တာချီလိတ်မြို့တွင် နေ့ခင်းကြောင်တောင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံမှုဖြစ်ပွား

တာချီလိတ်မြို့နယ် ထွန်းအောင်လမ်းအတွင်း အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရမှု ဖေဖော်ဝါရီ ၁၃ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Image result for တာချီလိတ်

ဖေဖော်ဝါရီလ ၁၃ ရက်နေ့လယ် ၁၂ နာရီခန့်က ကားပေါ်တက်ရန် လမ်းလျောက်လာသူတစ်ဦးကို ကားအနက်တစ်စီးဖြင့် လာ ရောက်ကာ ၆ ချက်ခန့် ပစ်ခတ်ပြီး ထွက်ပြေးသွားကြောင်း တာချီလိတ်မြို့နယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးခင်မောင်တင့်က အကုန်သိ သတင်းဌာနသို့ ပြောသည်။

“ ဒီကနေ့ နေ့လယ် ၁၂ နာရီလောက်က ဖြစ်ပွားခဲ့တာပါ။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ဆက်လက်စုံစမ်းနေပါတယ်” ဟု တာချီလိတ်မြို့နယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောသည်။ပစ်ခံရသူမှာ အသက် ၄၂ နှစ်အရွယ် လီထိုက်ယုံဆိုသူဖြစ်ပြီး တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး လက်ရှိအချိန် ၌ သေဆုံးသွားကြောင်းသိရသည်။ပစ်ခတ်ခံရသူ စီးနှင်းလာသည့် ကား၏ရှေ့လေကာမှန်တွင် (၁)ချက်၊ ညာဘက်တံခါးတွင် (၃) ချက်၊ တံခါးမှန်တွင် (၂) ချက် ကျည်ဖောက်ဝင်ထားသည်ကို တွေ့ရကြောင်းလည်း သိရသည်။

အကုန်သိ

Facebook Comments

Burmese Online News