လူအင်အားသုံး၍ အာဏာမဲ့ပြည်သူပိုင်ခြံဝင်းကို အဓမ္မသိမ်းပိုက်သည်ဆိုသော အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို နိုင်လွတ်လုံဖြင့် အမှုဖွင့်

လူအင်အားသုံး၍ အာဏာမဲ့ပြည်သူပိုင်ခြံဝင်းကို အဓမ္မသိမ်းပိုက်သည်ဆိုသော အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ (၁၇)ဦးတို့ကို နိုင်လွတ်လုံဖြင့် အမှုဖွင့်လိုက်သည့် ဖြစ်စဉ်တစ်ခု အင်းတော်မြို့နယ်၌ဖြစ်ပွားကြောင်း သတင်းရရှိသည်။

Image may contain: one or more people, people standing, tree, plant, grass, outdoor and nature

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးမြို့၊ မင်းချမ်းသာရပ်ကွက်၊ ကွင်းအမှတ်(၅၄၆)ရှိ ကရင်ကွင်း၊ ဦးပိုင်အမှတ်(၂)ရှိ၊ အရှေ့လားသော်မြအောင်မြေကွက်၊ အနောက်လားသော်စိုက်ပျိုးရေးဂိုထောင်၊ တောင်လားသော်အောင်ဝင်းမြေကွက်၊ မြောက်လားသော် ဟဲနုစာသင်ကျောင်း အနားလေးရပ်အတွင်းရှိ အကျယ်(၂)ဧကရှိသော မြေကွက်မှာ ၁၉၈၉ ခုနှစ်ကတည်းမှစ၍ တရားလိုဒေါ်ခင်စန်းရွှေ(၅၇)နှစ်မှ ၀ယ်ယူပိုင်ဆိုင်ထားကြောင်း မှတ်တမ်းအရ သိရသည်။

Image may contain: one or more people, people standing, people walking, crowd and outdoor

ယင်းမြေကွက်ကို သွပ်မိုး/ကာ နေအိမ်ဆောက်လုပ်အသုံးပြု၍ တရားလိုဒေါ်ခင်စန်းရွှေက ၀င်းခြံစည်းရိုးခတ်ထားခဲ့ရာတွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်တွင်၎င်း ၊ ၂၀၂၀ ခုနှစ်၊ ဇန်န၀ါရီလ ၁၀ ရက်နှင့် ၁၈ ရက် နေ့ရက်တို့၌၎င်း အဆိုပါမြေကွက်မှဖယ်ရှာပေးရန် မော်လူးမြို့၊ မင်းချမ်းသာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ကျော်မှစာဖြင့် တရားလိုထံ ၃ ကြိမ်တိုင်တိုင် အကြောင်းကြားစာပေးပို့ခဲ့သည်ဟု တိုင်ကြားချက်အရ သိရသည်။

Image may contain: one or more people, people standing, outdoor and nature

ထိုသို့အုပ်ချုပ်ရေးမှူး ဦးမြင့်ကျော်မှစာဖြင့် ဖယ်ရှားပေးရန် ၃ ကြိမ်ပေးပို့ထားပြီးနောက် ဖေဖော်ဝါရီလ ၆ ရက်တွင် အင်းတော်မြို့နယ်အုပ်ချုပ်ရေးမှူးဦးသိန်းတန်မှ မြေယာသိမ်းဆည်းအမိန့်ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်မညီမော်လူးမြို့နေ အုပ်ချုပ်ရေးမှူးအဖွဲ့ကိုစည်းရုံးမြှောက်ပင့်ကာ တရားလိုပိုင်လက်ရှိမြေကွက်ခြံဝင်းကို လူအင်အား(၁၅)ဦးခန့်ဖြင့် အတင်းအဓမ္မ၀င်ရောက်ဖျက်ဆီးသိမ်းပိုက်ခဲ့ကြောင်း တိုင်ကြားစာအရ သိရသည်။

Image may contain: one or more people, people standing, grass, tree, outdoor and nature

ယင်းအတွက်ကြောင့် လုပ်ထုံးလုပ်နည်းနှင့်မညီအာဏာမဲ့ပြည်သူအပေါ် ဥပဒေမဲ့အဓမ္မအနိုင်အထက်ပြုကျင့်ကာ လူအင်အားဖြင့် တရားလိုပိုင်ဝင်းမြေကို သိမ်းဆည်းခဲ့သော အင်းတော်မြို့နယ်အုပ်ချုပ်ရေးမှူးဦးသိန်းတန်နှင့်အဖွဲ့ကို အရေးယူပေးရန် ဖေဖော်ဝါရီလ ၁၁ ရက်၌ ဒေါ်ခင်စန်းရွှေ(၅၇)နှစ်က တရားလိုပြုလုပ်တိုင်တန်းခဲ့သည်။

Image may contain: one or more people, people standing, outdoor and nature

တိုင်ကြားချက်ကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးဦးသိန်းတန်နှင့် မင်းချမ်းသာရပ်ကွက်အုပ်ချုပ်ရေးမှူးဦးမြင့်ကျော်ပါ စုစုပေါင်း(၁၇)ဦးတို့ကို (ပ)၉/၂၀၂၀၊ လူပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကာကွယ်ရေးဥပဒေပုဒ်မ – ၁၀ ဖြင့် အင်းတော်မြို့နယ်၊ မော်လူးနယ်မြေရဲစခန်း၌ အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Image may contain: 2 people, people standing, outdoor and nature

အကုန်သိ

Facebook Comments

Burmese Online News