အဖွားနာမည်က ဒေါ်တင်တင်လှတဲ့ ရဲမှူးကတော်ကြီးပေါ့ ကတော်ပီပီ ရုပ်ချော အပြောကောင်း ပေါင်းတတ်သင်းတတ် ပြည်မြို့လယ်မှာ တိုက်ကြီးနှစ်လုံးတောင် ပိုင်တာရယ်….

အဖွား နာမည်က ဒေါ်တင်တင်လှ တဲ့…ရဲမှူးကတော်ကြီးပေါ့…ကတော်ပီပီ ရုပ်ချော အပြောကောင်း ပေါင်းတတ်သင်းတတ်… ပြည်မြို့လယ်မှာ တိုက်ကြီး နှစ်လုံးတောင် ပိုင်တာရယ်…. သားသမီးမထွန်းကားခဲ့တော့ အဖွားအမျိုးသား ရဲမှူးကြီးဆုံးတော့ အဖွားက တူတွေ၊ တူမတွေနဲ့နေတာရယ်…ဒီလိုနဲ့ အဖွား ချော်လဲ ပေါင်ကျိုးတော့ အဖွားရဲ့ တူတွေ တူမတွေက အဖွားကို အခန်းတစ်ခုထဲ ထည့်ထားပြီး ထမင်းတောင် အဝကနေ ခွက်ခေါက်ကျွေးတာရယ်…အဲ့လောက်ထိတော်တာ…

Image may contain: 1 person, smiling

ဒီလိုနဲ့ ပုံ့တို့နဲ့ အဖွား ရေစက်စဆုံခဲ့ကြတာက ၂၀၁၆ ခုနှစ်…ပုံ့ ခိုကိုးရာမဲ့ အဘိုးအဖွားတွေကို အိမ်လေးငှားပြီး စောင့်ရှောက်မယ်လို့ fb တင်ရုံရှိသေး အဖွားတူမတွေက ပုံ့ကို ဆက်သွယ်လာတယ် ပို့ချင်လို့ပါပေါ့…ပုံ့ကလဲ အိမ်မငှားရသေးတော့ ခဏစောင့်ပါပေါ့…ဒါနဲ့ ခဏစောင့်ကြတယ်… အိမ်ငှားပြီးပြီဆိုတဲ့ ပိုစ့်တင်ရုံရှိသေး ပို့တော့မယ် လုပ်တယ်…အိမ်မှာ နေဖို့ ထိုင်ဖို့ ဘာမှ အဆင်မပြေသေးလို့ အလှုခံရအုံးမယ် ခဏတော့ ထပ်စောင့်ပါအုံး ဆိုပေမဲ့……ပုံ့တို့ ရန်ကုန်တက်ပြီး သူတောင်းစားလို အလှုခံနေတဲ့အချိန် အဖွားရဲ့ တူတွေ၊ တူမတွေက ခိုလှုံရာကို ဇွတ်လာပို့ကြတယ်…တိုက်ကြီးနှစ်လုံးတော့ ဘယ်ရောက်တယ် မသိပေါ့…အဖွားကို ခြေထောက်ဆေးရုံပြပေးမယ်လို့ ညာခေါ်လာပြီး ပုံ့တို့ဆီ လာပစ်သွားကြတာပါ…သူတို့ ထွက်သွားပြီး တရက် နှစ်ရက်လောက်တော့ ဆေးရုံပြဖို့ ပြန်လာခေါ်မယ် အထင်နဲ့ မျှော်ရှာသေးတယ်…နောက်တော့ သိပ်ပါးနပ်တဲ့ အဖွားဟာ ရောက်တဲ့နေရာမှာ ပျော်အောင် နေရှာတော့တယ်…

Image may contain: 1 person

ပုံ့တို့ကိုဘဲ သူ့မြေးတွေ အမှတ်နဲ့ နေရှာတယ်…ရိပ်သာလေး စချိန်မို့ ဝန်ထမ်းလဲ မငှားနိုင်ချိန် အဖွားကို ပုံ့တို့ ကိုယ်တိုင်ပြုစုတယ်…သိပ် စိတ်မာတဲ့အဖွား၊ သိပ်ပျော်တတ်တဲ့အဖွား၊ သိပ်အလိုက်သိတဲ့အဖွား နေတတ်အောင်နေတယ်…လာသမျှ အလှုရှင် အပြုံးတွေ ရီစရာတွေ ပြောပြီး ဒိုင်ခံ ဧည့်ခံတယ်…လာသမျှလူ အဖွားကို မချစ်သူ မရှိဘူးရယ်….ဒီလိုနဲ့ သူ့နောက်မှ ရောက်တဲ့သူ၊ သူ့ထက်ငယ်တဲ့သူတွေသာ သေသွားကြတယ်…အဖွားကတော့ ခိုလှုံရာ ဘိုးဘွားရိပ်သာရယ်လို့ ဖြစ်လာပြီး လူပေါင်း ရာချီ စောင့်ရှောက်နိုင်တဲ့အထိ ပုံ့တို့နဲ့အတူ အကောင်းအဆိုးတွေ အတူတူခံစားရင် ဒီနေ့ထိ နေခဲ့တယ်….အဖွားကလေ သူ့မှာ ရည်းစား ၁၆ ယောက်ရှိကြောင်း၊ တစ်ယောက်ထဲဘဲ သူယူခဲ့ကြောင်း စတဲ့ ငယ်ဘဝတွေ သိပ်ပြောတတ်တာ…အလှုအတန်းလဲ ရက်ရော၊ အသန့်အပြန့်၊ အလှအပကလဲ သိပ်ကြိုက်တတ်တာ၊ သူနေမကောင်းမှာစိုးလို့ ဝန်ထမ်းတွေက ရေချိုးမပေးရင် ပုံ့ပုံ့နဲ့ ဥာဏ်ဥာဏ်နဲ့ ပြန်တိုင်မှာဆိုပြီး သိပ်ခြိမ်းခြောက်တာ…..

Image may contain: flower, house and outdoor

Image may contain: 5 people, people standing

ပုံ့တို့ကို မတွေ့ရင် မေးနေရော၊ အဝေးက မမအိဆိုရင်လဲ မမအိမလာဘူးလား မျှော်နေတာဆို မေးနေရော၊ သူနဲ့ မတော်တဲ့အဝတ်တွေ၊ သူမကြိုက်တဲ့ မုန့်လေးတွေဆို ပုံ့ပုံ့ဖို့ဆို ပေးရှာတယ်…သူ ငှက်ပျောကြော်စားချင်ရင်လဲ အမြဲပူဆာတတ်တာရယ်….ခုတော့ အဲ့လို ဆိုးမယ့် နွဲ့မယ့် ဧည့်ခံတတ်တဲ့ အဖွားမရှိတော့ပါဘူး…လွန် ခဲ့တဲ့ ၄ ရက်လောက်က ကြပ်လို့ ညတွင်းချင်းဆေးရုံတင်လိုက်ရတယ်…အဲ့နေ့ကစလို့ အောက်ဆီဂျင်နဲ့ဘဲ မသေရုံနေရရှာတယ်…

Image may contain: 2 people, people smiling, closeup

Image may contain: 2 people, people sitting and indoor

ပုံ့တို့ ဆေးရုံသွားကြည့်တော့ အဖွားက သူ မနေရတော့ဘူး ဥာဏ်ဥာဏ်ဆိုပြီး…သူပြောချင်တဲ့ နောက်ဆုံး စကားလေးတွေ ပြောရှာတယ်…သူ့လက်ကလေးနဲ့ ပုံ့လက်ကလေးကိုဆွဲ လက်အုပ်လေးချီပြီး ပုံ့ပုံ့တို့ ဥာဏ်ဥာဏ်တို့ ကျေးဇူးတွေ ကြီးလှပါတယ်တဲ့…ပုံ့လဲ ကုတင်ခြေရင်းထိုင်ချပြီးငိုတော့ ပုံ့ခေါင်းလေးကို ပွတ်ပြီး၊ ဘုရားကပေးတဲ့ သားနဲ့သမီးပါတဲ့ဆိုပြီး အဖွားလဲ ငိုရှာတယ်…ပုံ့ပုံ့တို့ ဥာဏ်ဥာဏ်တို့ကို ချစ်ပါတယ်တဲ့…အဖွား စရောက်ချိန်ကစပြီး ခုချိန်ထိ ပုံ့ပုံ့တို့ကို မကောင်းတခါမှ အပြစ်မပြောဖူးဘူးတဲ့…ခုလဲ သူပြန်လိုက်ပါရစေ ပုံ့ပုံ့တို့နဲ့ ပြန်နေချင်တယ်တဲ့…

Image may contain: one or more people and outdoor

Image may contain: 3 people, people sitting

အဲ့ည အဖွားကို တညလုံးစောင့်ကြတယ်…အဖွားတတွတ်တွတ်ပြောနေတာက အဖွားကို ပုံ့တို့နဲ့အတူ ခိုလှုံရာကို ပြန်ခေါ်သွားပါ…မထားခဲ့နဲ့နော်တဲ့…ပုံ့တို့ ဒီနေ့ Special Nurse တယောက်ငှားပြီး ဆေးရုံက တောင်းဆင်းခဲ့တယ်…ခိုလှုံရာလဲ ရောက်ရော စိတ်လျော့လိုက်တယ်ထင်ပါတယ်…၂ နာရီလောက်ပဲနေပြီး ဆုံးပါးသွားရှာတယ်…ညင်ညင်သာသာ တိုးတိုး တိတ်တိတ်လေးပါဘဲ…

Image may contain: 1 person

Image may contain: 1 person, eating, sitting, food and indoor

အဖွားကို ရေမိုးချိုး၊ ပုံ့ကိုယ်တိုင် ပုံ့လိမ်းသလို သနပ်ခါးတွေလူးပေး၊ ပုံ့ စိုက်တဲ့ အပင်က ပန်းလေးတွေ ပန်ပေးပြီး ပြင်ပေးဖြစ်တယ်…အဖွားသေဆုံးချိန်ကစပြီး အဖွားလက်ကလေးကိုကိုင်ပြီး နောက်ဆုံး မီးခိုးအဖြစ်လွင့်ပြယ်သွားချိန်အထိ ပုံ့ အဖွားရဲ့ သံသရာခရီးအတွက်ထပ်ကာ ထပ်ကာ တောင်းပေးဖြစ်တဲ့ ဆုလေးက….”…အဖွားတစ်ယောက် ဘဝဆက်တိုင်း မိကောင်းဖကောင်း၊ ဘိုးကောင်းဖွားကောင်း၊ သားကောင်းသမီးကောင်း၊ ဆွေကောင်းမျိုးကောင်းများနဲ့သာ ဆုံရပြီး ယခုလို စွန့်ပစ်ခံဘဝ ဘယ်အခါမှ မရောက်ရပါစေနဲ့….

Image may contain: 1 person, smiling

Image may contain: 1 person

Image may contain: one or more people

သံသရာအဆက်ဆက် စိတ်ရှိတိုင်း ပေးလှုနိုင်သူဖြစ်ရပါစေ…သံသရာမှာ ပုံ့တို့ ပြန်ဆုံခဲ့ရင် ကျေးဇူးခံ ကျေးဇူးစားအဖြစ် မဆုံဘဲ…ရေစက်ကြောင့်သာ ဆုံရပြီး သာသနာ အတူပြုကြတဲ့ မိတ်ဆွေကောင်းတွေအဖြစ် ပြန်ဆုံပါရစေ….”နောက်ဆို ခိုလှုံရာကို လာလှုရင် အပြုံးလေးနဲ့ ရီစရာတွေ ပြောပြီးနှုတ်ဆက်မယ့်အဖွား မရှိတော့ဘူး…အလွမ်းပြေသွားကြည့်ဖို့ အုတ်ဂူလေးတော့လုပ်ထားတယ်…ပုံ့ ပြုသမျှ အမျှ…အမျှ…အမျှ ပါ အဖွားရေ…

Image may contain: 2 people, people smiling, tree, outdoor and nature

Image may contain: 1 person, smiling

Image may contain: indoor

ဒေါ်တင်တင်လှ (၉၉) နှစ် 13.2.2020၊ ကြာသပတေးနေ့၊ ညနေ ၄:၂၀ တွင် ကွယ်လွန်သည်….

Image may contain: 2 people, people sitting

From Thin Shwe Sin Hlaing FB

Facebook Comments

Burmese Online News