မန္တလေး ကန်တော်နဒီဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်စစ်ဆေးမှု ခံယူနေသည့် တရုတ် နိုင်ငံ ဝူဟန်မြို့ မှ မြန်မာကျောင်းသား ၅၉ ဦးလုံး သံသယဖြစ်ဖွယ် မတွေ့ရှိရသဖြင့် အိမ်ပြန်ခွင့်ရရှိ

မန္တလေးကန်တော်နဒီဆေးရုံတွင် စောင့်ကြည့်စစ်ဆေးမှုခံယူနေသည့် တရုတ် နိုင်ငံ ဝူဟန်မြို့ မှ မြန်မာကျောင်းသား ၅၉ ဦးလုံး သံသယဖြစ်ဖွယ် မတွေ့ရှိရသဖြင့် ဖေဖော်ဝါရီ ၁၆ ရက်တွင် အိမ်ပြန်ခွင့်ရရှိမည်ဖြစ်ကြောင်း နိုဘယ်လ် ကိုရိုနာ ဗိုင်းရပ်စ်နှင့်ပတ်သက်၍ စမ်းသပ်ရှာဖွေရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ Surveillance and Respond Team မှ (SRT) ဥက္ကဋ္ဌ ဒေါက်တာရဲလွင်က ပြောကြားခဲ့သည်။ ” အားလုံးကောင်းတယ်။ ခုချိန်ထိသံသယဖြစ်စရာလုံးဝမရှိဘူး။ ခု ည ရနာရီခွဲ အပူချိန် နောက်ဆုံးတိုင်းတာပြီးရင် အားလုံးပြီးပါပြီ။ အားလုံးပြန်လို့ရပြီလို့ပြောလို့ရပါတယ်။ မနက်ဖြန် ကျောင်းသားတွေကို နှုတ်ဆက်ပွဲလေး လုပ်ပေးဖြစ်မယ်။အားလုံး စိတ်ချစွာ ပြန်လို့ရပါပြီ”ဟု မြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု စတင်ဖြစ်ပွားခဲ့သည့် တရုတ်နိုင်ငံ ဝူဟန်မြို့ရှိ မြန်မာကျောင်းသားများ၆၃ဦးအနက် ၅၉ ဦးသည် အထူးလေယာဉ်ဖြင့် မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိလာပြီး ၄ ဦးမှာ ကိုယ်အပူချိန်မြင့်သဖြင့် ကျန်ရှိနေခဲ့ခြင်းဖြစ်ပြီး အဆိုပါကျန်ရှိနေခဲ့သူများမှာလည်း အခြေနေကောင်းမွန်ကာ သံသယဖြစ်ဖွယ် တွေ့ရှိရခြင်းမရှိဟု သိရသည်။ တရုတ်အစိုးရခွင့်ပြုချက်ဖြင့် ဝူဟန်မြို့ ရှိ မြန်မာကျောင်းသားများကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ရန် စီစဉ်ကာ ပေကျင်းမြို့ရှိ မြန်မာသံရုံးမှ တာဝန်ရှိသူများက ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ မြန်မာကျောင်းသား ၅၉ ဦးသည် မန္တလေး မြို့ရှိ တံတားဦးလေဆိပ်သို့ ဖေဖော်ဝါရီ ၂ ရက် နံနက် ၄ နာရီ ၂ မိနစ်တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ယင်းမှတစ်ဆင့် မန္တလေးမြို့ရှိ ကန်တော်နဒီ ဆေးရုံသို ပို့ဆောင်ကာ စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်နေခြင်းဖြစ်ရာ ဖေဖော်ဝါရီ၁၆ရက်တွင် သတ်မှတ်ကာလ ၁၄ ရက်ပြည့်ပြီဖြစ်သောကြောင့် ပြန်ခွင့်ရရှိခြင်းဖြစ်သည်။

Image result for ဝူဟန်မြို့ မှ မြန်မာကျောင်းသား ၅၉ ဦး

ယင်းဆေးရုံတွင် ပြည်တော်ပြန်လာသည့် ကျောင်းသားများအတွက် အလုံးစုံပြင်ဆင် ထားကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ တွင် ရေးသားထားသည်။ “ကျောင်းသားများမှာ ရောဂါသည်များ လုံးဝမဟုတ်ကြောင်း၊ ဝူဟန်မှာနေစဉ်ကတည်းက ကျောင်းကအဆောင်တွေမှာနေပြီး ပြင်ပနဲ့ အထိအတွေ့ လုံးဝမရှိသူတွေဖြစ်တာရယ် လွန်ခဲ့တဲ့ ၁၄ ရက်အတွင်း ဖျားနာခဲ့တာမရှိတာကြောင့် မြန်မာပြည်ကို ရောဂါတွေ ပြန် သယ်လာမယ့်သူတွေမဟုတ်ဘူးဆိုတာ ကျွန် တော် ဆရာဝန်တစ်ယောက်အနေနဲ့ အပြည့်အဝ ယုံကြည်ပေမဲ့ စောင့်ကြည့်ကာလအတွင်း ဖျားနာလာရင် ပြည်သူ့ဆေးရုံကြီးရဲ့ သတ်မှတ် အခန်းကိုရွှေ့ပြီး nCoV ရောဂါဟုတ်မဟုတ် ဆက်လက်စစ်ဆေးသွားမှာပါ။ အစစအရာရာ WHO Guidelines အတိုင်း စီမံဆောင်ရွက်နေတာဖြစ်လို့ မြို့သူမြို့သားများအနေနဲ့ စိုးရိမ် မှု မလွန်ကဲဖို့ အထူးပြောကြားလိုပါတယ်” ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ၎င်း၏လူမှု ကွန်ရက်တွင် ရေးသားခဲ့သည်။

Image result for ဝူဟန်မြို့ မှ မြန်မာကျောင်းသား ၅၉ ဦး

ပြန်လည်ရောက်ရှိလာသည့် ကျောင်း သားများကို အစားအစာ ကျွေးမွေးရာတွင် တစ်ခါသုံးဘူးများ အသုံးပြုမည်ဖြစ်ကြောင်း၊ မိသားစုဝင်များ ပြင်ပလူများနှင့် အဆက်အ သွယ်မပြတ်စေရန် မိုဘိုင်ဆင်းမ်ကတ်များ ပေးထားမည်ဖြစ်ပြီး Myanmar Net ကုမ္ပဏီမှ (Frontiir Co.) က Free Wi Fi တပ်ဆင် လှူဒါန်းပေးထားကြောင်း၊ အမှိုက်များကိုလည်း PPE ဝတ်စုံအပြည့် ဝတ်ဆင်ထားသည့် သန့် ရှင်းရေးဝန်ထမ်းများက သိမ်းဆည်းမည်ဖြစ်သကဲ့သို့ သီးသန့် အမှိုက်သိမ်းယာဉ်ဖြင့် သယ်ဆောင်ကာ မီးရှို့ဖျက်ဆီးမည်ဖြစ်ကြောင်း ဒေါက်တာရဲလွင်က ဆက်လက်ရေးသားထားသည်။ အဆိုပါကျောင်းသားများမှာ ကိုရိုနာ ဗိုင်းရပ်စ်စတင်ဖြစ်ပွားချိန်တွင် ဝူဟန်မြို့ရှိ ကျောင်းများတွင် ပိတ်မိနေခဲ့ခြင်းဖြစ်သည်။

Image result for ဝူဟန်မြို့ မှ မြန်မာကျောင်းသား ၅၉ ဦး

#Eleven

 

Facebook Comments

Burmese Online News