ဝူဟန်ဗိုင်းရပ်စ် စောင့်ကြည့်ခံရသူများကို လုပ်ငန်းခွင် ခွင့်နှင့် လိုအပ်သည့် အထောက်အပံ့များ စီစဉ်ပေးရန် ကျန်းမာရေး အမြဲတမ်း အတွင်းဝန်ပြောကြား

ဝူဟန် ဗိုင်းရပစ် သံသယရှိ၍ စောင့်ကြပ်ကြည့်ရှုခြင်းခံရမည့် သူများကို လုပ်ငန်းခွင် ခွင့်သက်မှတ်ခြင်းအပါအ၀င် လိုအပ်သည့် အထောက်အပံ့များရရှိစေရေး စီစဉ်ပေးရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ သက်ခိုင် ၀င်းက ပြောသည်။ နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ရုံးအမှတ် ၄ တွင် ဖေဖေါ်ဝါရီ ၁၃ ရက်က ကျင်းပသည့် ကိုရိုနာဗိုင်းရပ် (စ်)ကြောင့် ဖြစ်ပွားသည့် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟို အဆင့် ညှိနှိုင်းအစည်းအဝေးတွင် အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

“အသွားအလာ တားမြစ်ပိတ်ပင်ခြင်း၊ ကန့်သတ်ခြင်းမှာ ပါဝင်တဲ့သူများအတွက် လုပ်ငန်းခွင် ခွင့်သက်မှတ်ခြင်း အပါအ၀င် လို အပ်တဲ့ ထောက်ပံ့မှုများရရှိစေရေး စီစဉ်ထားရန်လိုအပ်ပါတယ်” ဟု ၄င်းက ပြောသည်။ ဖေဖေါ်ဝါရီလတွင်း စင်ကာပူနိုင်ငံမှ အလုပ်လုပ်၍ ပြန်ရောက်လာသော အသက် ၂၉ အရွယ်ရှိ တောင်ဒဂုံမြို့နယ်မှ အမျိုးသမီး တစ်ဦးအား ကိုရိုလာဗိုင်းရပ်စ် သံသယကြောင့် ဝေဘာဂီအထူးကုဆေးရုံသို့ ခေါ်ဆောင်ကာ ၁၄ ရက်စောင့်ကြည့်ပြေီး ၎င်းနှင့် အတူနေထိုင်သူ ၁၂ ဦးကိုလည်း နေအိမ်တွင် စောင့်ကြည့်နေကြောင်း သိရသည်။ တရုတ်နိုင်ငံ ၀ူဟန်မြို့က စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်(စ်)ပိုးကြောင့် သေဆုံးသူ ၁၃၀၀ ကျော်ရှိပြီး ကူးစက်ခံရသူပေါင်း ၆၀၀၀၀ နီးပါးရှိသွားပြီဖြစ်ကြောင်း သိရသည်။

#အကုန်သိ

Facebook Comments

Burmese Online News