သက်ဆိုင်ရာ ဌာနများနှင့် NGO အဖွဲ့အစည်းများမှ တင်ပြတောင်းခံပေးအပ်သွားမည်ဖြစ် ကြောင်းနှင့် မီးလောင်ပြင်ရှင်းလင်းရေးနှင့် မီးလောင်ပြင် ပြန်လည်တိုင်းတာအကွက်ချ နေရာချထားရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများမှ ဆက်လက် စီစစ်ဆောင်ရွက်လျက်ရှိပါကြောင်း သိရပါတယ်။
#Blacker

Facebook Comments

Burmese Online News