သေဆုံးသွားတဲ့အခါ အသုံးမဝင်တော့တဲ့ သူမရဲ့ ခန္ဓာကိုယ်ကို သွားရောက်လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ

Last modified date

သရုပ်ဆောင် ခိုင်နှင်းဝေက သေဆုံးသွားတဲ့အခါ ဘယ်နေရာမှာမှ အသုံးမဝင်တော့တဲ့ ခန္ဓာကိုယ်ကို အသုံးချလို့ရတဲ့နေရာမှာ လှူဒါန်းခဲ့ပါတယ်။

Image may contain: 1 person, sitting

Image may contain: 4 people, people sitting and indoor

Image may contain: 4 people, people sitting, table and indoor

ချစ်သူများနေ့လေးမှာ တကယ်ကိုမွန်မြတ်လှတဲ့အလှူအတန်းလေးပြုလုပ်ခဲ့တာပါ။ ဒါတွေကိုလည်း သူမရဲ့ ချစ်ရသူက တိုက်တွန်းပေးခဲ့တာလို့ ဆိုပါတယ်။ ခိုင်နှင်းဝေဟာ လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်တိုက်လုပ်လာခဲ့ပြီး ချို့တဲ့နေတဲ့ မိသားစုဘဝလေးတွေကိုလည်း တစ်ဖက်တစ်လှမ်းကနေ အထောက်အပံ့တွေပေးနေတာဖြစ်ပါတယ်။

Image may contain: 3 people, people sitting

Image may contain: 8 people, people standing and indoor

Image may contain: 3 people, people standing and indoor

ယခုဆိုရင် ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာကို တည်ထောင်ထားပြီး စွန့်ပစ်ကလေးငယ် မိဘမဲ့ကလေးငယ်တွေကို မိဘအရင်းသဖွယ် ရင်နှင့်အမျှ မေတ္တာတွေအပြည့်အဝပေးနေတာဖြစ်ပါတယ်။ အနုပညာရှင်တွေနဲ့ ပရိသတ်တွေကလည်း သူမရဲ့ ဂေဟာကြီးဆက်လက်တည်မြဲနေစေဖို့အတွက် လှူဒါန်းမှုတွေပြုလုပ်ကြပါတယ်။

Image may contain: one or more people and people standing

Image may contain: 2 people, people sitting

Image may contain: 1 person, eating, sitting and food

ခိုင်နှင်းဝေက ဒီနေ့လို ချစ်သူများနေ့မှာ သေဆုံးသွားတဲ့အခါ အသုံးမဝင်တော့တဲ့ သူမရဲ့ ခန္ဓာကိုယ်ကို အသုံးဝင်တဲ့နေရာမှာအသုံးချစေဖို့အတွက် ဆေးတက္ကသိုလ်မှာသွားရောက်လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် ချစ်သူများနေ့ဖြစ်တဲ့အတွက် ကလေးအယောက် ၁၉၈ ယောက်ကိုလည်း ချောကလက်လေးတွေ ကျွေးပြီးအလှူလုပ်ခဲ့သေးတဲ့အကြောင်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်ကနေ ယခုလိုပဲ မျှဝေလာပါတယ်။

Image may contain: 4 people, people standing

Image may contain: 6 people, people standing and people sitting

Image may contain: 3 people, people eating

“၁၄,၂,၂၀၂၀ မှာ ပထမဦးစွာ ကျမရဲ့ ခန္ဓာကိုယ် ကို လှူဒါန်းခြင်းဖြစ်ပါတယ်..ခန္ဓာကိုယ်သွားလှူတဲ့အခါ မိမိသေပြီးတဲ့အခါ အသုံးမဝင်တော့တဲ့ ဒီခန္ဓာကိုယ်ကြီးကို အများအကျိုးအတွက် ဆေးပညာအထောက်အကူဖြစ်ဖို့..ကိုယ့်နိုင်ငံဆေးပညာတိုးတက်ဖို့အတွက် ပညာဒါနလဲမြောက်အောင် နှင့် မိမိ မှာ ငွေကြေးမှမဟုတ်ဘူး ကိုယ့်ရဲ့ သွေး.ခန္ဓာ. မျက်ကြည်လွှာ. လှူလို့ရတာ အကုန်လှူပြီး ကုသိုလ်ယူချင်လို့ လှူခြင်းဖြစ်ပါတယ်.ဒုတိယ အလှူကတော့ မျက်မမြင်ကလေးများ ၁၉၈ ယောက်ကို VD ချော့ကလက်လေးတွေပေးရင်း. ရေဗူးလေးများဝေခဲ့ပါတယ်..မျက်မမြင်ကလေးများအတွက် အသံဒါန ကုသိုလ်ယူခဲ့ပါတယ်..ဒါကတော့ မျက်မမြင်ကလေးများ စာမဖတ်နိုင် မမြင်ရတဲ့အတွက် စာဖတ်ပြရင်း ကုသိုလ်ယူခဲ့ပါတယ်. ဒီနေ့လေးကို ထူးထူးခြားခြား ကုသိုလ်လေးတွေနဲ့ ဖြတ်သန်းဖို့ ဘေးကတိုက်တွန်းပေးနေတဲ့ သူ့ ကိုလဲကျေးဇူးတင်ပါတယ်”

Image may contain: 3 people, people standing, child and outdoor

Image may contain: 2 people, people standing and child

Image may contain: 3 people, people standing

တကယ်ကိုမွန်မြတ်လှတဲ့အလှူအတန်းတွေ ပြုလုပ်နေတဲ့ ခိုင်နှင်းဝေသာမက ဒီလိုအလှူတွေကိုပြုလုပ်ဖို့ ဘေးကတိုက်တွန်းပေးနေတဲ့သူပါမကျန် ကုသိုလ်ထူးတွေ ရရှိပြီးတော့ လျှောက်ရမယ့်အနာဂတ်လမ်းခရီး ပိုမိုဖြောင့်ဖြူးသာယာနိုင်ပါစေလို့ ပရိသတ်ကြီးနဲ့အတူ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

Image may contain: 1 person

Image may contain: 1 person, sitting

Cele Star

Facebook Comments

Burmese Online News