ကျမက လေယာဉ်မှုးကြီး ဦးခုပ်ခန့်မုံရဲ့ဇနီးပါ 👇👇👇 ရေးသင့်တဲ့အချိန်ရောက်ပြီမို့ အသိအမှတ်ပြုပေးကြသူအားလုံးကို လေးစားစွာဖြင့်ရေးပါတယ်

ကျမကလေယာဉ်မှုးကြီးဦးခုပ်ခန့်မုံရဲ့ဇနီးပါ 👇👇👇 ရေးသင့်တဲ့အချိန်ရောက်ပြီမို့ အသိအမှတ်ပြုပေးကြသူအားလုံးကို လေးစားစွာဖြင့်ရေးပါတယ်။ နောက်တခုကနိုင်ငံခြားရောက်နေတဲ့မိဘလိုဖြစ်နေတဲ့ဆွေမျိုးစုဝင်တွေရဲ့သတင်းအမှားတွေကိုအမှန်သိစေခြင်ပါတယ်။ ဖေဖော်ဝါရီ လ ၁ ရက်နေ့မတိုင်ခင် တရက်ကြိုစောပြီး ဝူဟန်မှကျောင်းသားတွေသွားခေါ်ရမည် ၂ ပါတ်စာပြင်ပေးထားပါလို့ဆိုတာနဲ့ကျမနဲ့ကျမသမီးတို့suitcaseကိုထည့်စရာရှိတာထည့်ကြပါတယ် ဒီတခါတော့ အရင်ခရီးထွက်တာလိုမဟုတ်ပဲ တအိမ်လုံးစိတ်နေစိတ်ထားကစပြင်ကြရတာပါ

Image may contain: people sitting

တအိမ်လုံး စ ပြောဖြစ်တာက Virus အကြောင်း ကျမသားအကြီးဆုံးကဆရာဝန်ပါ သူက အခြားvirusတွေလို၂ပါတ်မြောက်ထိဂရုစိုက်ဖို့ လိုအပ်သန့်စင်ဆေးရည်vitamin cစတဲ့လိုအပ်တာတွေဝယ် မှာစရာရှိတာမှာပါတယ် ဝူဟန်ရောက်ကျောင်းသားတွေအတွက် တနည်းလက်ခံထားတဲ့ နိုင်ငံခြားမှာ ကျောင်းသား တွေအတွက် Saveဖြစ်နိုင်မည့် သံ ရုံးအစီအမံ ကျောင်းသားရေးရာစောင့်ရှောက်မူ့စသည်တို့ကိုလဲ ဆွေးနွေးဖြစ်ပါတယ် သွားခေါ်ဖို့နက်ဖြန်ခါနေ့လည် အတိအကျပြောရရင် ဖေဖော်ဝါရီ လတရက်နေ့နေ့လည်မှာ အစီအစဉ်ပြောင်းသွားပြီ ရန်ကုန်မြို့ ကိုလေယာဉ်ပြန်လာရမည်ဆိုတာပါပဲ

အဲ့တော့တအိမ်လုံး Home quarantine လုပ်ရမည်ဆိုတာနဲ့တပြိုင်နက်တည်း ကျမခင်ပွန်းအတွက်အခန်းကိုပြင်ရပါတယ် သူအိပ်နေကြအခန်းကိုပိုးသတ်ရပါတယ် လိုအပ်မည့် အဖျားတိုင်းတံကအစ Mask အဆုံးပြင်ဆင်ထားပေးပါတယ် ၃ပေအကွာကစကားပြောဖို့ အားလုံးလိုက်နာရပါတယ် ထမင်းဟင်းအခန်း ဝကလှမ်းပေးရပါတယ် အစစ သားကြီးရဲ့ညွှန်ကြားချက်အတိုင်းပါ လေယာဉ်ပေါ်အဝတ်အစားအားလုံး Shoe ကအစအားလုံး ပြန်လာကတည်းကမီးရှု့်ဖျက်ဆီးပြီးပါပြီ

Image may contain: one or more people, people standing and indoor

ကျမတို့အိမ်ပြန်ရောက်တဲ့အခါ အခြားအဝတ်အစားတွေကို ပိုးသတ်ရပါတယ် ခုချိန်ထိ အဖျားနေ့စဉ်သုံးကြိမ်တိုင်းပါတယ် သူ့ဖာသာတိုင်းပါတယ် ကျမတို့က အစားအဟာရပြည့်စုံဖို့ အိပ်ရေး ဝဖို့ လမ်းလျောက်ဖို့ ဝမ်းမချုပ်ဖို့ဂရုစိုက်ပေးရပါတယ် ကျန်းကျန်းမာမာပါပဲ လေယာဉ်ရဲ့နောက်ခန်းမှာဝူဟန်ကျောင်းသား ၆၃ ဦးမှာ ၅၉ ဦးသာပါလာပါတယ် ကျန် ၄ ဦးက အပူချိန်တက်နေတာနဲ့ Chinaတာဝန်ရှိသူများက ၂ကြိမ်စက်ကိုဖြတ်စေသော်လည်း Passမဖြစ်တာနဲ့
ကျန်ခဲ့ရရှာပါတယ် အလွန်စိတ်ထိခိုက်ရပါတယ်

Image may contain: 4 people, people standing and beard

လေယာဉ်နောက်ခန်းမှာကျောင်းသူ ကျောင်းသားတွေနဲ့တိုက်ရိုက်ထိတွေ့ရတဲ့ အင်ဂျင်နီယာဦးအောင်ဇင် လေယာဉ်မောင်ချုပ် ဦးသန်းကျော်ဌေး အင်္ကြးတန်းလေယာဉ်မောင် ကိုဝလာဝင့် အကြီးတန်းလေယာဉ်မောင် ကိုရဲမြတ်အောင် နင့်လေယာဉ်မောင်ကိုအာကာလင်းတို့အားလုံး၅ဦးက ဝေဘာဂီဆေးရုံမှာ Hospital Quarantine ပါ အဝေးရောက်အမျိုးတို့ကြားသလို သတင်းအမှန်မဟုတ်ပါဘူး ဆေးရုံမှာကျန်းကျန်းမာမာရှိပါတယ် ကျမ ပုံလေးတွေတင်ပေးပါ့မယ်

Image may contain: 2 people, indoor

ပထမဦးဆုံး အသိအမှတ်ပြု အားပေးသူက မန်းကပါ ဒေါ်နန်းသန်းသန်းထွေးထင်ပါတယ် နောက် သံလွင်ကိုယ်ပိုင်အထက်တန်းကျောင်းကကျောင်းသားကျောင်းသူများ Onlineပေါ်ကအသိအမှတ်ပြုသူများ မိတ်ဆွေများ ကိုယ်ချစ်ရတဲ့ မေတ္တာပို့သူအားလူံး Regardless of races and religious ပါ ကျေးဇူးတင်ပါတယ် အထူးကိုကျေးဇူးတင်ပါတယ် အသိအမှတ်ပြုသူတိုင်းက နှလုံးသားကလာတဲ့ ကိုယ်ချင်းစာစိတ်ကြောင့်ပါ

Image may contain: one or more people, people standing and indoor

ကိုယ်တိုင် အားပေးခြင်ကြရင်ကျမ ဖုံးနံပါတ် တောင်းပေးပါ့မယ် သတင်းအမှားသာဖြစ်ပါတယ် အားလုံးကျန်းကျန်းမာမာရှိကြောင်းပါရှင် ၁၁ .၂.၂၀၂၀ ည ၂နာရီ ၁၅မိနစ်

Thida Tun

Facebook Comments

Burmese Online News