နာမည်ကြီးမင်းသား(၂)ဦးနဲ့အတူ အကြမ်းစားတွေရိုက်ကူးသွားမယ်ဆိုတဲ့ ယုန်လေး

ယုန်လေးကတော့ အဆိုတော်တစ်ယောက်အနေနဲ့ အောင်မြင်မှုတွေရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ အဆိုတော်တစ်ယောက်အနေနဲ့ သာမက သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေကို ပါဝင်ရိုက်ကူးနေပြီး ဒါရိုက်တာတစ်ယောက်အနေနဲ့လည်း အက်ရှင် ရုပ်ရှင်ဇာတ်ကားကောင်းကြီးများစွာကို ရိုက်ကူးနေပါသေးတယ်။

ယုန်လေးဟာ ကိုယ်တိုင်ကလည်း အနုပညာအလုပ်တွေကို ဝါသနာကြီးသလို အနုပညာမှာ ဝါသနာပါတဲ့ လူငယ်တွေကိုလည်း လက်တွဲခေါ်ပေးနေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။လတ်တလောမှာ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားကို ရိုက်ကူးဖို့စီစဉ်နေပြီး ပါဝင်သွားမယ့်သရုပ်ဆောင်တွေကို ရွေးချယ်ပြင်ဆင်နေတာပါ..။

လက်ရှိမှာတော့ နိုင်ငံကျော်မင်းသား(၂)လက်ဖြစ်တဲ့ မြင့်မြတ်၊ရဲတိုက်တို့နဲ့အတူ အကြမ်းစားတွေရိုက်သွားဖို့ရှိတဲ့အကြောင်းကို “ကဲ ဒီ (၃) ကောင်ဆိုကြမ်း ပြီးတော့ လုပ်လိုက် July , Aug , Sept , Oct ရိုက်ကူးချိန် (၄)လ လုံးဝ မထင်ထားတဲ့ Amazing တွေ ထပ်ပြီးထပ်ပြီး အားလုံး Peace ” လို့သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။ပရိသတ်ကြီးရေ ယုန်လေးကတော့ မြင့်မြတ်၊ရဲတိုက်တို့နဲ့အတူ(၄)လကြာရိုက်ကူးသွားမှာ ဘယ်လိုရုပ်ရှင်ကားကြီးဖြစ်မလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲနော်။

#Credit

Facebook Comments

Burmese Online News